ဟေရှာယ 63:6 - Common Language Bible6 ငါသည်မိမိ၏အမျက်ဒေါသအလျောက် လူမျိုးတကာတို့ကိုနှိမ်နင်းချေမှုန်းခဲ့၏။ သူတို့၏သွေးကိုမြေပေါ်သို့သွန်းလောင်း ခဲ့၏'' ဟုမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible6 ငါ သည် လူ မျိုး တို့ ကို အ မျက် တိုက်၍ ကျော် နင်း လေ ပြီ။ ဒေါ သ ကြောင့် ချိုး ဖဲ့ လျက်၊ ချင်း တို့ သွေး ရည် ကို မြေ ပေါ် တွင် သွန်း လေ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible6 လူများကို အမျက်ထွက်၍ ကျော်နင်းပြီ။ ပြင်းစွာအမျက်ထွက်၍ ကျပ်ကျပ်နှိပ်နင်းပြီ။ သူတို့အသွေးကို မြေပေါ်မှာသွန်ပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 လူတို့ကို ငါ့အမျက်ဖြင့်နင်းချေပြီ။ ငါ့ဒေါသဖြင့် ယစ်မူးစေပြီ။ သူတို့၏သွေးကို မြေပေါ်သို့ကျစေပြီ။ အခန်းကိုကြည့်ပါ။ |
ဤအချိန်သည်ဗျာဒိတ်ရူပါရုံချိုင့်ဝှမ်း တွင်ကြောက်လန့်မှု၊ အရေးရှုံးနိမ့်မှုနှင့်ကစင့် ကလျားဖြစ်ပွားမှုများပေါ်ပေါက်ရာကာလ ပင်ဖြစ်၏။ အနန္တတန်ခိုးရှင်ထာဝရဘုရား ကလည်း ငါတို့အားထိုကာလနှင့်ကြုံတွေ့ စေတော်မူလေပြီ။ ငါတို့၏မြို့ရိုးများသည် အဖြိုခံရကြလေပြီ။ ကယ်မရန်လူတို့ အော်ဟစ်ကြသည့်အသံများသည်လည်း တောင်ကုန်းများတွင်ပဲ့တင်ထပ်လျက်နေ လေပြီ။
ငါသည်သင့်ကိုနှိပ်စက်ညှဉ်းဆဲသူတို့အား အချင်းချင်းသတ်ဖြတ်စေမည်။ ထိုအခါငါသည်သင်တို့ကိုကယ်တင်ရွေးနုတ် တော်မူသောအရှင်၊ ထာဝရဘုရားဖြစ်တော်မူကြောင်းလူအပေါင်းတို့ သိရှိကြလိမ့်မည်။ ငါသည်ဣသရေလအမျိုးသားတို့၏တန်ခိုး တော်ရှင် ဘုရားသခင်ဖြစ်တော်မူသည်ကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားက``စောင့်မျှော်၍နေလော့။ လူ မျိုးတကာတို့အားငါထ၍ပြစ်တင်စွပ်စွဲ မည့်နေ့ရက်ကာလကိုစောင့်မျှော်၍နေလော့။ ငါ၏အမျက်တော်အရှိန်ကိုခံစားစိမ့် သောငှာ၊ လူမျိုးတကာနှင့်နိုင်ငံတကာ ကိုစုသိမ်းရန်ငါသန္နိဋ္ဌာန်ချမှတ်ထားလေ ပြီ။ ကမ္ဘာမြေကြီးတစ်ခုလုံးသည်ငါ၏ အမျက်တော်မီးဖြင့်ကျွမ်းလောင်ပျက်စီး ၍သွားလိမ့်မည်။