ဟောရှေ 13:6 - Common Language Bible6 သို့ရာတွင်သင်တို့တွင်သာယာစိုပြေ သောပြည်သို့ဝင်ရောက်၍အစားအစာ ဝစွာစားရသဖြင့် ကျေနပ်နှစ်သိမ့်လာ သောအခါမာနကြီး၍ငါ့ကိုမေ့လျော့ ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible6 နောင် ကာ လ စား ကျက် ကောင်း သည် နှင့် အ မျှ ဝ စွာ စား ရ လျက် ပင်၊ ဝ သည် နှင့် အ မျှ စိတ် နေ မြင့်၍၊ ငါ့ ကို သ တိ လစ် ကြ လေ စွ။ အခန်းကိုကြည့်ပါ။Judson Bible6 ဝသောအခါ ဝါကြွားသောစိတ်ရှိ၍ ငါ့ကို မေ့လျော့ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 သူတို့ကို ဝလင်စွာကျွေးမွေးခဲ့၏။ သူတို့ဝလင်လာသောအခါ ထောင်လွှားသောစိတ်ဝင်၍ ငါ့ကို မေ့လျော့လာကြ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်တို့၏ဘုရင်များသည် ကိုယ်တော်ပေးအပ်တော်မူသောကျယ်ပြန့် စိုပြေသည့် ပြည်တော်တွင်နေထိုင်ရစဉ်အခါ၌ ကိုယ်တော်၏ကောင်းချီးခံစားရသည်နှင့်အညီ ကိုယ်တော်၏လူမျိုးတော်အားအုပ်စိုးကြရပါ၏။ သို့ရာတွင်သူတို့သည်အပြစ်ဒုစရိုက်ကို မကြဉ်မရှောင်၊ ကိုယ်တော်၏အမှုတော်ကိုလည်း မဆောင်ရွက်ကြ။
` ``ငါ၏လူမျိုးတော်သည်မိမိတို့၏ဆန္ဒ အလျောက်ရှင်ဘုရင်များကိုရွေးချယ်တင် မြှောက်ခဲ့ကြ၏။ ငါ၏သဘောတူညီချက် မရဘဲခေါင်းဆောင်များကိုခန့်ထားကြ၏။ မိမိတို့၏ရွှေငွေနှင့်ရုပ်တုများကိုသွန်း လုပ်သဖြင့် မိမိတို့၏ပျက်စီးရာပျက်စီး ကြောင်းကိုသာဖန်တီးကြ၏။-
``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
သူသည်ချစ်သူတို့နောက်သို့ပြေးလိုက်သော် လည်းမီမည်မဟုတ်၊ ရှာသော်လည်းတွေ့မည် မဟုတ်၊ ထိုအခါသူက``ငါသည်ခင်ပွန်း ဟောင်းထံသို့ပြန်မည်။ ငါသည်ခင်ပွန်းသစ် နှင့်ပေါင်းသင်းနေထိုင်ရသည်ထက် ခင်ပွန်း ဟောင်းနှင့်ပေါင်းသင်းနေထိုင်ရသည်က ပို၍ကောင်းသည်'' ဟုဆိုလိမ့်မည်။
ငါ၏လူမျိုးတို့သည်ငါ့ကိုအသိအမှတ် မပြုသောကြောင့် အပြစ်ဒဏ်စီရင်ခြင်းကို ခံရကြ၏။ အသင်ယဇ်ပုရောဟိတ်တို့သည် ငါ့ကိုအသိအမှတ်မပြုဘဲ ငါ၏သြဝါဒ ကိုလည်းလက်မခံကြသောကြောင့် ငါသည် သင်တို့ကိုပစ်ပယ်ပြီ။ သင်တို့၏သားများ ကိုလည်းငါ၏ယဇ်ပုရောဟိတ်များအဖြစ် အသိအမှတ်ပြုမည်မဟုတ်။
သူတို့သည်အမှန်တကယ်ယုံကြည်စိတ် ဖြင့်ဆုမတောင်းကြ။ ကိုယ်ကိုလှဲချ၍ဟစ် အော်မြည်တမ်းကြ၏။ သူတို့သည်ဆန်စပါး နှင့်စပျစ်ရည်ရရှိရန်ဆုတောင်းသောအခါ ရုပ်တုကိုးကွယ်သူတို့ကဲ့သို့မိမိကိုယ်ကို အနာတရဖြစ်စေပြီးမှတောင်းတတ်ကြ ၏။ သူတို့သည်ငါ့အားပုန်ကန်ကြပြီ တကား။-