အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
ယေရမိ 48:26 - Common Language Bible ထာဝရဘုရားက``မောဘပြည်သည်ငါထာဝရ ဘုရားအားပုန်ကန်ခဲ့သည်ဖြစ်၍ ထိုပြည်ကို ယစ်မူး၍နေစေကြလော့။ သူသည်မိမိ၏အန် ဖတ်တွင်လူးလှိမ့်၍နေလိမ့်မည်။ လူတို့သည် လည်းသူ့အားပြောင်လှောင်ကြလိမ့်မည်။- Garrad Bible မော ဘ သည် ထာ ဝ ရ ဘု ရား တစ် ဘက်၌ မောက် ကြွား သော ကြောင့်၊ ကိုယ့် အန် ဖတ် တွင် လူး လဲ လျက်၊ လှောင် ပြောင် ခံ ရ သည့် တိုင် အောင်၊ မူး ယစ် စေ ကြ လော့။ Judson Bible မောဘသည် ထာဝရဘုရားတစ်ဖက်၌ ဝါကြွားသောကြောင့် သူ့ကိုယစ်မူးစေကြလော့။ သူသည် မိမိအန်ဖတ်၌ လူးလည်း၍ ကဲ့ရဲ့ခြင်းကိုခံရ၏။ မြန်မာ့စံမီသမ္မာကျမ်း မောဘပြည်သည် ထာဝရဘုရားထက် ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သောကြောင့် သူ့ကို ယစ်မူးစေကြလော့။ သူသည် မိမိအန်ဖတ်၌ လူးလိမ့်၍ ပြက်ရယ်ပြုစရာဖြစ်လိမ့်မည်။ |
အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။
ဘုရားသခင်သည်ထူးဆန်းသောဥာဏ်၊ ကြီးစွာသောတန်ခိုးနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အဘယ်သူသည် အာဏာတော်ကို ဆန်၍အောင်နိုင်သနည်း။
ကောင်းကင်ဘုံရှိပလ္လင်တော်ပေါ်မှာထာဝရ ဘုရားသည် ပြုံးရယ်တော်မူလျက် ထိုသူတို့၏အကြံအစည်ကိုပြက်ရယ်ပြု တော်မူ၏။
သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်သူတို့ကိုကြည့်၍ ပြုံးရယ်တော်မူပါ၏။ ဘုရားမဲ့သူအပေါင်းတို့ကိုပြက်ရယ်ပြု တော်မူပါ၏။
ကိုယ်တော်ရှင်သည်မိမိ၏လူစုတော်အား အတိဒုက္ခရောက်စေတော်မူပါပြီ။ ကျွန်တော်မျိုးတို့အားသေသောက်ကူး သူများသဖွယ်ယိမ်းယိုင်စေတော်မူပါပြီ။
ထာဝရဘုရားသည်အမျက်တော်တည်းဟူသော အလွန်ပြင်းသည့်စပျစ်ရည်ထည့်ထားသော ခွက်ဖလားကိုလက်တော်တွင်ကိုင်ထားတော်မူ၏။ ထိုစပျစ်ရည်ကိုကိုယ်တော်လောင်းချ တော်မူသောအခါ သူယုတ်မာအပေါင်းတို့သည်သောက်ကြကုန်၏။ သူတို့သည်တစ်စက်မျှမကျန်အောင်သောက် ကြကုန်၏။
ဖာရောဘုရင်က``ထိုဘုရားသည်မည်သူနည်း။ ငါသည်အဘယ်ကြောင့်ထိုဘုရား၏စကား ကိုနာခံလျက် ဣသရေလအမျိုးသားတို့ကို လွှတ်ရမည်နည်း။ ငါသည်ထိုဘုရားကိုမသိ သဖြင့်ဣသရေလအမျိုးသားတို့ကိုမ လွှတ်နိုင်'' ဟုဆိုလေ၏။
သို့သော်လည်းသင်သည်မောက်မာမြဲမောက်မာ လျက် ငါ၏လူမျိုးတော်ကိုသွားခွင့်မပြုဘဲ နေသေး၏။-
သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားသည်သူတို့အားမရှင်းမလင်း သည့်အကြံဉာဏ်များကိုပေးစေတော်မူသဖြင့် အီဂျစ်ပြည်သူတို့သည်အမှားမှားအယွင်း ယွင်းဖြစ်လျက်၊ မိမိ၏အံဖတ်ပေါ်တွင်ပြန်လဲ သောသေသောက်ကြူးသူကဲ့သို့ယိမ်းယိုင်၍ နေကြတော့၏။-
သူတို့၏စားပွဲများသည်ရစရာမရှိ အောင်အန်ဖတ်များနှင့်ပေကျံ၍နေတော့၏။
သင်တို့သည်အသိဉာဏ်တုံးလျက်ပင်ရှိနေ ကြလော့။ မျက်စိကန်း၍နေကြလော့။ စပျစ် ရည်မသောက်ဘဲယစ်မူးကြလော့။ တစ်စက်မျှ ပင်မသောက်ဘဲယိမ်းထိုး၍နေကြလော့။-
အို ယေရုရှလင်မြို့၊နိုးထလော့။ မိမိကိုယ်ကိုနှိုး၍ထပါလော့။ ထာဝရဘုရားအမျက်တော်ထွက်သဖြင့် သင့်အားပေးတော်မူသော၊ခွက်ဖလားမှအပြစ် ဒဏ် စပျစ်ရည်ကိုသင်သည်သောက်သုံးခဲ့လေပြီ။ ယင်းကိုသောက်သုံးသဖြင့်ယိမ်းယိုင်လျက်နေခဲ့၏။
ငါသည်မိမိ၏အမျက်ဒေါသအလျောက် လူမျိုးတကာတို့ကိုနှိမ်နင်းချေမှုန်းခဲ့၏။ သူတို့၏သွေးကိုမြေပေါ်သို့သွန်းလောင်း ခဲ့၏'' ဟုမိန့်တော်မူ၏။
မောဘပြည်သည်ကြေမွ၍သွားလေပြီ။ မောဘပြည်သည်ငိုကြွေးလျက်နေလေပြီ။ မောဘပြည်သည်အသရေပျက်လေပြီ။ ထို ပြည်သည်ယိုယွင်းပျက်စီးလျက်နေသဖြင့် နီးနားဝန်းကျင်မှလူမျိုးအပေါင်းတို့သည် ယင်းကိုပြက်ရယ်ပြုကြကုန်၏။ ဤကား ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူသည်။
မောဘပြည်သည်ငါ့အားပုန်ကန်ခဲ့သဖြင့် သုတ်သင်ဖျက်ဆီးခြင်းကိုခံရကာနိုင်ငံ တစ်ခုအနေဖြင့်တည်ရှိတော့မည်မဟုတ်။-
``ဗာဗုလုန်မြို့ကိုတိုက်ခိုက်ရန်လေးသမား တို့အားပြောကြားကြလော့။ လေးနှင့်မြား ကိုအသုံးပြုတတ်သူမှန်သမျှကိုစေလွှတ် ကြလော့။ မြို့ကိုဝိုင်းရံထားကြလော့။ အဘယ် သူမျှထွက်မပြေးစေနှင့်။ ထိုမြို့သားတို့အား လက်စားချေကြလော့။ သူတို့သည် သူတစ်ပါး တို့အားပြုကျင့်ခဲ့ကြသည့်အတိုင်းသူတို့ အားပြုကျင့်ကြလော့။ အဘယ်ကြောင့်ဆို သော်သူတို့သည်ဣသရေလအမျိုးသားတို့ ၏သန့်ရှင်းမြင့်မြတ်တော်မူသောအရှင် ဖြစ်သူငါ့ကိုမာနထောင်လွှားစွာဆန့် ကျင်ခဲ့ကြပြီ။-
သူတို့သည်အစားကြူးသူများပေလော။ ငါ သည်သူတို့အားစားပွဲကြီးတစ်ခုတည်ခင်း ကျွေးမွေးကာမူးယစ်ပျော်ရွင်စေမည်။ သူတို့ သည်အိပ်ပျော်၍သွားပြီးလျှင်နောင်အဘယ် အခါ၌မျှနိုးထကြတော့မည်မဟုတ်။-
ထိုမြို့၏စီမံအုပ်ချုပ်သူများ၊ပညာရှိများ၊ ခေါင်းဆောင်များနှင့်စစ်သည်တပ်သားများ အား ငါမူးယစ်စေမည်။ သူတို့သည်အိပ်ပျော်သွားပြီးလျှင် နောင်အဘယ်အခါ၌မျှနိုးထကြလိမ့်မည် မဟုတ်။ ဤကားငါဘုရင်မြွက်ဟသည့်စကားဖြစ်၏။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား ဖြစ်သတည်း။
ဗာဗုလုန်မြို့သည်ငါကိုင်၍ထားသည့်ရွှေ ဖလား၊ ကမ္ဘာတစ်ဝှမ်းလုံးကိုမူးယစ်စေသည့် စပျစ်ရည်ခွက်ဖလားနှင့်တူ၏။ လူမျိုး တကာတို့သည်ထိုခွက်ဖလားမှစပျစ် ရည်ကိုသောက်၍ရူးသွတ်ကြကုန်၏။-
``ကျွန်တော်မျိုး၏ညည်းတွားသံများကို နားထောင်တော်မူပါ။ ကျွန်တော်မျိုးအားနှစ်သိမ့်မှုပေးမည့်သူ တစ်ဦးတစ်ယောက်မျှမရှိပါ။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ဘေးအန္တရာယ်ဆိုးနှင့်ကြုံတွေ့စေတော်မူသဖြင့် ရန်သူတို့ဝမ်းမြောက်ကြပါ၏။ ကိုယ်တော်ရှင်ကတိထားတော်မူသည့်နေ့ရက် ကာလကိုကျရောက်စေတော်မူပါ။ ရန်သူများအားကျွန်တော်မျိုးနည်းတူ ဒုက္ခတွေ့စေတော်မူပါ။''
ကိုယ်တော်သည်ငါ့အားပြင်းထန်သော ဝေဒနာကိုအစာရေစာအဖြစ်တိုက်ကျွေး တော်မူပါ၏။
ဧဒုံပြည်နှင့်ဥဇပြည်သားတို့ရယ်မော၍ နေကြလော့။ သင်တို့ဝမ်းမြောက်နိုင်သည့်ကာလဝမ်းမြောက်လျက် နေကြလော့။ သင်တို့ကြုံတွေ့ရမည့်ဘေးအန္တရာယ်သည်လည်း သက်ရောက်လာလိမ့်မည်။ သင်သည်လည်းအဝတ်မဲ့လျက်ဒယိမ်းဒယိုင်နှင့် အရှက်ကွဲရလိမ့်မည်။
``ဆီးရီးယားဘုရင်သည်မိမိ၏စိတ်ဆန္ဒရှိ သည်အတိုင်းပြုလိမ့်မည်။ မိမိသည်ဘုရား အပေါင်းတို့ထက်ကြီးမြတ်သည်ဟူ၍လည်း ကောင်း၊ အမြင့်မြတ်ဆုံးသောဘုရားသခင်ထက် ပင်ကြီးမြတ်သည်ဟူ၍လည်းကောင်း ကြွားဝါ ပြောဆိုလိမ့်မည်။ သူသည်မိမိအားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူချိန်တိုင်အောင် ဤသို့ကြွားဝါနိုင်လိမ့်မည်။ အဘယ်ကြောင့် ဆိုသော်ဘုရားသခင်သည်မိမိအကြံ အစည်တော်ရှိသည်အတိုင်းပြုတော်မူ မည်ဖြစ်သောကြောင့်တည်း။-
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-
ချိုအတက်သည်ကောင်းကင်ဗိုလ်ခြေတည်း ဟူသောကြယ်တာရာများကိုတိုက်ခိုက်နိုင် သည်တိုင်အောင် အင်အားကြီးမားလာကာ ထိုကြယ်တာရာအချို့တို့ကိုမြေသို့ ချ၍နင်းချေလေသည်။-
အို နိနေဝေမြို့၊ သင်သည်မူးယစ်ထုံထိုင်း လျက်ရန်သူများ၏လက်မှလွတ်မြောက် ရန်ကြိုးစားလိမ့်မည်။-
သင်တို့သည်ဂုဏ်အသရေရှိမှုအစား၊ အရှက်% ရရန်အလှည့်ကြုံလိမ့်မည်။ သင်တို့ကိုယ်တိုင်ပင်% မူးယစ်ကာအရှက်မဲ့၍နေလိမ့်မည်။ ထာဝရ% ဘုရားသည်သင်တို့အား အပြစ်ဒဏ်စပျစ်% ရည်ကိုပင်လျှင် ပြန်၍သောက်စေတော်မူလျက် % သင်တို့ဂုဏ်အသရေရှိမှုကိုအရှက်ရမှု% အဖြစ်သို့ပြောင်းလဲစေတော်မူလိမ့်မည်။-%
သူသည်လူတို့ကိုးကွယ်သောအမည်ခံ ဘုရားမှန်သမျှကိုအတိုက်အခံပြု၍ မိမိသည်ဘုရားတကာတို့ထက်တန်ခိုး ကြီးသည်ဟုဆိုလိမ့်မည်။ သူသည်ဘုရား သခင်၏ဗိမာန်တော်ထဲသို့ပင်လျှင်ဝင်၍ ထိုင်ကာမိမိကိုယ်ကိုဘုရားဟုကြေ ညာလိမ့်မည်။
မြို့ကြီးသည်သုံးပိုင်းကွဲလေ၏။ ကမ္ဘာပေါ်ရှိမြို့ များသည်လည်းပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဗာဗုလုန်မြို့ကြီးကိုသတိရတော်မူလျက် မိမိ ၏ဖလားမှပြင်းထန်သောအမျက်တော်တည်းဟူ သောစပျစ်ရည်ကိုသောက်စေတော်မူ၏။-