သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
ယေရမိ 3:21 - Common Language Bible တောင်ထိပ်များပေါ်တွင်အသံတစ်ခုကို ကြားရကြ၏။ ထိုအသံကားဣသရေလပြည်သားတို့သည် အပြစ်ဒုစရိုက်တွင်ကျင်လည်ကာ၊ မိမိတို့ဘုရားသခင်ထာဝရဘုရားအား မေ့လျော့ခဲ့ကြသဖြင့်၊ ငိုကြွေးလျက်ပန်ကြားလျှောက်ထားကြသည့် အသံပင်ဖြစ်၏။ Garrad Bible ကိုယ် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား သ တိ လစ် လျက် အ လေ့ အ လာ ကောက် ကျစ် သော ဣ သ ရေ လ အ မျိုး သား တို့ ငို ကြွေး သံ၊ အ သ နား ခံ သံ ကို ကုန်း ထိပ် များ ပေါ် တွင် ကြား ရ သည် တ ကား။ Judson Bible ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့၌ ငိုကြွေး၍ တောင်းပန်သောအသံကို ငါကြားရပြီ။ အကြောင်းမူကား၊ သူတို့သည် လမ်းလွှဲ၍၊ မိမိတို့ဘုရားသခင် ထာဝရဘုရားကို မေ့လျော့ကြပြီ။ မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးသားတို့သည် ဖောက်ပြန်လမ်းလွဲ၍ ဘုရားသခင်ထာဝရဘုရားကို မေ့လျော့ကြသောကြောင့် တောင်ကတုံးများပေါ်၌ သူတို့ငိုကြွေးသောအသံ၊ အသနားခံသောအသံကို ကြားရပြီ။ |
သူကလည်း၊ ငါသည် ပြစ်မှားပါပြီ။ မှန်သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ်ခံထိုက်သော အပြစ်ကိုမခံရဘဲ၊
ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။
ဒိဘုန်မြို့သားတို့သည်ရုပ်တုကိုးကွယ်ရာ ဌာနသို့ သွားရောက်ငိုကြွေးရန်တောင်ပေါ်သို့ တက်ကြ၏။ မောဘပြည်သူတို့သည်လည်း နေဗောမြို့နှင့်မေဒဘမြို့အတွက်ဝမ်းနည်း သဖြင့်အော်ဟစ်ငိုကြွေးကြကုန်၏။ သူတို့ သည်ဝမ်းနည်းခြင်းအထိမ်းအမှတ်ဖြင့် ဆံပင်နှင့် မုတ်ဆိတ်များကိုရိတ်ပစ်ကြလေ သည်။-
အို ဣသရေလပြည်၊ သင်သည်မိမိအားကယ် ဆယ်တော်မူ၍ကျောက်တုံးကြီးသဖွယ်ကွယ် ကာတော်မူသောဘုရားသခင်ကိုမေ့လျော့ ခဲ့လေပြီ။ သင်သည်လူမျိုးခြားများ၏ဘုရား ကိုဝတ်ပြုကိုးကွယ်ရန်အတွက် မွန်မြတ်သော အပင်များကိုစိုက်ပျိုးခဲ့ပေသည်။
ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
ဤသည်ကားသင်တို့ကံကြမ္မာဖြစ်လိမ့်မည် ဟုထာဝရဘုရားကမိန့်တော်မူလေပြီ။ သင်တို့သည်ကိုယ်တော်အားမေ့လျော့ကာ ဘုရားအတုအယောင်များကိုယုံကြည် အားကိုးကြသည်ဖြစ်၍၊ ကိုယ်တော်သည် သင်တို့အားဤသို့စီရင်ရန်ဆုံးဖြတ် တော်မူခြင်းဖြစ်၏။-
သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။ လမ်းဟောင်းကိုမလိုက်ကြတော့ပေ။ သူတို့သည်အမှတ်အသားပြမထားသည့် မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။
မိန်းမပျိုသည်မိမိ၏ကျောက်မျက်ရတနာ များကိုလည်းကောင်း၊ မင်္ဂလာဆောင်သတို့ သမီးသည်မိမိ၏မင်္ဂလာဆောင်ဝတ်စုံကို လည်းကောင်းမေ့လျော့တတ်ပါသလော။ သို့ ရာတွင်ငါ၏လူမျိုးတော်မူကားမရေ မတွက်နိုင်သောနေ့ရက်များတွင်ငါ့ကို မေ့လျော့ကြလေပြီ။-
တောင်ထိပ်တို့ကိုမျှော်၍ကြည့်ကြလော့။ ပြည့် တန်ဆာကဲ့သို့ သင်မပြုမကျင့်ဘဲနေခဲ့သည့် အရပ်တစ်စုံတစ်ခုရှိသလော။ အာရပ်အမျိုး သားသည်တောကန္တာရတွင်လုယက်တိုက်ခိုက် ရန်စောင့်မျှော်နေသကဲ့သို့၊ သင်သည်လမ်းနံ ဘေးတို့တွင်ချစ်သူများကိုစောင့်မျှော်နေခဲ့ ၏။ သင်သည်မိမိတို့၏ဆိုးညစ်မှုနှင့်ပြည့် တန်ဆာအလုပ်ဖြင့်ဤပြည်ကိုညစ်ညမ်း စေလေပြီ။-
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''
``ယေရုရှလင်မြို့သားတို့၊ငိုကြွေးမြည်တမ်း ကြလော့။ သင်တို့၏ဆံပင်ကိုဖြတ်၍ပစ်ထုတ်လိုက် ကြလော့။ ငါထာဝရဘုရားသည်မိမိအမျက်တော် ရှသည့် လူမျိုးတော်အားပစ်ပယ်စွန့်လွှတ်လိုက်ပြီ ဖြစ်၍ သင်တို့သည်တောင်ထိပ်များပေါ်တွင်အသုဘ သီချင်းကိုဆိုကြလော့။
အရှင်ထာဝရဘုရားသခင်က``သင်ငါ့ကိုမေ့ လျော့ကာကျောခိုင်းလျက် တဏှာရာဂစိတ်နှင့် ပြည့်တန်ဆာလုပ်သည့်အတွက်သင်သည်ဒုက္ခ ရောက်ရပေတော့အံ့'' ဟုမိန့်တော်မူ၏။
ကျန်ရစ်သောသူတို့သည်ချိုးငှက်ကဲ့သို့ညည်း ညူလျက်ချိုင့်ဝှမ်းများထဲမှနေ၍ တောင်ပေါ် သို့ထွက်ပြေးကြလိမ့်မည်။ လူအပေါင်းတို့ သည်မိမိတို့၏အပြစ်များအတွက်ငို ကြွေးရလိမ့်မည်။-
သို့ရာတွင်သင်တို့တွင်သာယာစိုပြေ သောပြည်သို့ဝင်ရောက်၍အစားအစာ ဝစွာစားရသဖြင့် ကျေနပ်နှစ်သိမ့်လာ သောအခါမာနကြီး၍ငါ့ကိုမေ့လျော့ ကြ၏။-
``ဣသရေလပြည်သားတို့သည်နန်းတော် များကိုတည်ဆောက်ကြသော်လည်းသူတို့ ကိုဖန်ဆင်းသောအရှင်အားမေ့လျော့လျက် ရှိကြ၏။ ယုဒပြည်သားတို့သည်ခိုင်ခံ့ သောမြို့များကိုတည်ကြ၏။ သို့ရာတွင် ငါသည်သူတို့၏နန်းတော်များနှင့်မြို့ များပေါ်သို့လောင်မီးကျစေမည်။
ဣသရေလအမျိုးကိုအုပ်ချုပ်သူအကြီး အကဲတို့၊ နားထောင်ကြလော့။ သင်တို့သည် တရားမျှတစွာစီရင်ခြင်းကိုမုန်း၍ အမှန်ကိုအမှားဖြစ်စေကြ၏။-
ကောင်းကင်တမန်ကဗာလမ်အား``သင်သည် မြည်းကိုဤသို့အဘယ်ကြောင့်သုံးကြိမ် ရိုက်ရပါသနည်း။ သင်သည်ခရီးဆက်၍ မသွားနိုင်ရန်ငါသည်သင်သွားရာလမ်း ကိုပိတ်ဆို့ခဲ့သည်။-
ဘုရားသခင်အသုံးပြုတော်မူသည့်ဝမ်းနည်း ခြင်းသည်ကယ်တင်ခြင်းကိုရစေသည့်နောင်တ စိတ်ကိုဖြစ်ပေါ်စေတတ်၏။ ထို့ကြောင့်ဝမ်းနည်း မိသည့်အတွက်စိတ်မကောင်းမဖြစ်သင့်။ သို့ ရာတွင်လူ့ဝမ်းနည်းခြင်း၏အကျိုးကားသေ ခြင်းပေတည်း။-