ဗျာဒိတ် 8:8 - Common Language Bible8 ဒုတိယကောင်းကင်တမန်တံပိုးခရာ မှုတ်လိုက်သောအခါ မီးလျှံထနေသော တောင်ကြီးခန့်ကြီးမားသောမီးလုံးကြီး ကို ပင်လယ်ထဲသို့ပစ်ချလိုက်သကဲ့သို့ ဖြစ်ပြီးလျှင် ပင်လယ်ရေသုံးပုံတစ်ပုံ သည်သွေးအတိဖြစ်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 ဒု တိ ယ စေ တ မန် တော် တံ ပိုး မှုတ် သော် တောင် ကြီး ခန့် လောင် မီး သည် သ မု ဒ္ဒ ရာ ထဲ သို့ ကျ၍ သုံး ပိုင်း တစ် ပိုင်း သွေး ဖြစ် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 ဒုတိယကောင်းကင်တမန်သည် တံပိုးမှုတ်သောအခါ၊ မီးလောင်သော တောင်ကြီးကို ပင်လယ်ထဲသို့ ချလိုက်သကဲ့သို့ ဖြစ်၍၊ ပင်လယ်သုံးစုတစ်စုသည် အသွေးဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း8 ဒုတိယကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ မီးတောက်လောင်နေသည့် ကြီးမားသောတောင်ကဲ့သို့သောအရာသည် ပင်လယ်ထဲသို့ပစ်ချခြင်းခံရ၏။ ထိုအခါ ပင်လယ်သုံးပုံတစ်ပုံသည် သွေးဖြစ်သွားသဖြင့် အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း8 ဒုတိယကောင်းကင်တမန်သည် တံပိုးခရာမှုတ်သောအခါ မီးလောင်နေသည့်တောင်ကြီးကဲ့သို့သောအရာသည် ပင်လယ်ထဲသို့ ပစ်ချခြင်းခံရ၏။ ပင်လယ်ရေသုံးပုံတစ်ပုံသည် သွေးအဖြစ်သို့ ပြောင်းလဲသွား၏။ အခန်းကိုကြည့်ပါ။ |
ငါသည်အရှင်ထာဝရဘုရားထံမှရူပါရုံ နောက်တစ်ခုကိုမြင်ရ၏။ ထိုရူပါရုံ၌အရှင် ထာဝရဘုရားသည် မိမိလူမျိုးကိုမီးဒဏ် ဖြင့်အပြစ်ပေးရန်ပြင်ဆင်နေတော်မူသည် ကိုတွေ့ရသည်။ ထိုမီးသည်မြေအောက်သမုဒ္ဒ ရာတစ်ခုလုံးခန်းခြောက်အောင်ကျွမ်းလောင် ပြီးနောက် ကုန်းပေါ်မှာစတင်တောက်လောင် လာ၏။-
``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
ထိုသူတို့မှာဗျာဒိတ်တော်ကိုဟောပြော သည့်အချိန်ကာလအတွင်း မိုးမရွာစေရန် မိုးကောင်းကင်ကိုပိတ်နိုင်သောတန်ခိုးရှိ၏။ ရေကိုသွေးအဖြစ်သို့ပြောင်းလဲစေနိုင် သောတန်ခိုးလည်းရှိ၏။ သူတို့သည်မိမိ တို့အလိုရှိသည့်အခါတိုင်းကမ္ဘာမြေကြီး ကိုဘေးဒဏ်အမျိုးမျိုးသင့်စေနိုင်၏။-