Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 51:30 - Common Language Bible

30 ဗာ​ဗု​လုန်​စစ်​သည်​တပ်​သား​တို့​သည်​စစ်​မ​တိုက် ကြ​တော့​ဘဲ​မိ​မိ​တို့​ခံ​တပ်​များ​အ​တွင်း​၌​သာ လျှင်​နေ​လျက်​ရှိ​ကြ​၏။ သူ​တို့​သည်​စိတ်​ပျက် အား​လျော့​ကာ​အ​မျိုး​သ​မီး​များ​သ​ဖွယ်​ဖြစ် ကြ​လေ​ကုန်​ပြီ။ မြို့​တံ​ခါး​တို့​သည်​ကျိုး​ပေါက် ကုန်​လျက်​အိမ်​များ​သည်​လည်း​မီး​လောင်​၍​နေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

30 ဗာ ဗု လုန် သူ ရဲ ကောင်း တို့ သည်၊ ခံ တပ် များ တွင် နေ လျက်၊ ဆက် လက် မ တိုက် ဝံ့ ချေ။ အား လျော့၍ မိန်း မ သူ ရဲ ဘော ရှိ ကြ လေ စွ။ တိုက် အိမ် များ မီး လောင် လျက်၊ မင်း ထုပ် များ ကျိုး ပြတ် လျက် ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

30 ဗာ​ဗု​လုန်​စစ်​သူ​ရဲ​တို့​သည် စစ်​မ​ပြိုင်​ဘဲ ရဲ​တိုက်​များ၌​နေ​ကြ၏။ အား​လျော့၍ မိန်း​မ​ကဲ့​သို့ ဖြစ်​ကြ၏။ မြို့​သား​နေ​ရာ​တို့​ကို မီး​ရှို့၍၊ တံ​ခါး​ကျင်​တို့​ကို ချိုး​ဖဲ့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

30 ဘေဘီလုံ​စစ်သူရဲ​တို့​သည် စစ်မတိုက်​ဝံ့​တော့​ဘဲ ရဲတိုက်​များ​၌​သာ နေ​ကြ​လေ​ပြီ​။ သူ​တို့​သည် ရဲစွမ်းသတ္တိ​ကုန်ခန်း​၍ မိန်းမ​ကဲ့သို့​ဖြစ်​လေ​ပြီ​။ သူ​တို့​နေရာ​ကို မီးရှို့​ပစ်​ကြ​ပြီ​။ ကန့်လန့်ကျင်​တို့​ကို​လည်း ချိုး​ပစ်​ကြ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 51:30
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကြေး​တံ​ခါး​များ​ကို​ချိုး​၍ သံ​ကန့်​လန့်​များ​ကို​အ​ပိုင်း​ပိုင်း​ဖြတ်​တော်​မူ​၏။


ကိုယ်​တော်​သည်​သင်​၏​မြို့​တံ​ခါး​ကို​ခိုင်​ခံ့ စေ​တော်​မူ​၍ သင်​၏​မြို့​သူ​မြို့​သား​တို့​ကို​ကောင်း​ချီး​ပေး တော်​မူ​၏။


ရန်​သူ​တို့​၏​ရဲ​ရင့်​သည့်​စစ်​သည်​များ​သည် မိ​မိ​တို့​၌​ရှိ​သည့်​ပစ္စည်း​ဥစ္စာ​များ​ကို ဆုံး​ရှုံး​ရ​ကြ​လျက်​ယ​ခု​အ​ခါ သေ​ဆုံး​ကြ​လေ​ကုန်​ပြီ။ သူ​တို့​၏​စွမ်း​အား​နှင့်​ကျွမ်း​ကျင်​မှု​တို့​သည် အ​ချည်း​နှီး​သာ​ဖြစ်​ခဲ့​သည်။


အီ​ဂျစ်​အ​မျိုး​သား​တို့​သည်​မိန်း​မ​ကဲ့​သို့ သ​ဝန်​ကြောင်​ကြ​မည့်​အ​ချိန်​ကာ​လ ကျ​ရောက် လာ​လိမ့်​မည်။ အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား သည်​သူ​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​တော်​မူ​ရန် လက်​တော်​ကို​ချိန်​ရွယ်​လျက်​ထား​တော်​မူ သည်​ကို​တွေ့​မြင်​ကြ​သော​အ​ခါ၊ သူ​တို့ သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​လိမ့်​မည်။-


``သူ​တို့​သည်​ဖွဲ​ကဲ့​သို့​ဖြစ်​၍​မီး​သည်​သူ​တို့​အား ကျွမ်း​လောင်​စေ​လိမ့်​မည်။ သူ​တို့​သည်​မိ​မိ​တို့​ကိုယ်​ကို​ပင်​ကယ်​နိုင် ကြ​လိမ့်​မည်​မ​ဟုတ်။ မီး​လျှံ​များ​သည်​ပူ​နွေး​ရန်​လှုံ​သည့်​မီး​မျိုး မ​ဟုတ်​ဘဲ၊ သူ​တို့​အ​တွက်​အ​ပူ​လွန်​၍​နေ​လိမ့်​မည်။


မြို့​များ၊ ခံ​တပ်​များ​သည်​အ​သိမ်း​ခံ​ရ​ကြ လိမ့်​မည်။ ထို​နေ့​၌​မော​ဘ​စစ်​သည်​တော်​တို့ သည်​သား​ဖွား​ဝေ​ဒ​နာ​ခံ​ရ​သော​အ​မျိုး သ​မီး​ကဲ့​သို့​ကြောက်​လန့်​ကြ​လိမ့်​မည်။-


မြို့​ပတ်​လည်​တွင်​စစ်​တိုက်​သံ​များ​ကို​ကြွေး ကြော်​ကြ​လော့။ ယ​ခု​ဗာ​ဗု​လုန်​မြို့​သည် လက်​နက်​ချ​လေ​ပြီ။ မြို့​တံ​တိုင်း​တို့​သည် ကျိုး​ပေါက်​ပြို​ကျ​သွား​လေ​ပြီ။ ငါ​သည် ဗာ​ဗု​လုန်​အ​မျိုး​သား​တို့​အား​လက်​စား ချေ​လျက်​နေ​သည်​ဖြစ်​၍ သင်​တို့​သည်​သူ​တို့ အ​ပေါ်​၌​လက်​စား​ချေ​ကြ​လော့။ သူ​တစ်​ပါး တို့​အား​သူ​တို့​ပြု​ကျင့်​ခဲ့​ကြ​သည့်​အ​တိုင်း သူ​တို့​အား​ပြု​ကျင့်​ကြ​လော့။-


ရန်​သူ​သည်​မြစ်​ကူး​လမ်း​ကို​သိမ်း​ပိုက်​ပြီး​လျှင် ရဲ​တိုက်​များ​ကို​မီး​ရှို့​ကြ​လေ​ပြီ။ ဗာ​ဗု​လုန် စစ်​သည်​တပ်​သား​တို့​သည်​လည်း​ထိတ်​လန့် တုန်​လှုပ်​၍​သွား​ကြ​လေ​ကုန်​ပြီ။-


ထို​မြို့​၏​စီ​မံ​အုပ်​ချုပ်​သူ​များ၊ပ​ညာ​ရှိ​များ၊ ခေါင်း​ဆောင်​များ​နှင့်​စစ်​သည်​တပ်​သား​များ အား ငါ​မူး​ယစ်​စေ​မည်။ သူ​တို့​သည်​အိပ်​ပျော်​သွား​ပြီး​လျှင် နောင်​အ​ဘယ်​အ​ခါ​၌​မျှ​နိုး​ထ​ကြ​လိမ့်​မည် မဟုတ်။ ဤ​ကား​ငါ​ဘု​ရင်​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏။ ငါ​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​သ​တည်း။


မြို့​တံ​ခါး​တို့​သည်​ကန့်​လန့်​ကျင်​များ​ကျိုး​ပဲ့​ကာ အ​မှိုက်​ပုံ​အောက်​တွင်​မြုပ်​၍​နေ​လေ​၏။ ရှင်​ဘု​ရင်​နှင့်​မင်း​ညီ​မင်း​သား​တို့​သည်​ယ​ခု​အ​ခါ တိုင်း​တစ်​ပါး​တွင်​ပြည်​နှင်​ဒဏ်​သင့်​လျက်​ရှိ​ကြ​၏။ ပ​ညတ်​တ​ရား​တော်​ကို​သွန်​သင်​မှု​မ​ရှိ​တော့ သ​ဖြင့် ပ​ရော​ဖက်​များ​သည်​ထာ​ဝ​ရ​ဘု​ရား​၏ ထံ​တော်​မှ ဗျာ​ဒိတ်​ရူ​ပါ​ရုံ​များ​ကို​မ​တွေ့​မ​မြင်​ရ​ကြ။


ငါ​သည်​ဒ​မာ​သက်​မြို့​တံ​ခါး​များ​ကို​ချေ မှုန်း​၍ အာ​ဝင်​ချိုင့်​နှင့်​ဗေ​သေ​ဒင်​မြို့​တွင်​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ရှု​ရိ​ပြည်​သား တို့​သည်​ကိ​ရ​ပြည်​သို့​သုံ့​ပန်း​အ​ဖြစ်​နှင့် လိုက်​ပါ​သွား​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။


သင်​၏​စစ်​သည်​တပ်​သား​တို့​သည်​အ​မျိုး​သ​မီး များ​သ​ဖွယ်​ဖြစ်​၍ သင်​၏​ပြည်​ရှိ​တံ​ခါး​များ သည်​လည်း​ရန်​သူ​များ​ရှေ့​တွင်​ခု​ခံ​ကာ​ကွယ် နိုင်​စွမ်း​ကင်း​မဲ့​လျက်​ပွင့်​နေ​၏။ သင်​၏​မြို့ တံ​ခါး​ကန့်​လန့်​ကျင်​တို့​သည်​မီး​လောင် ကျွမ်း​၍​သွား​လိမ့်​မည်။-


သူ​တို့​သည်​သူ​ခံ​ရ​သ​ကဲ့​သို့​ခံ​ရ​မည်​ကို ကြောက်​ရွံ့​တုန်​လှုပ်​ကာ​အ​ဝေး​မှ​ရပ်​လျက်``တန်​ခိုး ကြီး​သည့်​မြို့၊ ကြီး​မြတ်​သည့်​ဗာ​ဗု​လုန်​မြို့၊ ဖြစ် ရ​လေ​ခြင်း၊ ဖြစ်​ရ​လေ​ခြင်း။ သင်​သည်​တစ်​နာ​ရီ အ​တွင်း​၌​အ​ပြစ်​ဒဏ်​စီ​ရင်​ခြင်း​ကို​ခံ​ရ​လေ ပြီ​တ​ကား'' ဟု​ဆို​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ