ကမ္ဘာဦး 11:4 - Common Language Bible4 သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible4 လာ ကြ၊ မြေ တစ် ပြင် လုံး၌ အ ရပ် ရပ် ကွဲ ပြား ကြ မည် စိုး၍ မြို့ တစ် မြို့ ကို လည်းကောင်း၊ မိုး ကောင်း ကင် သို့ မှီ လောက် သော အ ထွဋ် ရှိ ရဲ တိုက် တစ် ဆောင် ကို လည်း ကောင်း၊ ကျော် စော ကိ တ္တိ ရှိ ရစ် စေ ခြင်း ငှါ တည် လုပ် ကြ ကုန် အံ့ ဟု ပြော ဆို ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 လာကြ၊ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်းတည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့ဟု ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 ထိုအခါ သူတို့က “လာကြ၊ မြေတစ်ပြင်လုံးသို့ကွဲလွင့်မသွားစေရန် ငါတို့အတွက်မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်အထိ ထိပ်ဖျားရောက်သောရဲတိုက်ကိုလည်းကောင်း တည်ဆောက်၍ ငါတို့နာမည်ကျော်စောအောင်ပြုကြစို့”ဟု ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ငါတို့သည်အဘယ်ကြောင့် ထိုပြည်သို့သွား ရပါမည်နည်း။ ငါတို့သည်ကြောက်ရွံ့ပါ၏။ ငါတို့စေလွှတ်လိုက်သောသူများပြောကြား ချက်အရ ထိုပြည်သားတို့သည်ငါတို့ထက် ခွန်အားကြီး၍ အရပ်အမောင်းလည်းမြင့်မား သည်။ သူတို့သည်မိုးထိအောင်မြင့်သောမြို့ရိုး အတွင်း၌နေထိုင်ကြသည်။ အလွန်ထွား ကြိုင်းသောသူများကိုတွေ့မြင်ခဲ့ကြသည်' ဟူ၍သင်တို့ပြောဆိုညည်းညူကြသည်။