ယောဘဝတ္တု။ 15:25 - Common Language Bible25 အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင်တဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။ အခန်းကိုကြည့်ပါ။Garrad Bible25 အ သို့ ဆို သော်၊ ထို သူ သည် ဘု ရား သ ခင် တစ် ဘက်၌ လက် ရုံး ဆန့် လျက်၊ အ န န္တ တန် ခိုး ရှင် နှင့် ဆန့် ကျင် ဘက် ရဲ ဝံ့ ခဲ့ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible25 အကြောင်းမူကား၊ ထိုသူသည် ဘုရားသခင်၏ အာဏာတော်ကို ဆန်လျက်၊ အနန္တတန်ခိုးရှင် တစ်ဖက်ကနေ၍ ကိုယ်ကိုခိုင်ခံ့စေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 အကြောင်းမှာ သူသည် ဘုရားသခင်ကို လက်သီးလက်မောင်းတန်းပြခဲ့၏။ အနန္တတန်ခိုးရှင်ကို အာခံခဲ့၏။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဘုံရှင်ကိုဆန့်ကျင်ဘက်ပြု၍ ဗိမာန်တော်မှရွှေဖလားများကိုရှေ့တော် သို့ယူစေတော်မူခဲ့ပါ၏။ အရှင်နှင့်တကွ အရှင့်မှူးမတ်များ၊ မိဖုရားများ၊ မောင်း မမိဿံများသည်ထိုရွှေဖလားများတွင် စပျစ်ရည်ကိုထည့်၍သောက်ပြီးလျှင် မျက်စိ မမြင်၊ နားမကြား၊ အဘယ်အရာကိုမျှ မသိသောရွှေ၊ ငွေ၊ကြေးဝါ၊ သံ၊ သစ်သား၊ ကျောက်တို့နှင့်လုပ်သောဘုရားများကို ထောမနာပြုကြပေသည်။ သို့ရာတွင် အရှင်သည်မိမိ၏အသက်ကိုလည်းကောင်း၊ မိမိပြုသောအမှုကိစ္စမှန်သမျှကို လည်းကောင်းစိုးပိုင်တော်မူသောဘုရားသခင်၏ဂုဏ်တော်ကိုကားချီးမွမ်းတော် မမူပါ။-