Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




နေ​ဟ​မိ 4:7 - Common Language Bible

7 သမ္ဘာ​လတ်၊ တော​ဘိ​တို့​မှ​စ​၍၊ အာ​ရပ်၊ အမ္မုန်၊ အာ​ဇုတ်​အ​မျိုး​သား​များ​သည်​ယေ​ရု​ရှ​လင် မြို့​ကို​ပြန်​လည်​တည်​ဆောက်​မှု​တိုး​တက်​လျက် ရှိ​ကြောင်း၊ မြို့​ရိုး​ပြို​ပျက်​နေ​သည့်​နေ​ရာ​များ ကို​ဖာ​ထေး​လျက်​ရှိ​ကြောင်း​ကို​ကြား​သိ ကြ​သ​ဖြင့်​လွန်​စွာ​အ​မျက်​ထွက်​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ယေ ရု ရှ လင် မြို့ ရိုး ပြု ပြင် ခြင်း၊ အက် ကွဲ ရာ များ ထေး ဖာ ခြင်း ကိ စ္စ ပြု ကြ သည် ကို၊ သ မ္ဘာ လတ်၊ တော ဘိ တို့ မှ စ၍၊ အာ ရပ်၊ အမ္မုန်၊ အာ ဇုတ် လူ မျိုး တို့ ကြား သိ လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ယေ​ရု​ရှ​လင်​မြို့​ရိုး​မြင့်၍ ပြို​ပျက်​ရာ​တို့​ကို ပြင်​စ​ပြု​ကြ​သည်​ဟု သ​မ္ဘာ​လတ်​နှင့် တော​ဘိ​အ​စ​ရှိ​သော အာ​ရပ်​လူ၊ အ​မ္မုန်​လူ၊ အာ​ဇုတ်​လူ​တို့​သည် ကြား​သော​အ​ခါ၊ အ​လွန်​ဒေါ​သ​စိတ်​ရှိ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဂျေရုဆလင်​မြို့ရိုး​ကို ဆက်​၍​ပြုပြင်​နေ​ကြောင်း​၊ ပြိုပျက်​ရာ​များ​ကို စ​၍​ဖာထေး​နေ​ကြောင်း​ကို သမ္ဘာလတ်​၊ တောဘိ​မှစ၍ အာရပ်​လူမျိုး​၊ အမ္မုန်​လူမျိုး​၊ အာဇုတ်​လူမျိုး​တို့​ကြားသိ​လျှင် အမျက်​ခြောင်းခြောင်း​ထွက်​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




နေ​ဟ​မိ 4:7
29 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့်​မိန်း​မ​သည်​တစ်​ဦး​ကို​တစ်​ဦး​မုန်း​လိမ့်​မည်။ သင်​၏​အ​မျိုး​အ​နွယ်​နှင့်​မိန်းမ​၏​အ​မျိုး​အ​နွယ် သည် ရန်​ငြိုး​ဖွဲ့​လိမ့်​မည်။ လူ​သည်​သင်​၏​ဦး​ခေါင်း ကို​ချေ​လိမ့်​မည်။ သင်​သည်​လည်း သူ​၏​ဖ​နောင့်​ကို ပေါက်​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​အ​စေ​ခံ​ပ​ရော ဖက်​များ​အား​ဖြင့် မိန့်​တော်​မူ​ခဲ့​သည့်​အ​တိုင်း ယု​ဒ​ပြည်​ကို​ဖျက်​ဆီး​ရန် ဗာ​ဗု​လုန်၊ ရှု​ရိ၊ မော​ဘ​နှင့်​အမ္မုန်​တပ်​သား​များ​ကို​စေ​လွှတ် တော်​မူ​၏။-


ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​မော​ဘ ပြည်​နှင့်​အမ္မုန်​ပြည်​မှ​စစ်​တပ်​များ​သည် မိ​မိ တို့​၏​မ​ဟာ​မိတ်​မ​ဟု​နိမ် နှင့်​အ​တူ​ယု​ဒ​ပြည်​သို့​ချင်း​နင်း​ဝင်​ရောက်​လာ ကြ​၏။-


``အ​ကျွန်ုပ်​တို့​သည်​ယု​ဒ​ပြည်​သို့​သွား​ရောက်​ကြ​ရာ ကြီး​မြတ်​သော​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို ကျောက်​တုံး​ကြီး​များ​ဖြင့်​တည်​ဆောက်​၍ ကျောက်​နံ​ရံ​များ​ပေါ်​တွင်​သစ်​သား​ယက်​မ​များ​ကပ်​လျက်​လုပ်​ဆောင်​နေ​ကြ​သည်​ကို​တွေ့​မြင်​ရ​ကြောင်း အ​ရှင်​မင်း​ကြီး​အား​လျှောက်​ထား​အ​စီ​ရင်​ခံ​အပ်​ပါ​သည်။ တည်​ဆောက်​မှု​ကို​လုံ့​လ​ဖြင့်​လုပ်​ဆောင်​ကြ​သော​ကြောင့် တိုး​တက်​အောင်​မြင်​လျက်​ရှိ​ပါ​သည်။


သို့​ရာ​တွင်​ဗေ​သ​ဟော​ရ​နိ​မြို့​သား​သမ္ဘာ လတ်​နှင့်​အမ္မုန်​ပြည်​နယ်​မှ​အ​ရာ​ရှိ​တော​ဘိ တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အ​ကျိုး​ပြု​စု​ရန်​လူ​တစ်​ယောက်​ရောက်​ရှိ လာ​ကြောင်း​ကြား​သိ​ကြ​သော​အ​ခါ​လွန် စွာ​အ​မျက်​ထွက်​ကြ​၏။


ထို​သ​တင်း​ကို​သမ္ဘာ​လတ်၊ တော​ဘိ​နှင့်​အာ​ရပ် အ​မျိုး​သား​ဂေ​ရှင်​တို့​ကြား​ကြ​သော​အ​ခါ ငါ​တို့​အား​လှောင်​ပြောင်​ကြ​၏။ သူ​တို့​က``သင် တို့​၏​အ​ကြံ​အ​စည်​ကား​အ​ဘယ်​သို့​နည်း။ ဧ​က​ရာဇ်​ဘု​ရင်​အား​သင်​တို့​ပုန်​ကန်​ကြ မည်​လော'' ဟု​ဆို​ကြ​၏။


မြို့​ရိုး​ကို​ငါ​တို့​ယု​ဒ​အ​မျိုး​သား​တို့ ပြန် လည်​တည်​ဆောက်​လျက်​ရှိ​ကြ​ကြောင်း​ကို သမ္ဘာ​လတ်​ကြား​သိ​သော​အ​ခါ လွန်​စွာ အ​မျက်​ထွက်​၍​ငါ​တို့​အား​ပြက်​ရယ် ပြု​လေ​၏။-


သို့​ဖြစ်​၍​ငါ​တို့​သည်​မြို့​ရိုး​ကို​ဆက်​လက် တည်​ဆောက်​ကြ​ရာ ဆောက်​လုပ်​သူ​တို့​၏​စိတ် အား​ထက်​သန်​မှု​ကြောင့် မ​ကြာ​မီ​ပင်​မြို့​ရိုး အ​မြင့်​တစ်​ဝက်​တိုင်​အောင်​ပြီး​လေ​၏။


သို့​ဖြစ်​၍​သူ​တို့​သည်​ယေ​ရု​ရှ​လင်​မြို့​သို့ လာ​ရောက်​တိုက်​ခိုက်​၍ မြို့​ကို​က​စဥ့်​က​လျား ဖြစ်​အောင်​ပြု​လုပ်​ရန်​တိုင်​ပင်​ကြံ​စည်​ကြ​၏။-


ဤ​သ​တင်း​ကို​ပတ်​ဝန်း​ကျင်​နိုင်​ငံ​များ​ရှိ​ငါ တို့​ရန်​သူ​များ​ကြား​ကြ​သော​အ​ခါ မိ​မိ​တို့ အ​သ​ရေ​ပျက်​ရ​ပြီ​ဖြစ်​ကြောင်း​သိ​ရှိ​ကြ​၏။ အ​ဘယ်​ကြောင့်​ဆို​သော်​ဤ​အ​လုပ်​ပြီး​စီး သွား​သည်​မှာ ဘု​ရား​သ​ခင်​ကူ​မ​တော်​မူ​သော ကြောင့်​ဖြစ်​သည်​ကို​လူ​တိုင်း​ပင်​ရိပ်​မိ​သော ကြောင့်​ဖြစ်​၏။


ထို​နောက်​ဣ​ရှ​မေ​လ​သည် ဂေ​ဒ​လိ​၏​စောင့် ရှောက်​မှု​ကို​ခံ​ယူ​စေ​ရန် တပ်​မှူး​နေ​ဗု​ဇာ​ရ​ဒန် အပ်​နှံ​ထား​သည့်​ဘု​ရင့်​သ​မီး​တော်​များ​နှင့် မိ​ဇ​ပါ​မြို့​တွင်​ကျန်​ရှိ​နေ​သေး​သူ​အ​ပေါင်း တို့​အား​ဖမ်း​ဆီး​ချုပ်​နှောင်​ပြီး​လျှင် သုံ့​ပန်း များ​အ​ဖြစ်​ဖြင့်​အမ္မုန်​ပြည်​ရှိ​ရာ​သို့​ခေါ် ဆောင်​သွား​လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​က``အမ္မုန်​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​၏​နယ်​ချဲ့​လို​သော လော​ဘ​ကြောင့် နယ်​ချဲ့​စစ်​ပွဲ​များ​၌​ဂိ​လဒ် ပြည်​သူ​ကိုယ်​ဝန်​ဆောင်​တို့​၏​ဝမ်း​ကို​ပင် ဖောက်​ခွဲ​ကာ​သတ်​ဖြတ်​ခဲ့​လေ​ပြီ။-


အာ​ဇုတ်​နှင့်​အာ​ရှ​ကေ​လုန်​မြို့​များ​၌​ကြီး စိုး​နေ​သူ​တို့​ကို​ရှင်း​ပစ်​မည်။ ဧ​ကြုန်​မြို့ ကို​လည်း​ငါ​ဒဏ်​ခတ်​မည်။ ကျန်​ကြွင်း​နေ သူ​ဖိ​လိတ္တိ​မှန်​သ​မျှ​လည်း​သေ​ရ​လိမ့် မည်'' ဟု​မိန့်​တော်​မူ​၏။


အာ​ဇုတ်​နှင့်​အီ​ဂျစ်​ပြည်​ဘုံ​နန်း​များ​တွင်​စံ နေ​သူ​အ​ပေါင်း​တို့​အား ဤ​သို့​ကြေ​ငြာ​လော့။ ``ရှ​မာ​ရိ​မြို့​ပတ်​လည်​ရှိ​တောင်​များ​ပေါ်​၌ စု​ရုံး​လာ​ပြီး ထို​မြို့​ထဲ​၌​ကူး​လွန်​နေ​သော ပြစ်​မှု​များ​နှင့်​ဖြစ်​ပေါ်​နေ​သည့်​ယို​ယွင်း​မှု ကြီး​ကို​ရှု​စား​ကြ​လော့။''


ဤ​စ​ကား​ကို​ကြား​ကြ​သော​အ​ခါ​တ​ရား လွှတ်​တော်​အ​ဖွဲ့​ဝင်​တို့​သည် ပြင်း​စွာ​အ​မျက် ထွက်​ကြ​သ​ဖြင့် တ​မန်​တော်​တို့​အား​သေ​ဒဏ် ပေး​ရန်​တိုင်​ပင်​ကြ​၏။-


ထို​အ​ခါ​န​ဂါး​သည်​အ​မျက်​ထွက်​သ​ဖြင့် အ​မျိုး​သ​မီး​၏​ကျန်​ကြွင်း​နေ​သေး​သော သား​မြေး​များ​တည်း​ဟူ​သော ဘု​ရား​သ​ခင် ၏​ပ​ညတ်​တော်​တို့​ကို​စောင့်​ရှောက်​၍​သ​ခင် ယေ​ရှု​ဖော်​ပြ​တော်​မူ​သော သမ္မာ​တ​ရား​တော် ကို​သစ္စာ​ရှိ​စွာ​ထိန်း​သိမ်း​သူ​များ​အား​တိုက် ခိုက်​ရန်​ထွက်​ခွာ​သွား​၏။-


နာ​ဟတ်​က``ဣ​သ​ရေ​လ​အ​မျိုး​သား​တစ် ရပ်​လုံး​အ​သ​ရေ​ပျက်​စေ​ရန် သင်​တို့​၏​ညာ မျက်​စိ​ရှိ​သ​မျှ​ကို​ဖောက်​ပစ်​ခွင့်​ပေး​မှ​သာ ငါ​သည်​သင်​တို့​နှင့်​မ​ဟာ​မိတ်​စာ​ချုပ်​ချုပ် ဆို​နိုင်​မည်'' ဟု​ဆို​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ