ယေရမိ 51:26 - Common Language Bible26 သင်ယိုယွင်းပျက်စီးရာမှကျန်ရစ်သောကျောက် တုံးများကို အဆောက်အအုံတည်ဆောက်ရာတွင် နောင်အဘယ်အခါ၌မျှအသုံးပြုကြတော့ မည်မဟုတ်။ သင်သည်ထာဝစဉ်လူသူကင်းမဲ့ ရာဖြစ်၍နေလိမ့်မည်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible26 တိုက် ထောင့် ကျောက်၊ တိုက် မြစ် ကျောက် တစ် လုံး မျှ ထုတ် ယူ ကြ တော့ မည် မ ဟုတ် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible26 တိုက်ထောင့်အထွတ်ကျောက်၊ တိုက်မြစ်ကျောက် တစ်စုံတစ်ခုကိုမျှ သင်၏အထဲက မနုတ်မယူရ၊ အစဉ်မပြတ် ပျက်စီးလျက်နေရလိမ့်မည်ဟု ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 ထာဝရဘုရားက “ထောင့်ချုပ်ကျောက်၊ အုတ်မြစ်ကျောက်တစ်လုံးမျှ သင့်ထံမှ ရနိုင်တော့မည်မဟုတ်။ သင်သည် လူသူကင်းမဲ့ရာ အစဉ်ဖြစ်မည်”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်ဗာဗုလုန်မြို့ကိုညွန်ပျောင်းဖြစ်စေ ၍၊ ဇီးကွက်တို့သည်ထိုအရပ်တွင်နေကြလိမ့် မည်။ ငါသည်တံမြက်လှည်းသူကဲ့သို့ဗာဗုလုန် မြို့မှရှိသမျှသောအရာတို့ကိုသုတ်သင် ပယ်ရှင်းမည်။ ဤကားအနန္တတန်ခိုးရှင်ငါ ထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူ၏။