၁ ရာ 2:4 - Common Language Bible4 ခွန်အားကြီးသောစစ်သူရဲများ၏လေးတို့သည် ကျိုးပဲ့ကုန်လျက်၊အားအင်ချည့်နဲ့သူတို့သည် ခွန်အားကြီးမားလာကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 အ စွမ်း ကောင်း သူ တို့၏ လေး များ ကျိုး ပြတ် လျက် လဲ လွယ် သူ တို့ သည် ခွန် အား စည်း နှောင် ရ ကြ ပါ ပြီ။၊ အခန်းကိုကြည့်ပါ။Judson Bible4 သူရဲတို့ ကိုင်သောလေးများကျိုးလျက်၊ လဲတတ်သောသူတို့သည် ခွန်အားနှင့်ပြည့်စုံလျက် ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 သူရဲကောင်းတို့၏လေးသည် ကျိုးလေပြီ။ အားနည်းသောသူတို့မူကား ခွန်အားနှင့်ပတ်စည်းခြင်းကို ခံရလေပြီ။ အခန်းကိုကြည့်ပါ။ |
အကယ်၍သင်တို့သည်မိမိတို့အားတိုက်ခိုက် လျက်ရှိသည့်ဗာဗုလုန်တပ်မတော်တစ်ခုလုံး ကိုနှိမ်နင်းနိုင်၍ ဒဏ်ရာရသူများသာလျှင် မိမိတို့တဲရှင်များတွင်ကျန်ရှိတော့သည်ဟု ဆိုစေကာမူ ထိုသူတို့သည်ထ၍ဤမြို့ကို မီးရှို့ပစ်ကြလိမ့်မည်' ဟုပြောကြားလော့'' ဟုမိန့်တော်မူ၏။
သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။ သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။