Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 49:8 - Common Language Bible

8 အို ဒေ​ဒန်​မြို့​သူ​မြို့​သား​တို့၊ လှည့်​၍​ထွက်​ပြေး ကြ​လော့။ ပုန်း​အောင်း​၍​နေ​ကြ​လော့။ ဧ​သော ၏​သား​မြေး​တို့​အား​အ​ပြစ်​ဒဏ်​ခတ်​မည့် အ​ချိန်​ကာ​လ​ကျ​ရောက်​လာ​ပြီ​ဖြစ်​၍ ငါ​သည်​သူ​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 အို ဒေ ဒန် နယ် သား တို့၊ ငါ ဒဏ် ခတ် ရာ ကာ လ နှင့် သင့် အံ့ သော ဘေး ကို၊ ဧ သော့ အ ဆက် အ နွယ် ၌ ရောက် စေ မည် ဖြစ်၍၊ ဆုတ် သွား ထွက် ပြေး လျက်၊ နက် ရှိုင်း စွာ အောင်း နေ ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 အို ဒေ​ဒန်​မြို့​သူ​မြို့​သား​တို့၊ ဆုတ်၍ ပြေး​သွား​ကြ​လော့။ နက်​နဲ​သော​အ​ရပ်၌ နေ​ကြ​လော့။ ဧ​သော​တွေ့​ရ​သော​ဘေး၊ ဆုံး​မ​ခြင်း​ကို​ခံ​ရ​သော​အ​ချိန်​ကို ငါ​ရောက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 အို ဒေဒန်​မြို့သူမြို့သား​တို့​၊ နောက်ဆုတ်​ထွက်ပြေး​ကြ​။ ပုန်းအောင်း​နေ​ကြ​။ အကြောင်းမူကား သူ့​ကို​ဒဏ်ခတ်​သော​အချိန်​၌ ဧသော​ခံရ​သော​ဘေးဒုက္ခ​မျိုး​ကို သူ့​အပေါ်​သက်ရောက်​စေ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 49:8
22 ပူးပေါင်းရင်းမြစ်များ  

ကမ္ဘာ​မြေ​ကြီး​ကို​တုန်​လှုပ်​ချောက်​ချား​စေ​ရန် ကိုယ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ လူ​တို့ သည်​ကိုယ်​တော်​၏​အ​မျက်​တော်၊ တန်​ခိုး​တော် နှင့်​ဘုန်း​အ​သ​ရေ​တော်​၏​အ​ရှိန်​အ​ဝါ​မှ ကင်း​ဝေး​ကြ​စေ​ရန် မြေ​တွင်း​များ​နှင့်​ကျောက် တောင်​လှိုဏ်​ဂူ​များ​တွင်​ပုန်း​အောင်း​နေ​ကြ လိမ့်​မည်။


ဤ​ဗျာ​ဒိတ်​တော်​ကား​အာ​ရပ်​ပြည်​နှင့်​သက် ဆိုင်​သော​ဗျာ​ဒိတ်​တော်​ဖြစ်​၏။ သစ်​ပင်​မ​ပေါက်​သည့်​အာ​ရပ်​နယ်​မြေ​၌၊ ကုန် စည်​လှည်း​ရ​ထား​များ​ကို​စ​ခန်း​ချ​တတ် သည့်​အ​ချင်း​ဒေ​ဒန်​အ​မျိုး​သား​တို့၊-


ထာ​ဝ​ရ​ဘု​ရား​သည်​ဋ္ဌား​တော်​ကို​ကောင်း​ကင် ဘုံ​တွင် အ​သင့်​ပြင်​ဆင်​တော်​မူ​ပြီး​မှ​ဆုံး​ပါး ပျက်​စီး​ရန် အ​ပြစ်​ဒဏ်​စီ​ရင်​ထား​တော်​မူ သော​ဧ​ဒုံ​ပြည်​သူ​တို့​အ​ပေါ်​သို့​သက်​ရောက် စေ​တော်​မူ​လိမ့်​မည်။-


အ​ငှား​စစ်​သည်​များ​ပင်​လျှင်​နွား​သ​ငယ်​များ သ​ဖွယ် ခို​ကိုး​ရာ​မဲ့​ဖြစ်​ကြ​၏။ သူ​တို့​သည်​ခု​ခံ​တိုက်​ခိုက်​မှု​ကို​မ​ပြု​ဘဲ အား​လုံး​လှည့်​၍​ပြေး​ကြ​လေ​သည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့​ဆုံး​ပါး​ပျက်​စီး ရ​မည့်​နေ့၊ ကံ​ကြမ္မာ​ဆိုး​ကြုံ​တွေ့​ရ​မည့်​နေ့​ရက်​ကာ​လ​သည် ကျ​ရောက်​လာ​ပြီ​ဖြစ်​သော​ကြောင့်​တည်း။


``မော​ဘ​ပြည်​သူ​တို့၊ သင်​တို့​သည်​မိ​မိ​တို့ ၏​မြို့​များ​မှ​ထွက်​ခွာ​ပြီး​လျှင် ကျောက်​ကမ်း ပါး​သို့​သွား​ရောက်​နေ​ထိုင်​ကြ​လော့။ လျှို မြောင်​အ​ကြား​တွင်​အ​သိုက်​လုပ်​တတ်​သည့် ချိုး​ငှက်​ကဲ့​သို့​ပြု​ကြ​လော့။-


ထိတ်​လန့်​ဖွယ်​ရာ​ကောင်း​သည့်​အ​ရာ​မှ​လွတ် မြောက်​ရန်​ကြိုး​စား​သူ​သည်​မြေ​တွင်း​ထဲ​သို့ ကျ​လိမ့်​မည်။ မြေ​တွင်း​မှ​တက်​၍​လာ​သော​သူ သည်​လည်း​ထောင်​ချောက်​များ​တွင်​မိ​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​မော​ဘ​ပြည်​ကို​သုတ် သင်​ဖျက်​ဆီး​ရန်​အ​ချိန်​ကို​ငါ​သတ်​မှတ် ထား​ပြီး​ဖြစ်​သော​ကြောင့်​တည်း။-


သူ​တို့​က`သင်​တို့​အ​သက်​ချမ်း​သာ​ရ​အောင် လျင်​မြန်​စွာ​ပြေး​ကြ​လော့။ သဲ​ကန္တာ​ရ​မှ​မြည်း​ရိုင်း​ကဲ့​သို့​ပြေး​ကြ​လော့' ဟု​ဆို​ကြ​၏။


``ဟာ​ဇော်​မြို့​သား​တို့၊ ရပ်​ဝေး​သို့​ထွက်​ပြေး ပုန်း​အောင်း​နေ​ကြ​ရန် သင်​တို့​အား​ငါ​ထာ​ဝ​ရ ဘု​ရား​သတိ​ပေး​၏။ ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ် နေ​ဇာ​သည်​သင်​တို့​ကို​လုပ်​ကြံ​ရန်​ကြံ​စည် ထား​လေ​ပြီ။-


``သူ​တို့​၏​ကု​လား​အုတ်​မှ​စ​၍​တိ​ရစ္ဆာန် အ​ပေါင်း​ကို​ယူ​ကြ​လော့။ ငါ​သည်​ဆံ​ပင် ဖြတ်​သူ​တို့​ကို​အ​ရပ်​တ​ကာ​သို့​ကွဲ​လွင့်​စေ​၍ အ​ရပ်​ရပ်​မှ​ဘေး​အန္တ​ရာယ်​ဆိုး​နှင့်​တွေ့​ကြုံ စေ​မည်။-


စစ်​သည်​တပ်​သား​အ​ပေါင်း​ကို​သတ်​ဖြတ်​ကြ လော့။ အ​စု​လိုက်​အ​ပြုံ​လိုက်​သတ်​ကြ​လော့။ ဗာ​ဗု​လုန်​ပြည်​သား​တို့​သည်​အ​မင်္ဂ​လာ​ရှိ ကြ​၏။ သူ​တို့​အ​ပြစ်​ဒဏ်​ခံ​ရ​မည့်​နေ့​ရက် ကာ​လ​သည်​ကျ​ရောက်​လာ​လေ​ပြီ'' ဟု မိန့်​တော်​မူ​၏။


ဗင်္ယာ​မိန်​ပြည်​သား​တို့၊ ဘေး​မဲ့​လုံ​ခြုံ​ရာ​သို့​ပြေး ကြ​လော့။ ယေ​ရု​ရှ​လင်​မြို့​မှ​ထွက်​သွား​ကြ​လော့။ တေ​ကော​ရွာ​၌​တံ​ပိုး​ခ​ရာ​ကို​မှုတ်​ကြ​လော့။ ဗေ​သက္က​ရင်​ရွာ​တွင်​အ​ချက်​ပြ​မီး​ရှူး​တိုင်​ကို မြှောက်​တင်​ကြ​လော့။ ဘေး​အန္တ​ရာယ်​နှင့်​ပျက်​စီး ခြင်း​သည်​မြောက်​အ​ရပ်​မှ​ရောက်​ရှိ​လာ​တော့ မည်။-


သို့​ဖြစ်​၍​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ​သည် ဧ​ဒုံ​ပြည်​ကို​ဒဏ်​ခတ်​၍​လူ​နှင့်​တိ​ရစ္ဆာန်​ရှိ သ​မျှ​တို့​ကို ပယ်​ရှင်း​မည်​ဖြစ်​ကြောင်း​ကြေ ညာ​၏။ ငါ​သည်​တေ​မာန်​မြို့​မှ​သည်​ဒေ​ဒန် မြို့​တိုင်​အောင် လူ​သူ​ဆိတ်​ညံ​ရာ​အ​ရပ်​ဖြစ် စေ​မည်။ လူ​တို့​သည်​လည်း​စစ်​ပွဲ​တွင်​ကျ ဆုံး​ကြ​လိမ့်​မည်။-


ဧ​သော​နှင့်​သား​မြေး​တို့​ကို​မုန်း​၏။ ငါ​သည် ဧ​သော​၏​တောင်​ကုန်း​နယ်​မြေ​ကို​ပျက်​ပြုန်း စေ​၍ တော​တိ​ရစ္ဆာန်​များ​အ​တွက်​စွန့်​ပစ် လျက်​ထား​လေ​ပြီ'' ဟု​ပြန်​လည်​မိန့်​ကြား တော်​မူ​၏။


အ​ကယ်​၍​ဧ​သော​၏​သား​မြေး​များ​ဖြစ် သော​ဧ​ဒုံ​ပြည်​သား​တို့​က``ငါ​တို့​မြို့​များ သည်​ပြို​ပျက်​၍​သွား​ပြီ​ဖြစ်​သော်​လည်း​ယင်း တို့​ကို​ငါ​တို့​ပြန်​လည်​တည်​ထောင်​မည်'' ဟု ဆို​ခဲ့​သော်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​သည် ``သူ​တို့​ပြန်​လည်​တည်​ထောင် ကြ​ပါ​လေ​စေ။ ထို​မြို့​များ​ကို​ငါ​တစ်​ဖန် ပြန်​၍​ဖြို​ချ​မည်။ လူ​တို့​သည်​ထို​သူ​တို့ အား `ဒု​စ​ရိုက်​ပြည်​သား​များ' ဟူ​၍​လည်း ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​၏​အ​မျက်​တော် ထာ​ဝ​စဉ်​သင့်​သော​အ​မျိုး​သား​များ​ဟူ ၍​လည်း​ကောင်း​ခေါ်​ဆို​ကြ​လတ္တံ့'' ဟု​မိန့် တော်​မူ​လိမ့်​မည်။


ထို​အ​ခါ​လော​ကီ​ဘု​ရင်၊ အာ​ဏာ​ပိုင်၊ စစ်​သူ​ကြီး၊ သူ​ဌေး​သူ​ကြွယ်၊ တန်​ခိုး​အာ​ဏာ​ရှိ​သူ​မှ​စ​၍ ကျွန်​နှင့်​ကျွန်​မ​ဟုတ်​သူ​အ​ပေါင်း​တို့​သည်​လိုဏ် ဂူ​များ​၌​လည်း​ကောင်း၊ တောင်​ပေါ်​ကျောက်​ဆောင် များ​၌​လည်း​ကောင်း​ပုန်း​အောင်း​၍​နေ​ကြ ကုန်​၏။-


မိ​ဒျန်​အ​မျိုး​သား​တို့​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ထက်​အင်​အား​ကြီး​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည်​ဥ​မင်​များ​၌​လည်း​ကောင်း၊ အ​ခြား​ဘေး​လွတ်​ရာ​တောင်​ပေါ်​ဒေ​သ​များ ၌​လည်း​ကောင်း​ပုန်း​အောင်း​နေ​ရ​ကြ​ကုန်​၏။-


ထို​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြင်း​ထန်​စွာ​တိုက်​ခိုက်​၍​ဖ​ရို​ဖ​ရဲ​ဖြစ်​စေ လေ​သည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ချို့ တို့​သည်​ဥ​မင်၊ ကျောက်​ကြား၊ ရေ​တွင်း၊ မြေ တွင်း​စ​သည်​တို့​၌​ပုန်း​အောင်း​နေ​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ