Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 49:7 - Common Language Bible

7 တန်​ခိုး​တော်​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သ​ခင် သည်​ဧဒုံ​ပြည်​ကို​ရည်​မှတ်​၍``ဧ​ဒုံ​ပြည်​သား တို့​သည်​ဆင်​ခြင်​တိုင်း​ထွာ​နိုင်​စွမ်း​မ​ရှိ​ကြ တော့​ပြီ​လော။ သူ​တို့​၏​ပ​ညာ​ရှိ​များ​သည် လည်း​အ​ဘယ်​အ​မှု​ကို​ပြု​သင့်​ကြောင်း အ​ကြံ​ဉာဏ်​မ​ပေး​နိုင်​ကြ​တော့​ပြီ​လော။ သူ​တို့​၏​အ​သိ​ပ​ညာ​မှန်​သ​မျှ​သည် ပျောက်​ကွယ်​သွား​လေ​ပြီ​လော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7 ဧ ဒုံ ပြည် အ ကြောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ တေ မန် နယ် တွင် ဉာဏ် ပ ညာ ဆုံး ပါး ပြီ လော။ ဉာဏ် ပ ဋိ ဘာန် ရှိ သူ တို့ ၌၊ အ ကြံ အ စည် ပ ညာ ပျက် ၍ ဉာဏ် ပ ညာ ကွယ် ပြီ လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် ဧ​ဒုံ​ပြည်​ကို​ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ တေ​မန်​ပြည်၌ ပ​ညာ​ကုန်​သ​လော။ ပ​ညာ​သ​တိ​ရှိ​သော သူ​တို့​သည် အ​ကြံ​မ​ပေး​နိုင်​သ​လော။ သူ​တို့​ဉာဏ်​သည် ဆုံး​သ​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 ဧဒုံ​ပြည်​နှင့်​ပတ်သက်၍ ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​တေမန်​မြို့​၌ ပညာရှိ မ​ရှိ​တော့​သလော​။ အသိဉာဏ်​ရှိ​သော​သူ​တို့​သည် အကြံ​မ​ပေး​နိုင်​တော့​သလော​။ သူ​တို့ ဉာဏ်ပညာမဲ့​ကြ​ပြီ​လော​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 49:7
39 ပူးပေါင်းရင်းမြစ်များ  

ယာ​ကုပ်​အား``ငါ​အ​လွန်​ဆာ​လောင်​၏။ ထို​ပဲ ဟင်း​အ​နီ​ကို​ငါ​စား​ပါ​ရ​စေ'' ဟု​တောင်း လေ​သည်။ (ထို့​ကြောင့်​သူ့​အား​ဧ​ဒုံ​နာ​မည် ဖြင့်​ခေါ်​တွင်​ကြ​၏။)


ယာ​ကုပ်​သည်​ဖခင်​ထံ​မှ​ကောင်းချီး​မင်္ဂလာ​ကို ခံ​ရ​သ​ဖြင့် ဧ​သော​သည်​သူ့​အား​ရန်​ငြိုး​ထား ၏။ ဧ​သော​က``ဖ​ခင်​အ​နိစ္စ​ရောက်​လျှင်​ရောက် ခြင်း​ယာ​ကုပ်​ကို​ငါ​သတ်​ပစ်​မည်'' ဟု​ကြုံး ဝါး​လေ​၏။


ယာ​ကုပ်​သည်​ဧ​ဒုံ​ပြည်​တွင်​ရှိ​သော​သူ​၏​အစ် ကို​ဧ​သော​ထံ​သို့ စေ​တ​မန်​များ​ကို​ရှေ့​ပြေး အ​ဖြစ်​စေ​လွှတ်​လေ​၏။-


ဧ​သော​မှ​ဆင်း​သက်​သော​အ​နွယ်​တို့​ကို​ဖော်​ပြ ပေ​အံ့။ ဧ​သော​၏​သား​ဦး​ဧ​လိ​ဖတ်​သည်​အ​နွယ် များ​ဖြစ်​ကြ​သော​တေ​မန်၊ သြ​မ​ရ၊ ဇေ​ဖော၊ ကေ​နတ်၊-


သို့​ဖြစ်​၍​ဧ​သော​သည်​ဧ​ဒုံ​တောင်​တန်း​ဒေ​သ သို့​ပြောင်း​ရွှေ့​နေ​ထိုင်​လေ​သည်။


ထိုအခါတေမန်အမျိုးသား ဧလိဖတ်၊ ရှုအာ အမျိုးသားဗိလဒဒ်၊ နေမတ်အမျိုးသားဇောဖါတည်း ဟူသော ယောဘ၏အဆွေခင်ပွန်း သုံးယောက်တို့သည်၊ သူ၌ရောက်သော ဤအမှုကြီးအလုံးစုံတို့ကို သိတင်း ကြားလျှင်၊ ယောဘနှင့်အတူ ညည်းတွား၍ သူ့ကိုနှစ်သိမ့်စေခြင်းငှါ၊ စည်းဝေးမည် ချိန်းချက်သည်အတိုင်း၊ အသီးအသီး မိမိတို့နေရာအရပ်မှ ရောက်လာကြ၏။


ထိုအခါ တေမန်အမျိုးသား ဧလိဖတ်မြွက်ဆိုသည်ကား၊


အို ထာ​ဝ​ရ​ဘု​ရား၊ ယေ​ရု​ရှ​လင်​မြို့​ကို​သိမ်း​ယူ​ချိန်​၌ ဧ​ဒုံ​အ​မျိုး​သား​တို့​ပြု​သည့်​အ​မှု​ကို သ​တိ​ရ​တော်​မူ​ပါ။ ``ဤ​မြို့​ကို​မြေ​ပြင်​နှင့်​တ​ပြေး​ညီ​အောင် ဖြို​ဖျက်​ကြ​လော့'' ဟု​ထို​သူ​တို့​ပြော​ဆို​ခဲ့​ကြ​သော စ​ကား​ကို​သ​တိ​ရ​တော်​မူ​ပါ။


ဤ​ဗျာ​ဒိတ်​တော်​သည်​ဧ​ဒုံ​ပြည်​နှင့်​သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ဧ​ဒုံ​ပြည်​မှ​လူ​တစ်​ယောက်​က​ငါ​အား``အို ကင်း​စောင့်၊ ညဥ့်​ယံ​ကုန်​ဆုံး​ရန်​အ​ဘယ်​မျှ ကြာ​ပါ​ဦး​မည်​နည်း။ အ​ဘယ်​အ​ခါ​၌​ကုန် ဆုံး​မည်​ကို​ငါ့​အား​ပြော​ပါ​လော့'' ဟု​အော် ဟစ်​မေး​မြန်း​၏။


သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​မ​မျှော်​လင့်​သည့်​ဘေး ဒုက္ခ​တစ်​ခု​ပြီး​တစ်​ခု​သက်​ရောက်​စေ​၍ သူ​တို့ အား​တုန်​လှုပ်​ချောက်​ချား​စေ​မည်။ ပ​ညာ​ရှိ​တို့ သည်​လူ​မိုက်​များ​ဖြစ်​ကုန်​ကြ​လျက်၊ သူ​တို့ ၏​အ​သိ​အ​လိမ္မာ​မှန်​သ​မျှ​သည်​လည်း သူ​တို့ အား​အ​ဘယ်​သို့​မျှ​အ​ကျိုး​ပြု​လိမ့်​မည် မ​ဟုတ်'' ဟု​ယ​ခု​မိန့်​တော်​မူ​ပါ​၏။


ထာ​ဝ​ရ​ဘု​ရား​က``ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ငါ​အ​မွေ​ပေး​အပ်​ခဲ့​သည့် ပြည်​တော်​ကို​ပျက်​စီး​ယို​ယွင်း​စေ​သော ဣ​သ​ရေ​လ ပြည်​၏​အိမ်​နီး​ချင်း​နိုင်​ငံ​တို့​နှင့်​ပတ်​သက်​၍​ငါ ပြော​စ​ရာ​ရှိ​၏။ ငါ​သည်​ထို​သူ​ယုတ်​မာ​တို့​အား အ​မြစ်​ပြုတ်​သည့်​အ​ပင်​ငယ်​ကဲ့​သို့​သူ​တို့​ပြည် မှ​ဆွဲ​ထုတ်​မည်။ ယု​ဒ​ပြည်​ကို​သူ​တို့​လက်​မှ ဆွဲ​ထုတ်​ကယ်​ဆယ်​မည်။-


ထို​အ​ခါ ပြည်​သား​တို့​က``ယေ​ရ​မိ​ကို​ငါ​တို့ ဖယ်​ရှား​ကြ​ကုန်​အံ့။ ငါ​တို့​အား​သွန်​သင်​မည့် ယဇ်​ပု​ရော​ဟိတ်​များ၊ အ​ကြံ​ပေး​မည့်​ပ​ညာ​ရှိ များ၊ ဘု​ရား​သ​ခင်​၏​ဗျာ​ဒိတ်​တော်​ကို​ပြန် ကြား​မည့်​ပ​ရော​ဖက်​များ​ထား​ရှိ​မြဲ​ရှိ​ကြ မည်​သာ​ဖြစ်​၏။ ယေ​ရ​မိ​အား​ငါ​တို့​စွဲ​ချက် တင်​ကြ​ကုန်​အံ့။ သူ​ပြော​သည့်​စ​ကား​ကို နား​မ​ထောင်​ဘဲ​နေ​ကြ​ကုန်​အံ့'' ဟု​ဆို ကြ​၏။


`ငါ​သည်​မြောက်​အ​ရပ်​မှ​လူ​မျိုး​များ​နှင့်​ငါ ၏​အ​စေ​ခံ​ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ ကို​ဆင့်​ခေါ်​ကာ ဤ​ပြည်​သူ​ပြည်​သား​အ​ပေါင်း တို့​နှင့်​နီး​နား​ပတ်​ဝန်း​ကျင်​ရှိ​ပြည်​သူ​များ မှ​လူ​မျိုး​အ​ပေါင်း​တို့​အား​တိုက်​ခိုက်​စေ​မည်။ ငါ​သည်​ယင်း​တို့​ကို​အ​ကြွင်း​မဲ့​ဖျက်​ဆီး​၍ ထာ​ဝ​စဉ်​ယို​ယွင်း​ပျက်​စီး​စေ​သ​ဖြင့်​ရှု​မြင် ရ​သူ​တို့​လန့်​ဖျပ်​တုန်​လှုပ်​ကြ​လိမ့်​မည်။ ဤ ကား​ငါ​ထာ​ဝ​ရ​ဘု​ရား​မြွက်​ဟ​သည့် စ​ကား​ဖြစ်​၏။-


သို့​ဖြစ်​၍​ဧ​ဒုံ​ပြည်​သူ​တို့​အ​တွက်​ငါ​ပြု လုပ်​ထား​သည့်​အ​ကြံ​အ​စည်​ကို​လည်း​ကောင်း၊ တေ​မန်​မြို့​သူ​မြို့​သား​တို့​အ​တွက်​ငါ​ကြံ စည်​ထား​သည့်​အ​မှု​အ​ရာ​ကို​လည်း​ကောင်း နား​ထောင်​ကြ​လော့။ ရန်​သူ​သည်​သူ​တို့​၏ သား​သ​မီး​များ​ကို​ပင်​လျှင်​ဒ​ယဥ့်​တိုက် ဆွဲ​၍​ခေါ်​ဆောင်​သွား​လိမ့်​မည်။-


သင်​တို့​၏​ပ​ညာ​ရှိ​များ​သည်​အ​ရှက်​ကွဲ ကြ​၏။ သူ​တို့​သည်​စိတ်​ရှုပ်​ထွေး​လျက်​ထောင် ချောက်​တွင်​မိ​ကြ​လေ​ပြီ။ သူ​တို့​သည်​ငါ​၏ နှုတ်​က​ပတ်​တော်​ကို​ပစ်​ပယ်​လိုက်​ကြ​ပြီ ဖြစ်​၍​ယ​ခု​အ​ခါ​၌​သူ​တို့​တွင်​အ​ဘယ် သို့​သော​ပ​ညာ​ဉာဏ်​ရှိ​တော့​မည်​နည်း။-


ဧ​ဒုံ​ပြည်​နှင့်​ဥ​ဇ​ပြည်​သား​တို့​ရယ်​မော​၍ နေ​ကြ​လော့။ သင်​တို့​ဝမ်း​မြောက်​နိုင်​သည့်​ကာ​လ​ဝမ်း​မြောက်​လျက် နေ​ကြ​လော့။ သင်​တို့​ကြုံ​တွေ့​ရ​မည့်​ဘေး​အန္တရာယ်​သည်​လည်း သက်​ရောက်​လာ​လိမ့်​မည်။ သင်​သည်​လည်း​အ​ဝတ်​မဲ့​လျက်​ဒ​ယိမ်း​ဒ​ယိုင်​နှင့် အ​ရှက်​ကွဲ​ရ​လိမ့်​မည်။


``ဧ​ဒုံ​သည်​လည်း​မိ​မိ​၏​ဘု​ရင်​များ၊ မင်း​ညီ​မင်း သား​များ​နှင့်​ထို​အ​ရပ်​တွင်​ရှိ​၏။ သူ​တို့​သည်​စွမ်း အား​ကြီး​သည့်​စစ်​သူ​ရဲ​များ​ဖြစ်​သော်​လည်း စစ် ပွဲ​တွင်​ကျ​ဆုံး​ခဲ့​သည့်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ မ​ခံ​သူ​တို့​နှင့်​အ​တူ​မ​ရ​ဏာ​နိုင်​ငံ​တွင်​လဲ လျက်​နေ​ရ​ကြ​လေ​ပြီ။


က​တိ​ထား​တော်​မူ​သော​ပြည်​ကို​ပင်​ချဉ်း နင်း​ဝင်​ရောက်​ကာ ထောင်​ပေါင်း​များ​စွာ​သော လူ​တို့​ကို​သတ်​ဖြတ်​လိမ့်​မည်။ သို့​ရာ​တွင် ဧ​ဒုံ​ပြည်၊ မော​ဘ​ပြည်၊ အမ္မုန်​ပြည်​တို့ သည်​ဘေး​မှ​လွတ်​မြောက်​ကြ​လိမ့်​မည်။-


``အီ​ဂျစ်​ပြည်​သည်​သဲ​က​န္တာ​ရ​ဖြစ်​၍​ဧ​ဒုံ ပြည်​သည် ပျက်​စီး​ယို​ယွင်း​၍​လူ​သူ​ကင်း​မဲ့​သည့် နေ​ရာ​ဖြစ်​နေ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​ပြည်​တို့​သည် ယု​ဒ​ပြည်​ကို​တိုက်​ခိုက်​၍၊ အ​ပြစ်​မဲ့​သူ​တို့​အား​သတ်​ဖြတ်​ခဲ့​ကြ​သော ကြောင့်​ဖြစ်​၏။


``ဧ​ဒုံ​အ​မျိုး​သား​တို့​သည် သင်​တို့​၏​သား ချင်း​များ​ဖြစ်​သော​ကြောင့် သူ​တို့​ကို​မ​မုန်း​ရ။ အီ​ဂျစ်​အ​မျိုး​သား​တို့​ကို​လည်း​မ​မုန်း​ရ။ သင်​တို့​သည်​တစ်​ခါ​က သူ​တို့​၏​ပြည်​တွင် နေ​ထိုင်​ခဲ့​ဖူး​သည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ