| ယေရမိ 49:2 - Common Language Bible2 ငါသည်ရဗ္ဗာမြို့သူမြို့သားတို့အားစစ်တိုက် သံများကို ကြားစေမည့်အချိန်ကာလကျ ရောက်လာလိမ့်မည်။ ထိုမြို့သည်ပျက်စီးလျက် ယင်း၏ကျေးလက်တောရွာများသည်လည်း မီးလောင်ကျွမ်းလိမ့်မည်။ ထိုအခါဣသရေလ အမျိုးသားတို့သည်မိမိတို့ပြည်ကိုသိမ်းယူ ထားသူတို့၏လက်မှပြန်လည်ရရှိကြ လိမ့်မည်။-အခန်းကိုကြည့်ပါ။ Garrad Bible2 သို့ ဖြစ်၍၊ အ မ္မုန် ပြည် ရ ဗ္ဗာ မြို့ တော်၌၊ စစ် ရေး သံ ကို ငါ ကြား စေ သ ဖြင့်၊ မြို့ တော် သည် ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ ဇ န ပုဒ် များ လည်း မီး ကျွမ်း လောင် ခြင်း ကို ခံ ရ သည့် အ လျောက်၊ ဣ သ ရေ လ လူ မျိုး ကို ပိုင် ခဲ့ သူ တို့ သည်၊ ထို လူ မျိုး ထံ ပိုင် ခြင်း ကို ခံ ရ သော နေ့ ရက် ကာ လ ရောက် တော့ မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။အခန်းကိုကြည့်ပါ။ Judson Bible2 ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်တိုက်ခြင်းအသံကို ငါကြားစေသောအချိန် ရောက်လိမ့်မည်။ ထိုမြို့သည် ပျက်စီးရာပုံဖြစ်၍၊ သူ၏သမီးတို့သည်လည်း မီးရှို့ခြင်းကို ခံရကြလိမ့်မည်။ ထိုအခါ ဣသရေလအမျိုး၏ နေရာကို၊ သိမ်းယူသောသူတို့၏နေရာကို၊ ဣသရေလသည် တစ်ဖန်သိမ်းယူရလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။အခန်းကိုကြည့်ပါ။ မြန်မာ့စံမီသမ္မာကျမ်း2 ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် အမ္မုန်အမျိုးသားတို့နေရာ ရဗ္ဗာမြို့၌ စစ်ပွဲသံကြားရသောအချိန် ရောက်စေမည်။ ထိုမြို့သည် အပျက်အစီးပုံကြီးဖြစ်၍ မြို့ငယ်တို့သည်လည်း မီးလောင်သွားလိမ့်မည်။ အစ္စရေးလူမျိုးတို့သည်လည်း မိမိအား သိမ်းပိုက်ခဲ့သူကို ပြန်၍သိမ်းပိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။အခန်းကိုကြည့်ပါ။ | 
(သြဃဘုရင်သည်အလွန်ထွားကြိုင်းသော ရီဖိမ် အနွယ်ဝင်ထဲမှနောက်ဆုံးကြွင်းကျန်သူဖြစ်၏။ သူ၏အလောင်းထည့်ရာခေါင်းကိုကျောက်ဖြင့် ပြုလုပ်၍ အနံခြောက်ပေ၊ အလျားတစ်ဆယ့် လေးပေနီးပါးရှိ၏။ ထိုဘုရင်၏ခေါင်းကို အမ္မုန်ပြည်ရဗ္ဗတ်မြို့တွင်ယနေ့တိုင်တွေ့မြင် နိုင်လေသည်။)
ထိုနှစ်နွေဦးပေါက်၍ ဘုရင်တို့စစ်တိုက် ထွက်လေ့ရှိသည့်အချိန်ရောက်သောအခါ ဒါဝိဒ်သည်ယွာဘအားသူ၏တပ်မှူးများ နှင့်ဣသရေလတပ်မတော်ကိုစေလွှတ်ရာ သူတို့သည်အမ္မုန်ပြည်သားတို့ကိုနှိမ်နင်း၍ ရဗ္ဗာမြို့ကိုဝိုင်းထားကြ၏။ ဒါဝိဒ်မူကား ယေရုရှလင်မြို့တွင်နေရစ်သတည်း။
ထာဝရဘုရားသည်အမ္မုန်ပြည်သားတို့ ကိုရည်မှတ်၍မိန့်တော်မူသည်မှာ``ဣသရေလ အမျိုးသားများကားအဘယ်မှာနည်း။ သူ တို့၏ပြည်အတွက်ခုခံကာကွယ်မည့်သူ တစ်စုံတစ်ယောက်မျှမရှိသလော။ သူတို့ သည်အဘယ်ကြောင့်မိလကုံဘုရားကို ဝတ်ပြုကိုးကွယ်သူတို့အား ဂဒ်အနွယ်၏ နယ်မြေကိုသိမ်းယူစေကာထိုအရပ်တွင် နေထိုင်ခွင့်ပြုကြသနည်း။-
``ယုဒပြည်တောင်းပိုင်းမှလူတို့သည် ဧဒုံပြည် ကိုလည်းကောင်း၊ အနောက်တောင်ခြေဒေသများမှလူတို့က ဖိလိတ္တိပြည်ကိုလည်းကောင်းသိမ်းယူကြ လိမ့်မည်။ ဣသရေလအမျိုးသားတို့သည်၊ဧဖရိမ်နှင့် ရှမာရိနယ်မြေများကိုပိုင်ဆိုင်ရကြလျက်၊ ဗင်္ယာမိန်လူမျိုးတို့ကဂိလဒ်ပြည်ကိုရရှိကြ လိမ့်မည်။
ထိုမြို့သားတို့ပိုင်သောပစ္စည်းဥစ္စာရှိသမျှတို့ ကို မြို့စျေးကွက်တွင်စုပုံရမည်။ ထို့နောက်မြို့ နှင့်တကွပစ္စည်းရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားအားပူဇော်သကာ အဖြစ်မီးရှို့ရမည်။ ထိုမြို့ကိုအသစ်တစ်ဖန် မတည်မဆောက်ရ။ မြို့ပျက်အဖြစ်အစဉ် တည်ရှိစေရမည်။-
ထိုအခါသူတို့က``တောင်ကုန်းဒေသသည် အကျွန်ုပ်တို့နေထိုင်ရန်အတွက်ကျဉ်းမြောင်း ပါသည်။ ဗက်ရှန်နှင့်ပတ်ဝန်းကျင်မြို့များ အနီးရှိမြေပြန့်၌လည်းကောင်း၊ ယေဇရေ လချိုင့်ဝှမ်း၌လည်းကောင်းနေထိုင်သော ခါနာန်အမျိုးသားများတွင်သံစစ်ရထား များရှိကြပါသည်'' ဟုလျှောက်ဆိုကြ၏။
ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။-