ဇာခရိ 4:7 - Common Language Bible7 တောင်များသဖွယ်ကြီးမားသည့်အခက် အခဲတို့သည်သင်၏ရှေ့မှကွယ်ပျောက်သွား လိမ့်မည်။ သင်သည်ဗိမာန်တော်ကိုပြန်လည် တည်ဆောက်ရလိမ့်မည်။ တိုက်ထောင့်အထွတ် ကျောက်ကိုအပြီးသတ်တပ်ဆင်လိုက်သော အခါ ပြည်သူတို့က`တင့်တယ်လှပါပေသည်၊ တင့်တယ်လှပါပေသည်' ဟုကြွေးကြော် ကြလိမ့်မည်'' ဟုမိန့်တော်မူပါ၏။'' အခန်းကိုကြည့်ပါ။Garrad Bible7 အို ကျောက် တောင် ကြီး၊ သင် အ ဘယ် နည်း။ ဇေ ရု ဗ ဗေ လ ရှေ့ တွင် လွင် ပြင် ဖြစ် ရ မည့် အ လျောက်၊ သာ ဓု၊ သာ ဓု၊ ဟု အ နု မော ဒ နာ သံ နှင့် တ ကွ၊ တိုက် ထွဋ် ကျောက် ကို၊ ထို မင်း ယူ တင် လိမ့် မည် ဟု မိန့် ဆို ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible7 အို တောင်ကြီး၊ သင်သည် အဘယ်သို့နည်း။ ဇေရုဗဗေလရှေ့မှာ ညီသောအရပ် ဖြစ်ရလိမ့်မည်။ လူများတို့က၊ ကျေးဇူးတော် ရှိပါစေသော။ ကျေးဇူးတော်ရှိပါစေသောဟု ကြွေးကြော်လျက်၊ ထိုမင်းသည် တိုက်ထောင့် အထွတ်ကျောက်ကို တင်ထားရလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 အို တောင်ကြီး၊ သင်သည် မည်သူနည်း။ သင်သည် ဇေရုဗဗေလရှေ့တွင် လွင်ပြင် ဖြစ်သွားရလိမ့်မည်။ သူသည် ထောင့်ချုပ်ကျောက်ကို ထုတ်ယူလာသောအခါ “ကောင်းပေ၏။ ကောင်းပေ၏”ဟု ဩဘာပေးကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောပြ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က၊``ဇေရုဗဗေလသည်ဗိမာန် တော်အုတ်မြစ်ကိုချထားပြီးလေပြီ။ သူ သည်ထိုအဆောက်အဦးကိုလက်စသတ် ရပေလိမ့်မည်။ ယင်းသို့လက်စသတ်သော အခါ၌ငါ၏လူမျိုးတော်သည် မိမိတို့ ထံသို့သင့်ကိုစေလွှတ်ခဲ့သူမှာ အနန္တတန်ခိုး ရှင်ငါထာဝရဘုရားပင်ဖြစ်ကြောင်းသိရှိ ကြလိမ့်မည်။-
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
ဝမ်းမြောက်ရွှင်မြူးသံများနှင့်မင်္ဂလာဆောင် သတို့သားသတို့သမီးတို့၏အသံများ ကို နောက်တစ်ဖန်သင်တို့ကြားရကြလိမ့်မည်။ လူတို့သည်ကျေးဇူးတော်ချီးမွမ်းရန်ပူဇော် သကာများကို ငါ၏ဗိမာန်တော်သို့ယူဆောင် ကာသီချင်းအေးကူးကြသည့်အသံများ ကိုသင်တို့ကြားရကြလိမ့်မည်။ သူတို့က၊ `အနန္တတန်ခိုးရှင်ထာဝရဘုရား၏ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ကောင်းမြတ်တော်မူ၍၊ မေတ္တာတော်သည်ထာဝစဉ်တည်သောကြောင့် ဖြစ်၏' ဟုမြွက်ဆိုကြလိမ့်မည်။ ငါသည်ဤပြည်ကိုရှေးကနည်းတူပြန်လည် ကောင်းစားစေမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
တည်ဆောက်သူတို့သည်ဗိမာန်တော်ကိုအုတ် မြစ်ချကြသောအခါ ယဇ်ပုရောဟိတ်တို့ သည်မိမိတို့ဝတ်လုံများကိုဝတ်၍ တံပိုး ခရာများကိုကိုင်ဆောင်ကာနေရာယူကြ၏။ အာသပ်သားချင်းစုမှလေဝိအနွယ်ဝင်တို့ ကလင်းကွင်းများကိုကိုင်ကြ၏။ သူတို့သည် ဒါဝိဒ်မင်းပေးခဲ့သည့်ညွှန်ကြားချက်အတိုင်း ထာဝရဘုရားအားထောမနာပြုကြ၏။-