ဟေရှာယ 29:9 - Common Language Bible9 သင်တို့သည်အသိဉာဏ်တုံးလျက်ပင်ရှိနေ ကြလော့။ မျက်စိကန်း၍နေကြလော့။ စပျစ် ရည်မသောက်ဘဲယစ်မူးကြလော့။ တစ်စက်မျှ ပင်မသောက်ဘဲယိမ်းထိုး၍နေကြလော့။- အခန်းကိုကြည့်ပါ။Garrad Bible9 အံ့ အား သင့်၍ ငေး မှိုင် ကြ လော့။ မျက် စိ မှိတ် လျက် ကန်း နေ ကြ လော့။ စ ပျစ် ရည် မ သောက် ဘဲ မူး ယစ် လျက်၊ အရက် မ သောက် ဘဲ ယိမ်း ယိုင် လျက် နေ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ဖင့်နွှဲ၍ မှိုင်တွေကြလော့။ ကာမဂုဏ်၌ ပျော်မွေ့၍ မွှန်လျက်နေကြလော့။ စပျစ်ရည်ကို မသောက်ဘဲ ယစ်မူးလျက်၊ သေရည်သေရက်ကို မသောက်ဘဲ တိမ်းယိမ်းလျက်ရှိကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 မိန်းမောတွေဝေကြလော့။ အံ့အားသင့်ကြလော့။ ကိုယ့်မျက်စိကို ကိုယ်ကန်းစေ၍ မျက်မမြင်ဖြစ်ကြလော့။ သူတို့သည် စပျစ်ဝိုင်မသောက်ဘဲ ယစ်မူးကြ၏။ သေရည်သေရက်မသောက်ဘဲ ယိမ်းထိုးကြ၏။ အခန်းကိုကြည့်ပါ။ |
ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား အချင်းချင်းသတ်ဖြတ်စေမည်။ ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထိုနောက်ထာဝရဘုရားက ငါ့အား``ဣသရေလ အမျိုးသားတို့၏ဘုရားသခင်၊ အနန္တတန်ခိုး ရှင်ထာဝရဘုရားသည်ထိုသူတို့အားမူး ယစ်အော့အန်သည့်တိုင်အောင်၊ သူတို့ထံသို့ငါ စေလွှတ်သည့်စစ်မက်အန္တရာယ်ကြောင့်ပြိုလဲ၍ မထနိုင်သည့်တိုင်အောင်အမျက်တော်ရည် ကိုသောက်ကြရန်မိန့်တော်မူကြောင်းဆင့် ဆိုလော့။-
ပရောဖက်များနှင့်သက်ဆိုင်၍ဤသို့ဆို၏။ ငါ၏စိတ်နှလုံးသည်ကြေကွဲလျက်ငါ၏ အရိုးတို့သည်တုန်လှုပ်လျက်ရှိ၏။ ထာဝရဘုရား၏အတွက်ကြောင့်လည်း ကောင်း၊ ကိုယ်တော်၏သန့်ရှင်းမြင့်မြတ်သည့် ဗျာဒိတ်တော်များကြောင့်လည်းကောင်း ငါသည်စပျစ်ရည်သောက်ကြူး၍ ယစ်မူးလျက်နေသူနှင့်တူတော့၏။
ကိုယ်တော်က``ငါ၏လူမျိုးတော်အားကြိုတင် သတိပေးသင့်သူများဖြစ်သည့်ခေါင်းဆောင် တို့သည်မျက်စိကန်းလျက်နေကြ၏။ သူတို့ သည်အဘယ်အရာကိုမျှမသိ။ မဟောင်တတ် သည့်အိမ်စောင့်ခွေးများနှင့်တူကြ၏။ သူတို့ သည်လဲလျောင်းကာအိပ်မက်ဝင်လျက်သာ နေတတ်ကြ၏။ သူတို့သည်အလွန်အအိပ် မက်သူများဖြစ်ပါသည်တကား။-
ထိုနောက်ကိုယ်တော်က``ဤလူစု၏စိတ်နှလုံးသည်ထိုင်းမှိုင်းလျက်၊ သူတို့၏နားများသည်လေးလျက်၊ မျက်စိများသည်လည်းပိတ်လျက်နေအောင်ပြုလော့။ သို့မှသာလျှင်သူတို့သည်မမြင်နိုင်၊ မကြားနိုင်၊ နားမလည်နိုင်ဘဲနေကြလိမ့်မည်။ အကယ်၍သူတို့သည်မြင်နိုင်ကြားနိုင်နားလည်နိုင်ကြမည်ဆိုပါမူ မိမိတို့၏ဝိညာဉ်ဆိုင်ရာရောဂါများပျောက်ကင်းစေရအောင်စိတ်နှလုံးပြောင်းလဲကြလိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။