ဆာလံ 76:3 - Common Language Bible3 ထိုအရပ်တွင်ကိုယ်တော်သည်ရန်သူတို့၏ မြား၊ဒိုင်းလွှား၊ဋ္ဌားနှင့်လက်နက်ရှိသမျှတို့ကို ချိုးဖျက်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible3 ထို အ ရပ်၌၊ လေး မြှား၊ ဒိုင်း လွှား၊ ဓား လွယ် နှင့် စစ် လက် နက် များ ကို ချိုး ဖျက် တော် မူ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible3 ထိုအရပ်၌ လေးမြား၊ ဒိုင်းလွှား၊ ဓားလက်နက်၊ စစ်အင်္ဂါတို့ကို ချိုးဖျက်တော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း3 ထိုအရပ်တွင် ကိုယ်တော်သည် မီးတောက်နေသောမြား၊ ဒိုင်းလွှား၊ ဓားနှင့်စစ်လက်နက်တို့ကို ချိုးဖျက်တော်မူပြီ။(စေလာ) အခန်းကိုကြည့်ပါ။ |
ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-
ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။