သမီးအငယ်လည်းသားတစ်ယောက်ဖွားမြင်၍ ဗေနမ္မိဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိအမ္မုန်လူမျိုး၏ဖခင်ဖြစ်သတည်း။
ယေရမိ 49:1 - Common Language Bible ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။- Garrad Bible အ မ္မုန် အ မျိုး သား တို့ အ ကြောင်း၊ ဣ သ ရေ လ၌ သား မ ရှိ လော။ အ မွေ ခံ မ ရှိ လော။ ရှိ လျှင်၊ မိ လ ကုံ ဘု ရား သည် ဂဒ် နယ် ကို ပိုင် ခွင့်၊ တ ပည့် သား တို့ လည်း ဂဒ် မြို့ ရွာ များ၌ နေ ထိုင် ခွင့် ရ ကြ သည် မှာ၊ အ သို့ နည်း ဟု၊ ထာ ဝ ရ ဘု ရား မေး တော် မူ ၏။ Judson Bible အမ္မုန်အမျိုးသားတို့ကို ရည်မှတ်၍ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဣသရေလ၌ သားမရှိသလော။ အမွေခံ မရှိသလော။ မိလကုံဘုရားသည် ဂဒ်ပြည်ကို အဘယ်ကြောင့် သိမ်းယူသနည်း။ သူ့တပည့်တို့သည် ဂဒ်မြို့တို့၌ အဘယ်ကြောင့် နေကြသနည်း။ မြန်မာ့စံမီသမ္မာကျမ်း အမ္မုန်အမျိုးသားတို့နှင့်ပတ်သက်၍ ထာဝရဘုရားက “အစ္စရေးလူမျိုး၌ သားမရှိသလော၊ အမွေခံမရှိသလော။ အဘယ်ကြောင့် မိလကုံဘုရားသည် ဂဒ်ပြည်ကို သိမ်းပိုက်သနည်း။ အဘယ်ကြောင့် သူ့လူမျိုးတို့သည် ဂဒ်ပြည်ရှိမြို့များတွင် နေထိုင်ကြသနည်း”ဟု မိန့်ဆိုတော်မူ၏။ |
သမီးအငယ်လည်းသားတစ်ယောက်ဖွားမြင်၍ ဗေနမ္မိဟုနာမည်မှည့်၏။ ထိုသားသည်လက်ရှိအမ္မုန်လူမျိုး၏ဖခင်ဖြစ်သတည်း။
ယော်ဒန်မြစ်အရှေ့ဘက်ရှိဣသရေလနယ် မြေအားလုံးကို တောင်ဘက်အာနုန်မြစ်ကမ်း ပေါ်ရှိအာရော်မြို့သို့တိုင်အောင်သိမ်းယူလေ သည်။ ထိုနယ်မြေတွင်ဂဒ်၊ ရုဗင်နှင့်အရှေ့မနာ ရှေမျိုးနွယ်စုတို့နေထိုင်ရာဂိလဒ်ပြည်နှင့် ဗာရှန်ပြည်တို့ပါဝင်၏။
ထာဝရဘုရားသည်မိမိ၏အစေခံပရော ဖက်များအားဖြင့် မိန့်တော်မူခဲ့သည့်အတိုင်း ယုဒပြည်ကိုဖျက်ဆီးရန် ဗာဗုလုန်၊ ရှုရိ၊ မောဘနှင့်အမ္မုန်တပ်သားများကိုစေလွှတ် တော်မူ၏။-
ကာလအနည်းငယ်ကြာသောအခါမောဘ ပြည်နှင့်အမ္မုန်ပြည်မှစစ်တပ်များသည် မိမိ တို့၏မဟာမိတ်မဟုနိမ် နှင့်အတူယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ ကြ၏။-
အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။-
ထိုသတင်းကိုသမ္ဘာလတ်၊ တောဘိနှင့်အာရပ် အမျိုးသားဂေရှင်တို့ကြားကြသောအခါ ငါတို့အားလှောင်ပြောင်ကြ၏။ သူတို့က``သင် တို့၏အကြံအစည်ကားအဘယ်သို့နည်း။ ဧကရာဇ်ဘုရင်အားသင်တို့ပုန်ကန်ကြ မည်လော'' ဟုဆိုကြ၏။
သမ္ဘာလတ်၊ တောဘိတို့မှစ၍၊ အာရပ်၊ အမ္မုန်၊ အာဇုတ်အမျိုးသားများသည်ယေရုရှလင် မြို့ကိုပြန်လည်တည်ဆောက်မှုတိုးတက်လျက် ရှိကြောင်း၊ မြို့ရိုးပြိုပျက်နေသည့်နေရာများ ကိုဖာထေးလျက်ရှိကြောင်းကိုကြားသိ ကြသဖြင့်လွန်စွာအမျက်ထွက်ကြ၏။-
ဂေဗလ၊အမ္မုန်၊အာမလက်၊ဖိလိတ္တိအမျိုးသား များနှင့် တုရုမြို့သားများပါဝင်ကြ၏။
ကျွန်တော်မျိုးတို့၏ရန်သူများသည်ထာဝစဉ် အရေးရှုံးနိမ့်ကြလေပြီ၊ ကိုယ်တော်ရှင်သည်သူတို့၏မြို့ကြီးများကို ဖြိုဖျက်တော်မူသဖြင့် ယင်းတို့အားမေ့လျော့လျက်လုံးဝ ကွယ်ပျောက်သွားလေပြီ။
ထာဝရဘုရားက``ငါ၏လူမျိုးတော်ဣသရေလ အမျိုးသားတို့အား ငါအမွေပေးအပ်ခဲ့သည့် ပြည်တော်ကိုပျက်စီးယိုယွင်းစေသော ဣသရေလ ပြည်၏အိမ်နီးချင်းနိုင်ငံတို့နှင့်ပတ်သက်၍ငါ ပြောစရာရှိ၏။ ငါသည်ထိုသူယုတ်မာတို့အား အမြစ်ပြုတ်သည့်အပင်ငယ်ကဲ့သို့သူတို့ပြည် မှဆွဲထုတ်မည်။ ယုဒပြည်ကိုသူတို့လက်မှ ဆွဲထုတ်ကယ်ဆယ်မည်။-
`ငါသည်မြောက်အရပ်မှလူမျိုးများနှင့်ငါ ၏အစေခံဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ ကိုဆင့်ခေါ်ကာ ဤပြည်သူပြည်သားအပေါင်း တို့နှင့်နီးနားပတ်ဝန်းကျင်ရှိပြည်သူများ မှလူမျိုးအပေါင်းတို့အားတိုက်ခိုက်စေမည်။ ငါသည်ယင်းတို့ကိုအကြွင်းမဲ့ဖျက်ဆီး၍ ထာဝစဉ်ယိုယွင်းပျက်စီးစေသဖြင့်ရှုမြင် ရသူတို့လန့်ဖျပ်တုန်လှုပ်ကြလိမ့်မည်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
ထိုနောက်ဇေဒကိမင်းနှင့်တွေ့ဆုံရန်ယေရု ရှလင်မြို့သို့ရောက်ရှိလာသောသံတမန် များမှတစ်ဆင့်ဧဒုံမင်း၊ မောဘမင်း၊ အမ္မုန် မင်း၊ တုရုမင်းနှင့်ဇိဒုန်မင်းတို့ထံသို့ သတင်းပေးပို့လော့'' ဟုမိန့်တော်မူ၏။-
မောဘပြည်ကိုရည်မှတ်၍အနန္တတန်ခိုးရှင် ထာဝရဘုရားမိန့်တော်မူသည်ကားဤသို့ တည်း။ ``နေဗောမြို့သူမြို့သားတို့အားကရုဏာ သက်ကြလော့။ သူတို့၏မြို့သည်ပျက်စီး၍သွားလေပြီ။ ကိရယသိမ်မြို့သည်ဖမ်းဆီးသိမ်းယူခြင်း ကိုခံ၍၊ ထိုမြို့၏ခံတပ်များသည်ဖြိုပျက်လျက် မြို့သူမြို့သားတို့သည်လည်းအရှက်ကွဲရ ကြ၏။
ထာဝရဘုရားသည်ဒမာသက်မြို့ကိုရည် မှတ်၍မိန့်တော်မူသည်မှာ``ဟာမတ်မြို့နှင့်အာ ပဒ်မြို့မှလူတို့သည်သတင်းဆိုးကိုကြား ရကြသဖြင့် ပူပန်သောကဖြစ်ကာစိတ်ဆင်း ရဲလျက်နေကြ၏။ စိုးရိမ်ပူပန်မှုသည်ပင်လယ် လှိုင်းလုံးများသဖွယ် သူတို့အပေါ်သို့လှိမ့်၍ လာသဖြင့်သူတို့သည်ဆောက်တည်ရာမရ နိုင်ကြ။-
ထာဝရဘုရားသည်ဗာဗုလုန်ဘုရင်နေ ဗုခဒ်နေဇာမင်းနှိမ်နင်းအောင်မြင်သည့် ကေဒါ အနွယ်ဝင်နှင့်ဟာဇော်မြို့ကိုအစိုးရသူတို့ အားရည်မှတ်၍``ကေဒါအနွယ်ဝင်တို့အား သွားရောက်တိုက်ခိုက်ကြလော့။ ထိုအရှေ့နွယ် သားတို့အားဖျက်ဆီးချေမှုန်းကြလော့။-
တန်ခိုးတော်အရှင်ထာဝရဘုရားသခင် သည်ဧဒုံပြည်ကိုရည်မှတ်၍``ဧဒုံပြည်သား တို့သည်ဆင်ခြင်တိုင်းထွာနိုင်စွမ်းမရှိကြ တော့ပြီလော။ သူတို့၏ပညာရှိများသည် လည်းအဘယ်အမှုကိုပြုသင့်ကြောင်း အကြံဉာဏ်မပေးနိုင်ကြတော့ပြီလော။ သူတို့၏အသိပညာမှန်သမျှသည် ပျောက်ကွယ်သွားလေပြီလော။-
``အချင်းယုတ်မာဆိုးညစ်သည့်ဣသရေလ မင်း၊ သင်၏ကံကြမ္မာကိုဖန်တီးမည့်နေ့ရက်၊ သင်အပြီးသတ်အပြစ်ဒဏ်ခံရမည့်နေ့ ရက်ကျရောက်လာလေပြီ။-
အိမ်ခေါင်မိုးထက်သို့တက်၍ နေ၊ လ၊ ကြယ် တာရာများကိုရှိခိုးဝတ်ပြုသူမှန်သမျှ ကိုငါသုတ်သင်ပယ်ရှင်းမည်။ ငါ့အားဝတ် ပြုကိုးကွယ်ကာသစ္စာစောင့်ပါမည်ဟုကျိန် ဆိုကတိပြုပြီးလျှင် မောလုတ်၏အမည် နာမကိုတိုင်တည်ကျိန်ဆိုသူတို့ကိုလည်း သုတ်သင်ပယ်ရှင်းမည်။
သင်တို့သည်လောတ၏အဆက်အနွယ်များ ဖြစ်သော အမ္မုန်အမျိုးသားတို့နေထိုင်ရာပြည် အနီးသို့ရောက်ရှိကြလိမ့်မည်။ ငါသည်သူ တို့အားပေးထားတော်မူသောပြည်ကို သင် တို့ကိုပေးမည်မဟုတ်သောကြောင့်သူတို့ကို မနှောင့်ယှက်နှင့်၊ စစ်မတိုက်နှင့်' ဟုမိန့်တော် မူ၏။''
``အမ္မုန်အမျိုးသား၊ မောဘအမျိုးသားနှင့် သူတို့၏အဆက်အနွယ်ဆယ်ဆက်တိုင်အောင် ထာဝရဘုရား၏လူမျိုးတော်စာရင်း တွင်မပါဝင်စေရ။-
သင်တို့အီဂျစ်ပြည်မှထွက်လာကြစဉ်သူ တို့သည် သင်တို့လိုအပ်သောရိက္ခာနှင့်ရေ ကိုမပေးကြ။ မက်ဆိုပိုတေးမီးယားပြည်၊ ပေသော်မြို့သား၊ ဗောရ၏သားဗာလမ်ကို ငှား၍သင်တို့အားကျိန်ဆဲစေကြ၏။-