ယေရမိ 48:27 - Common Language Bible27 အို မောဘပြည်၊ ဣသရေလပြည်သားတို့ အားအဘယ်သို့သင်ပြက်ရယ်ပြုခဲ့သည် ကိုအောက်မေ့သတိရလော့။ သင်သည်သူ တို့အားသူခိုး၊ ဋ္ဌားပြဂိုဏ်းနှင့်အတူဖမ်း ဆီးရမိသူများသဖွယ်ပြုကျင့်ခဲ့ပေ သည်။ အခန်းကိုကြည့်ပါ။Garrad Bible27 ဣ သ ရေ လ လူ မျိုး ကို ရည် လျက်၊ သင် ပြော လေ ရာ ရာ ၌၊ ခေါင်း ခါ ၍ ပြောင် လှောင် သည် ကား၊ ခိုး ရာ ပါ သည် ကို တွေ့ ဖူး သော ကြောင့် လော။ အခန်းကိုကြည့်ပါ။Judson Bible27 သင်သည် ဣသရေလကို ကဲ့ရဲ့ပြီမဟုတ်လော။ သို့ရာတွင်၊ သူသည် သူခိုးတို့နှင့်ပေါင်းဖော်သည်ကို တွေ့ဖူးသလော။ သူ၏အကြောင်းကို ပြောလေရာရာ၌ သင်သည် ခေါင်းကိုညိတ်ပါသည်တကား။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 သင့်အတွက် အစ္စရေးလူမျိုးသည် ပြက်ရယ်ပြုစရာ ဖြစ်သည်မဟုတ်လော။ သူ့အကြောင်းကို ခေါင်းတခါခါနှင့်ပြောလေ့ရှိသည်မှာ သူသည် သူခိုးတို့နှင့်အတူ အဖမ်းခံရဖူးသလော။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ဣသရေလတောင်တို့၊ အရှင်ထာဝရ ဘုရား၏အမိန့်ကိုနားထောင်ကြလော့။ ပတ်ဝန်း ကျင်တိုင်းပြည်များ၏တိုက်ခိုက်လုယက်မှု၊ ပြက်ရယ်ပြုမှုတို့ကိုခံရကာလူသူဆိတ် ငြိမ်ရာမြို့များ၊ ယိုယွင်းပျက်စီးနေသည့် အရပ်များ၊ တောင်များ၊ ချောင်းများ၊ ချိုင့်ဝှမ်း များအားဤသို့အရှင်ထာဝရဘုရား မိန့်တော်မူ၏။
အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသော ယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။