သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။
ယေရမိ 51:25 - Common Language Bible အို ဗာဗုလုန်မြို့၊ သင်သည်ကမ္ဘာမြေပြင်တစ်ခု လုံးကိုဖျက်ဆီးတတ်သည့်တောင်နှင့်တူ၏။ သို့ရာတွင်ငါထာဝရဘုရားကားသင်၏ ရန်သူဖြစ်ပေသည်။ ငါသည်သင့်ကိုဆွဲကိုင် ကာမြေပြင်နှင့်တစ်ညီတည်းဖြစ်စေမည်။ သင့်အားပြာပုံဆိုက်စေမည်။- Garrad Bible မြေ တစ် ပြင် လုံး ကို ဖျက် ဆီး သုတ် သင် သော အို တောင်၊ ငါ သည် သင့် တစ် ဘက်၌ နေ သည် အ တိုင်း၊ ဆန့် တန်း သော လက် ရုံး တော် ဖြင့်၊ ကျောက် ပေါ် မှ လှိမ့် ချ လျက်၊ ကျွမ်း လောင် ပြီး တောင် သ ဖွယ် ထား သ ဖြင့်၊ အ စဉ် ဖုန်း ဆိုး ကုန်း ဖြစ် သော သင့် အ တွင်း က၊ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဖျက်ဆီးတတ်သောသဘောရှိ၍၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးတတ်သောတောင်ကြီး၊ သင့်တစ်ဖက်၌ ငါနေ၏။ သင့်အပေါ်မှာ ငါ၏လက်ကိုဆန့်လျက်၊ ကျောက်တို့မှ သင့်ကိုလှိမ့်ချ၍၊ မီးနှင့်ကျွမ်းလောင်သောတောင် ဖြစ်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “အို ဖျက်ဆီးတတ်သောတောင်၊ မြေကြီးတစ်ပြင်လုံးကို ဖျက်ဆီးသောတောင်၊ ကြည့်ရှုလော့။ သင့်ကို ငါစီရင်မည်။ ငါသည် လက်ကိုဆန့်၍ သင့်ကို ချောက်ကမ်းပါးပေါ်မှ လှိမ့်ချပစ်မည်။ သင့်အား မီးကျွမ်းတောင်ဖြစ်စေမည်”ဟု မိန့်တော်မူ၏။ |
သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။
ဒုက္ခများပတ်လည်ဝိုင်းလျက်နေချိန်၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏အသက်ကို ကာကွယ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရန်သူတို့၏ အမျက်ကိုဆီးတားတော်မူလျက် တန်ခိုးတော်အားဖြင့်ကျွန်တော်မျိုးကို ကယ်တော်မူပါ၏။
တောင်ကတုံးပေါ်တွင်စစ်အလံကိုလွှင့် ထူကြလော့။ မာန်မာနထောင်လွှားသည့်မြို့ တော်တံခါးတို့ကိုတိုက်ခိုက်ရန်ဟစ်အော် ကာ သင်တို့လက်ကိုမြှောက်၍ စစ်သည်တို့ အားအချက်ပေးကြလော့။-
ထိုနောက်ငါသည်ဗာဗုလုန်ဘုရင်နှင့်ပြည်သူ တို့အား မိမိတို့ကူးလွန်သည့်အပြစ်အတွက် ဆုံးမမည်။ သူတို့၏ပြည်ကိုဖျက်ဆီးကာ ထာဝစဉ်ယိုယွင်းပျက်စီးလျက်နေစေမည်။-
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ငါသည်အမျက်ထွက်သဖြင့်မိမိ၏လက် နက်တိုက်ကိုဖွင့်၍လက်နက်များကိုထုတ် ယူတော်မူလေပြီ။ အဘယ်ကြောင့်ဆိုသော် ဗာဗုလုန်မြို့တွင်အနန္တတန်ခိုးရှင်ငါထာ ဝရဘုရားပြုရန်အမှုရှိသောကြောင့် ဖြစ်၏။-
``အို ဗာဗုလုန်မြို့၊ သင်သည်မာန်မာနနှင့် ပြည့်ဝလျက်နေသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့် ကိုအတိုက်အခံပြုမည်။ သင့်အားငါ အပြစ်ဒဏ်ခတ်ရမည့်နေ့ရက်ကာလ သည်ကျရောက်လာလေပြီ။-
အကယ်၍ဗာဗုလုန်မြို့သည်မိုးကောင်းကင် သို့တက်၍ ခံတပ်အခိုင်အမာဆောက်လုပ် နိုင်သည်ဟုပင်ဆိုစေကာမူ ငါသည်ထိုမြို့ ကိုတိုက်ဖျက်ရန်လူများကိုစေလွှတ်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟူ၍တည်း။
တန်ခိုးကြီးသည့်ဗာဗုလုန်မြို့၏မြို့ရိုးများသည် ပြိုကျရလိမ့်မည်။ မြင့်မားသောမြို့တံခါးတို့သည်လည်း မီးလောင်ကျွမ်း၍သွားလိမ့်မည်။ လူမျိုးတကာတို့လုပ်ဆောင်ထားသောအရာ များသည် အချည်းနှီးဖြစ်လျက် သူတို့ကြိုးပမ်းအားထုတ်ခဲ့မှုများသည်လည်း မီးတောက်တွင်ပျောက်လွင့်သွားကြ၏။ ဤကားအနန္တတန်ခိုးရှင်ထာဝရဘုရား မြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ဗာဗုလုန်မြို့သည်ငါကိုင်၍ထားသည့်ရွှေ ဖလား၊ ကမ္ဘာတစ်ဝှမ်းလုံးကိုမူးယစ်စေသည့် စပျစ်ရည်ခွက်ဖလားနှင့်တူ၏။ လူမျိုး တကာတို့သည်ထိုခွက်ဖလားမှစပျစ် ရည်ကိုသောက်၍ရူးသွတ်ကြကုန်၏။-
``ငါ၏ဘုန်းတန်ခိုးအာနုဘော်ထင်ရှားစေ ရန်နေပြည်တော်အဖြစ်ဖြင့် ငါတည်ထောင်ခဲ့ သောဗာဗုလုန်မြို့သည်လွန်စွာကြီးကျယ် ခမ်းနားလှပါသည်တကား'' ဟုမြွက်ဆို၏။
တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။''
သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။-
ဒုတိယကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ မီးလျှံထနေသော တောင်ကြီးခန့်ကြီးမားသောမီးလုံးကြီး ကို ပင်လယ်ထဲသို့ပစ်ချလိုက်သကဲ့သို့ ဖြစ်ပြီးလျှင် ပင်လယ်ရေသုံးပုံတစ်ပုံ သည်သွေးအတိဖြစ်လေ၏။-