၂ ရာချုပ် 20:23 - Common Language Bible23 အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible23 အ မ္မုန်၊ မော ဘ အ မျိုး သား တို့ သည်၊ စိ ရ တောင် တန်း သား တို့ ကို တိုက် ခိုက် ပယ် ရှား ဖျက် ဆီး ပြီး မှ၊ အ ချင်း ချင်း ဝိုင်း အုံ ဖျက် ဆီး ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible23 တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ရောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း23 အမ္မုန်အမျိုးသားနှင့် မောဘအမျိုးသားတို့သည် ထ၍ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းဖျက်ဆီးကြ၏။ ထိုသို့ စိရတောင်ပေါ်သားတို့ကို အကုန်ချေမှုန်းပြီးနောက် အချင်းချင်းလည်းတိုက်ခိုက်ကြပြန်၏။ အခန်းကိုကြည့်ပါ။ |
ဂိဒေါင်၏တပ်သားတို့တံပိုးခရာများကို မှုတ်ကြစဉ်အခါ၌ ထာဝရဘုရားသည် ရန်သူတို့အားအချင်းချင်းဋ္ဌားလက်နက် ဖြင့်တိုက်ခိုက်စေတော်မူ၏။ သူတို့သည်ဇေရ ရတ်အရပ်သို့ဦးတည်လျက်ဗက်ရှိတ္တမြို့သို့ တိုင်အောင်လည်းကောင်း၊ တဗ္ဗတ်မြို့အနီးအာ ဗေလမဟောလမြို့သို့တိုင်အောင်လည်း ကောင်းထွက်ပြေးကြလေသည်။
ယဟောရံ၏လက်ထက်၌ဧဒုံပြည်သည် ပုန်ကန်၍ လွတ်လပ်သောနိုင်ငံဖြစ်လာလေ သည်။ ယဟောရံနှင့်သူ၏တပ်မှူးတို့သည် စစ်ရထားများနှင့်ထွက်ခွာ၍ ဧဒုံပြည်သို့ ချင်းနင်းဝင်ရောက်ကြ၏။ သူတို့သည်ထို အရပ်တွင်ဧဒုံတပ်မတော်၏အဝိုင်းခံ ရကြသော်လည်းညဥ့်အခါချိုးဖောက် ထွက်ပြေးကြလေသည်။-
ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-