Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 18:15 - Common Language Bible

15 သို့​ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။ သူ​တို့​သည်​တန်​ဖိုး​မ​ရှိ​သော​ရုပ်​တု​များ​အား နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ကြ​၏။ သူ​တို့​သည်​မိ​မိ​တို့​လိုက်​သင့်​သော​လမ်း​တွင် ခြေ​ချော်​၍​လဲ​ကြ​လေ​ပြီ။ လမ်း​ဟောင်း​ကို​မ​လိုက်​ကြ​တော့​ပေ။ သူ​တို့​သည်​အ​မှတ်​အ​သား​ပြ​မ​ထား​သည့် မ​တည်​ဆောက်​ရ​သေး​သော​လမ်း​များ​ကို​လိုက် ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ငါ၏ လူ မျိုး တော် မှာ မူ၊ ငါ့ ကို မေ့ လျော့ လျက်၊ အ န တ္တ ဘု ရား များ အား၊ မီး ဖြင့် ပူ ဇော် သည့် အ တွက် ခ ရီး သွား ရာ လမ်း ဟောင်း များ တွင် တိုက် လဲ၍၊ မ ဖို့ သေး သော ကြား လမ်း များ ကို လိုက် လျှောက် သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ငါ၏​လူ​တို့​သည် ငါ့​ကို​မေ့​လျော့၍၊ အ​ချည်း​နှီး​သော​အ​ရာ​ရှေ့​မှာ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ကြ​ပြီ။ ရှေး​ကာ​လ​မှ​စ၍ လိုက်​ဖူး​သော လမ်း​တို့၌ လဲ​တတ်​သော​ကြောင့်၊ အ​ခြား​သော​လမ်း၊ မြေ​မ​ဖို့​သော​လမ်း​သို့ လိုက်​ကြ​ပြီ​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 သို့သော် ငါ​၏​လူမျိုး​သည် ငါ့​ကို​မေ့လျော့​ပြီ​။ သူ​တို့​သည် အချည်းနှီး​သော​အရာ​ရှေ့​၌ နံ့သာပေါင်း​ကို​မီးရှို့​ကြ​လေ​ပြီ​။ သူ​တို့​သည် ရှေးလမ်းဟောင်း​များ​တွင် ခလုတ်တိုက်​လဲကျ​ကြ​လေ​ပြီ​။ လမ်းမ မ​ဟုတ်​သော လမ်းကြား​များ​တွင် လိုက်လျှောက်​ကြ​လေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 18:15
35 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​ကိုယ်​တော်​၏​စ​ကား​တော်​ကို နား​မ​ထောင်​ကြ​ပါ။ ပြု​တော်​မူ​သော​အ​မှု​တော်​တို့​ကို မေ့​ပျောက်​လိုက်​ကြ​ပါ​၏။ ကိုယ်​တော်​ပြ​တော်​မူ​သော​နိ​မိတ်​လက္ခ​ဏာ များ​ကို သ​တိ​မ​ရ​ကြ​တော့​ပါ။ မာန်​မာ​န​ထောင်​လွှား​ကာ​မိ​မိ​တို့​အား ကျွန်​ခံ​ရာ​အီ​ဂျစ်​ပြည်​သို့​ပြန်​လည်​ခေါ်​ဆောင် စေ​ရန် ခေါင်း​ဆောင်​တစ်​ဦး​ကို​ရွေး​ချယ်​ကြ​ပါ​၏။ သို့​ရာ​တွင်​ကိုယ်​တော်​သည်​အ​ပြစ်​များ​ကို ဖြေ​လွှတ်​တော်​မူ​သည့်​ဘု​ရား​ဖြစ်​တော်​မူ​ပါ​၏။ ချစ်​ခင်​ကြင်​နာ​တော်​မူ​၍​စိတ်​ရှည်​တော်​မူ​ပါ​၏။ က​ရု​ဏာ​တော်​သည်​ကြီး​မား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​သူ​တို့​အား​စွန့်​ပစ်​တော်​မ​မူ​ပါ။


ငွေ​ချေး​စား​သူ​တို့​သည်​ငါ​၏​လူ​များ​အား နှိပ်​စက်​ကြ​၏။ ငွေ​ရှင်​ကြေး​ရှင်​များ​က​သူ​တို့ အား​လိမ်​လည်​လှည့်​ဖြား​ကြ​၏။ ငါ​၏​လူ​တို့၊ သင်​တို့​၏​ခေါင်း​ဆောင်​များ​သည်​သင်​တို့​အား လမ်း​မှား​ကို​ပြ​လျက်​နေ​သ​ဖြင့် သင်​တို့​သည် အ​ဘယ်​လမ်း​သို့​လိုက်​ရ​မည်​ကို​ပင်​မ​သိ နိုင်​ကြ​တော့​ပေ။


ထို​ဘု​ရား​အား​လုံး​ပင်​လျှင်​အ​ရာ​မ​ဝင်။ သူ​တို့​သည်​အ​ဘယ်​အ​မှု​ကို​မျှ​မ​ပြု​နိုင်။ သူ​တို့​၏​ရုပ်​တု​များ​သည်​လည်း​ချည့်​နဲ့​၍ တန်​ခိုး​မ​ရှိ​ကြ။''


ထာ​ဝ​ရ​ဘု​ရား​က ``ငါ​၏​လူ​မျိုး​တော်​အား ငါ့​ထံ​ပြန်​စေ​ကြ​လော့။ ငါ့​လူ​မျိုး​တော်​တို့ ၏​လမ်း​ခ​ရီး​မှ​ဆူး​ညှောင့်​ခ​လုတ်​ရှိ​သ​မျှ ကို​ပယ်​ရှား​ကြ​လော့။ လမ်း​ကို​ဖောက်​လုပ် ၍​အ​သင့်​ပြင်​ကြ​လော့။


ယေ​ရု​ရှ​လင်​မြို့​သူ​မြို့​သား​တို့၊ မြို့​တွင်း​မှ ထွက်​ကြ​လော့။ ပြည်​တော်​ပြန်​သင်​တို့​၏​အ​မျိုး​သား​များ အ​တွက် လမ်း​ကို​ဖောက်​လုပ်​ကြ​လော့။ လမ်း​မ​ကြီး​ကို​ပြင်​ဆင်​ကြ​လော့။ ကျောက်​ခဲ​တို့​ကို​ဖယ်​ရှား​ပစ်​ကြ​လော့။ တိုင်း​သူ​ပြည်​သား​များ​သိ​စေ​ရန်​အ​ချက်​ပြ အ​လံ​များ​တင်​ကြ​လော့။


သူ​တို့​၏​အ​ပြစ်​ကြွေး​များ​ကို​လည်း​ကောင်း၊ သူ​တို့​ဘိုး​ဘေး​တို့​၏​အ​ပြစ်​ကြွေး​များ​ကို လည်း​ကောင်း​ငါ​ဆပ်​စေ​မည်။ သူ​တို့​သည်​တောင် ပေါ်​ရှိ​ရုပ်​တု​ကိုး​ကွယ်​ရာ​ဌာ​န​များ​တွင်​နံ့ သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော်​ကာ ငါ့​ကို​ကဲ့​ရဲ့ ကြ​လေ​ပြီ။ သို့​ဖြစ်​၍​သူ​တို့​အား​ထိုက် လျောက်​ရာ​အ​ပြစ်​ဒဏ်​ကို​ငါ​ပေး​မည်'' ဟု မိန့်​တော်​မူ​၏။


ဤ​လူ​တို့​အား​ရှေ့​ဆောင်​လမ်း​ပြ​သူ​တို့​သည် လမ်း​မှား​ကို​ပြ​၍​စိတ်​ရှုပ်​ထွေး​စေ​တတ်​ကြ​၏။-


ဤ​နည်း​အား​ဖြင့်​ငါ​သည်​အ​ပြစ်​ကူး​လွန် သူ​များ၊ ငါ့​ကို​စွန့်​ပစ်​သူ​များ၊ အ​ခြား​ဘု​ရား တို့​အား​နံ့​သာ​ပေါင်း​ဖြင့်​မီး​ရှို့​ပူ​ဇော်​သူ များ​နှင့် မိ​မိ​တို့​သွန်း​လုပ်​သည့်​ရုပ်​တု​များ ကို​ဝတ်​ပြု​ကိုး​ကွယ်​သူ​တို့​အား​အ​ပြစ် ပေး​တော်​မူ​မည်။-


ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုပ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ ယင်း​တို့​ကို​ဖျက်​ဆီး​ပစ်​တော်​မူ​လိမ့်​မည်။


ထို​အ​ခါ​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု ရှ​လင်​မြို့​သူ​မြို့​သား​တို့​သည် မိ​မိ​တို့​ယဇ် ပူ​ဇော်​သည့်​ဘု​ရား​များ​ထံ​သို့​ဟစ်​အော်​ကာ အ​ကူ​အ​ညီ​တောင်း​ခံ​ကြ​လိမ့်​မည်။ သို့​ရာ တွင်​ထို​ဘု​ရား​တို့​သည်​ဘေး​အန္တ​ရာယ်​ကျ ရောက်​လာ​ချိန်​၌​ကူ​မ​နိုင်​ကြ​လိမ့်​မည်​မ ဟုတ်။-


ယု​ဒ​ပြည်​တွင်​မြို့​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ ပြည်​သား​တို့​တွင်​လည်း​ဘု​ရား အ​ရေ​အ​တွက်​များ​ပေ​သည်။ ယေ​ရု​ရှ​လင် မြို့​တွင်​လည်း​လမ်း​အ​ရေ​အ​တွက်​များ​သည် နှင့်​အ​မျှ​မြို့​သူ​မြို့​သား​တို့​သည် ရှက်​ဖွယ် သော​ဗာ​လ​ဘု​ရား​အ​တွက်​ယဇ်​တို့​ကို​ပူ​ဇော် ရန်​ယဇ်​ပလ္လင်​များ​ကို​တည်​ထား​ကြ​လေ​သည်။-


``အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​ပြည်​နှင့်​ယု​ဒ​ပြည်​ကို​ပြု​စု ပျိုး​ထောင်​ပေး​ခဲ့​၏။ သို့​ရာ​တွင်​ယ​ခု​အ​ခါ ငါ​သည်​ထို​ပြည်​များ​အ​ပေါ်​သို့ ဘေး​အန္တ​ရာယ် ဆိုး​ကို​သက်​ရောက်​စေ​မည်။ သူ​တို့​သည်​ဒု​စ ရိုက်​ကို​ပြု​ခဲ့​ကြ​သည်​ဖြစ်​၍​ဗာ​လ​ဘု​ရား ကို​ယဇ်​ပူ​ဇော်​ခြင်း​အား​ဖြင့်​သူ​တို့​သည် ငါ ၏​အ​မျက်​တော်​ကို​လှုံ့​ဆော်​ကြ​လေ​ပြီ။''


ဤ​သည်​ကား​သင်​တို့​ကံ​ကြမ္မာ​ဖြစ်​လိမ့်​မည် ဟု​ထာ​ဝ​ရ​ဘု​ရား​က​မိန့်​တော်​မူ​လေ​ပြီ။ သင်​တို့​သည်​ကိုယ်​တော်​အား​မေ့​လျော့​ကာ ဘု​ရား​အ​တု​အ​ယောင်​များ​ကို​ယုံ​ကြည် အား​ကိုး​ကြ​သည်​ဖြစ်​၍၊ ကိုယ်​တော်​သည် သင်​တို့​အား​ဤ​သို့​စီ​ရင်​ရန်​ဆုံး​ဖြတ် တော်​မူ​ခြင်း​ဖြစ်​၏။-


အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော် မျိုး​အား​ကွယ်​ကာ​စောင့်​ထိန်း​တော်​မူ​၍ ခွန်​အား ကို​ပေး​တော်​မူ​ပါ​၏။ ဒုက္ခ​ရောက်​ချိန်​၌​ကူ​မ​တော် မူ​ပါ​၏။ ကမ္ဘာ​မြေ​ကြီး​စွန်း​မှ​လူ​မျိုး​တ​ကာ​တို့ သည် အ​ထံ​တော်​သို့​လာ​၍``ကျွန်​တော်​မျိုး​တို့ ဘိုး​ဘေး​များ​ကိုး​ကွယ်​ခဲ့​သည့်​ဘု​ရား​တို့​သည် အ​တု​အ​ယောင်​များ​သာ​လျှင်​ဖြစ်​ပါ​၏။ အ​သုံး မ​ဝင်​အ​ကျိုး​မ​ပေး​သော​ရုပ်​တု​များ​သာ​ဖြစ် ပါ​၏။-


အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​၏​မျှော်​ကိုး​ရာ​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​ကို​စွန့်​ပစ်​သူ​မှန်​သ​မျှ​သည် အ​ရှက်​ကွဲ​ကြ​လိမ့်​မည်။ သူ​တို့​သည်​အ​သက်​စမ်း​ရေ​ချို​တည်း​ဟူ သော ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်​ပစ်​ကြ​ပြီ​ဖြစ်​၍ မြေ​မှုန့်​ပေါ်​တွင်​ရေး​သား​ထား​သည့်၊အ​မည် နာ​မ​များ ကဲ့​သို့​ပျောက်​ကွယ်​သွား​ကြ​လိမ့်​မည်။


လေ​ဗ​နုန်​ကျောက်​တောင်​ထိပ်​တို့​သည်​မိုး​ပွင့် များ​နှင့် ကင်း​သည့်​အ​ခါ​ရှိ​ဖူး​သ​လော။ ထို​တောင်​မှ​စီး​ဆင်း​လာ​သော​အေး​မြ​သည့် ချောင်း​များ​သည်​ခန်း​ခြောက်​သည့်​အ​ခါ​များ ရှိ​ဖူး​သ​လော။


မိ​မိ​တို့​သား​သ​မီး​များ​အား​မီး​ရှို့​ရာ​ယဇ် အ​ဖြစ်​ပူ​ဇော်​ရန် ဗာ​လ​ဘု​ရား​အ​တွက်​မြင့် သော​အ​ရပ်​၌​ယဇ်​ပလ္လင်​များ​ကို​တည်​ဆောက် ကြ​လေ​ပြီ။ သူ​တို့​သား​သ​မီး​များ​ကို​ဤ သို့​ဗာ​လ​ဘု​ရား​အား​မီး​ရှို့​ပူ​ဇော်​စေ​ရန် ငါ​သည်​အ​ဘယ်​အ​ခါ​၌​မျှ​အ​မိန့်​မ​ပေး ခဲ့၊ မ​ပြော​ကြား​ခဲ့၊ စိတ်​မ​ကူး​ခဲ့။-


ငါ​၏​လူ​မျိုး​တော်​သည်​အ​သက်​စမ်း​ရေ​တည်း​ဟူ​သော ငါ့​အား​စွန့်​ပစ်​၍​ရေ​မ​လုံ၊ကွဲ​အက်​လျက်​ရှိ​သည့်၊ ရေ​လှောင်​ကန်​များ​ကို​တူး​ကြ​သည်​ဖြစ်​၍ အ​ပြစ်​ဒု​စ​ရိုက်​နှစ်​ပါး​ကို​ကူး​လွန်​ကြ​လေ​ပြီ။


သင်​၏​ဒု​စ​ရိုက်​က​သင့်​ကို​ဒဏ်​ခတ်​လိမ့်​မည်။ သင်​၏​ဖောက်​ပြန်​မှု​က​သင့်​ကို​အ​ပြစ်​ဒဏ် ပေး​ပါ​လိမ့်​မည်။ မိ​မိ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား​သင် စွန့်​ပစ်​မှု၊ ငါ့​အား​မ​ကြောက်​မ​ရွံ့​တော့​ဘဲ​နေ​သော​အ​မှု​တို့​သည် အ​ဘယ်​မျှ​ဆိုး​ညစ်​မိုက်မဲ​သည်​ကို​သင်​သိ​ရှိ လာ​လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်​ခိုး​ရှင်​ငါ​ထာ​ဝ​ရ​ဘု​ရား မြွက်​ဟ​သည်​စ​ကား​ပင်​တည်း။


မိန်း​မ​ပျို​သည်​မိ​မိ​၏​ကျောက်​မျက်​ရ​တ​နာ များ​ကို​လည်း​ကောင်း၊ မင်္ဂ​လာ​ဆောင်​သ​တို့ သ​မီး​သည်​မိ​မိ​၏​မင်္ဂ​လာ​ဆောင်​ဝတ်​စုံ​ကို လည်း​ကောင်း​မေ့​လျော့​တတ်​ပါ​သ​လော။ သို့ ရာ​တွင်​ငါ​၏​လူ​မျိုး​တော်​မူ​ကား​မ​ရေ မ​တွက်​နိုင်​သော​နေ့​ရက်​များ​တွင်​ငါ့​ကို မေ့​လျော့​ကြ​လေ​ပြီ။-


တောင်​ထိပ်​များ​ပေါ်​တွင်​အ​သံ​တစ်​ခု​ကို ကြား​ရ​ကြ​၏။ ထို​အ​သံ​ကား​ဣ​သ​ရေ​လ​ပြည်​သား​တို့​သည် အ​ပြစ်​ဒု​စ​ရိုက်​တွင်​ကျင်​လည်​ကာ၊ မိ​မိ​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား မေ့​လျော့​ခဲ့​ကြ​သ​ဖြင့်၊ ငို​ကြွေး​လျက်​ပန်​ကြား​လျှောက်​ထား​ကြ​သည့် အ​သံ​ပင်​ဖြစ်​၏။


ယင်း​တို့​သည်​အ​ချည်း​နှီး​သက်​သက်​ဖြစ်​၍ စက်​ဆုတ်​ရွံ​ရှာ​ဖွယ်​သာ​လျှင်​ဖြစ်​ပေ​သည်။ ကိုယ်​တော်​သည်​အ​ပြစ်​ဒဏ်​စီ​ရင်​ရန် ကြွ​လာ​တော်​မူ​သော​အ​ခါ၊ ထို​ရုပ်​တု​တို့​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​တော် မူ​လိမ့်​မည်။


ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး​တော် အား``လမ်း​ဆုံ​လမ်း​ခွ​တို့​တွင်​ရပ်​၍​ကြည့် ကြ​လော့။ ရှေး​လမ်း​ဟောင်း​တို့​ကို​စုံ​စမ်း ရှာ​ဖွေ​ကြ​လော့။ အ​ကောင်း​ဆုံး​သော​လမ်း အ​ဘယ်​မှာ​နည်း​ဟု​မေး​မြန်း​၍ ထို​လမ်း​သို့ လိုက်​လျှင်​သင်​တို့​၏​ဝိ​ညာဉ်​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ရှိ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ သို့​ရာ​တွင်​သူ​တို့​က``ထို​လမ်း​ကို အ​ကျွန်ုပ် တို့​မ​လိုက်​လို​ပါ'' ဟု​ပြန်​ပြော​ကြ​၏။


သင်​တို့​သည်​ခိုး​ဝှက်​မှု၊ လူ​သတ်​မှု၊ သူ့​မ​ယား ကို​ပြစ်​မှား​မှု၊ ကျိန်​ဆို​၍​လိမ်​လည်​မှု၊ ဗာလ ဘု​ရား​ကို​ယဇ်​ပူ​ဇော်​မှု​နှင့်​မိ​မိ​တို့​မ​သိ ဘူး​သည့်​ဘု​ရား​များ​ကို​ဝတ်​ပြု​ကိုး​ကွယ် မှု​တို့​ကို​ပြု​ကြ​၏။-


ယင်း​သည်​ငါ​၏​လူ​မျိုး​တော်​အား​နှ​လုံး​တုန် စေ​၍ ယိမ်း​ယိုင်​ပြို​လဲ​စေ​၏။ လျှပ်​ပြက်​သ​ကဲ့ သို့​ပြောင်​လက်​၍​ခုတ်​ဖြတ်​ရန်​အ​သင့်​ရှိ​သော ဋ္ဌား​ဖြင့် ငါ​သည်​သူ​တို့​၏​မြို့​တံ​ခါး​တို့​တွင် သတ်​ဖြတ်​ရန်​ထို​ဋ္ဌား​ကို​ထား​ရှိ​မည်။-


ထို​ပြည်​သည်​လူ​မျိုး​တ​ကာ​တို့​ပြက်​ရယ် ပြု​သံ​ကို​ကြား​ရ​ကြ​တော့​မည်​မ​ဟုတ်။ မဲ့​ရွဲ့​ပြ​သည်​ကို​လည်း​တွေ့​မြင်​ရ​တော့​မည် မ​ဟုတ်။ ယင်း​ပြည်​ကို​လည်း​ကျ​ဆုံး​စေ​တော့ မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။


သို့​သော်​ငါ​သည်​သူ့​ကို​ခေါ်​လေ​လေ​သူ​သည် ငါ့​ထံ​မှ​ထွက်​ခွာ​သွား​လေ​လေ​ပင်​ဖြစ်​သည်။ ငါ​၏​လူ​မျိုး​တော်​သည်​ဗာ​လ​ဘု​ရား​ထံ ယဇ်​ပူ​ဇော်​၍​ရုပ်​တု​များ​အား​နံ့​သာ​ပေါင်း ကို မီး​ရှို့​ပူ​ဇော်​ကြ​၏။


သူ​သည်​ငါ့​ကို​မေ့​လျော့​ပြီး​လျှင်​ဗာ​လ ဘု​ရား​အား​နံ့​သာ​ပေါင်း​ကို​မီး​ရှို့​ပူ​ဇော် လျက် ရွှေ​ငွေ​တန်​ဆာ​များ​ကို​ဝတ်​ဆင်​၍ ချစ်​သူ​များ​နောက်​သို့​လိုက်​သည့်​အ​ခါ​များ အ​တွက်​သူ့​အား​ငါ​ဒဏ်​ခတ်​မည်။ ဤ​ကား ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စကား​ဖြစ်​၏။


သို့​ဖြစ်​၍​ငါ​သည်​သူ​မ​ထွက်​နိုင်​ရန်​ဆူး စည်း​ရိုး​ခတ်​၍ လမ်း​ရှာ​မ​တွေ့​နိုင်​ရန်​တံ တိုင်း​ဖြင့်​ကာ​ရံ​ထား​မည်။-


``သို့​ရာ​တွင်​ယ​ခု​အ​ခါ​၌​အ​သင်​ပု​ရော​ဟိတ် တို့​သည်​လမ်း​မှန်​မှ​လွဲ​ဖယ်​၍​သွား​ကြ​လေ​ပြီ။ သင်​တို့​၏​ဟော​ပြော​သွန်​သင်​မှု​ကြောင့်​လူ​အ​များ ပင်​အ​မှား​ကို​ပြု​ကျင့်​လျက်​နေ​လေ​ပြီ။ သင်​တို့ သည်​ငါ​နှင့်​ချုပ်​ဆို​ထား​သည့်​ပ​ဋိ​ညာဉ်​တော် ကို​ချိုး​ဖောက်​ကြ​လေ​ပြီ။-


ထို​သူ​သည်​မိ​ဘ​အား​ထောက်​ပံ့​ရန်​မ​လို​ဟု​သင် တို့​သွန်​သင်​ကြ​၏။ ဤ​သို့​လျှင်​သင်​တို့​သည်​မိ​မိ တို့​၏​ထုံး​တမ်း​စဉ်​လာ​များ​ကို​လိုက်​နာ​ရန်​ဘု​ရား သ​ခင်​၏​ပ​ညတ်​တော်​ကို​ပစ်​ပယ်​ကြ​၏။-


အ​သား​စား​ခြင်း၊ စ​ပျစ်​ရည်​သောက်​ခြင်း​စ သော​သင့်​ညီ​အစ်​ကို​အား​တိုက်​လဲ​စေ​ရန် မည်​သည်​ကို​မျှ​မ​ပြု​သင့်။-


သူ​တို့​၏​ရုပ်​တု​ဘု​ရား​များ​ဖြင့်​ငါ့​အား အ​မျက်​ထွက်​စေ​ကြ​၏။ သူ​တို့​၏​ဘု​ရား​အ​တု​အ​ယောင်​များ​အားဖြင့် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​နိုင်​သော ငါ​၏​စိတ်​တော်​ကို​လှုံ့​ဆော်​ကြ​၏။ သို့​ဖြစ်​၍​မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​အား​ဒေါ​သ​ထွက်​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​သူ​တို့​အား မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ