ယေဇကျေလ 7:16 - Common Language Bible16 ကျန်ရစ်သောသူတို့သည်ချိုးငှက်ကဲ့သို့ညည်း ညူလျက်ချိုင့်ဝှမ်းများထဲမှနေ၍ တောင်ပေါ် သို့ထွက်ပြေးကြလိမ့်မည်။ လူအပေါင်းတို့ သည်မိမိတို့၏အပြစ်များအတွက်ငို ကြွေးရလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible16 ဘေး လွတ် သ မျှ သော သူ တို့ သည် ထွက် မြောက် ပြီး လျှင်၊ ချောင်၌ ကူ နေ သော ချိုး များ ကဲ့ သို့ အ သီး သီး ကိုယ့် ဒု စ ရိုက် ကြောင့် ညည်း တွား လျက်၊ တောင် ပေါ် တွင် နေ ထိုင် ရာ၊ အခန်းကိုကြည့်ပါ။Judson Bible16 သို့ရာတွင် လွတ်သောသူတို့သည် လွတ်သောအခါ၊ အသီးအသီး မိမိတို့အပြစ်ကြောင့် စိတ်မသာ ညည်းတွားလျက်၊ ချိုင့်သားချိုးကဲ့သို့ တောင်ပေါ်မှာ ရှိကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း16 ထိုဘေးမှလွတ်၍ အသက်ရှင်ကျန်ရစ်သောသူတို့သည်လည်း သူတို့အပြစ်ကြောင့် ချိုင့်ဝှမ်းရှိခိုငှက်ကဲ့သို့ တောင်ပေါ်တွင် ညည်းညူနေလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
အို ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ဖြောင့်မတ်တော် မူသောအရှင်ဖြစ်တော်မူပါ၏။ သို့ရာတွင် ကိုယ်တော်သည် အကျွန်ုပ်တို့အားအသက်ကို ချမ်းသာပေးတော်မူပါပြီ။ အကျွန်ုပ်တို့သည် မိမိတို့၏အပြစ်ကိုဖော်ပြဝန်ခံကြပါ၏။ ဤအပြစ်ကြောင့်ရှေ့တော်မှောက်သို့ ဝင်ရောက် နိုင်သူတစ်ယောက်မျှမရှိပါ'' ဟုတောင်း လျှောက်လေ၏။
အီဂျစ်ပြည်တွင်နေထိုင်ရန်ယုဒပြည်မှ ထွက်ခွာလာကြသူတို့အနက် အဘယ်သူ ကိုမျှထိုဘေးများမှလွတ်မြောက်ရလိမ့် မည်မဟုတ်။ အသက်မသေဘဲကျန်ရှိလိမ့် မည်မဟုတ်။ မိမိတို့တစ်ဖန်ပြန်လည်နေ ထိုင်ရန်မျှော်လင့်တောင့်တကြသည့်ယုဒ ပြည်သို့ ထိုသူတစ်စုံတစ်ယောက်မျှပြန်ရ လိမ့်မည်မဟုတ်။ ဒုက္ခသည်အချို့မှတစ်ပါး အဘယ်သူမျှပြန်ရကြလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
သူတို့အားငါပြန်လည်ခေါ်ဆောင်လာစဉ် ငါ၏လူမျိုးတော်သည်ငိုကြွေးလျက်ဆုတောင်း ပတ္ထနာပြုလျက်ပြန်လာကြလိမ့်မည်။ ငါသည်သူတို့အားစမ်းရေရှိရာအရပ်များ သို့လည်းကောင်း၊ သူတို့ခြေချော်၍မလဲစေရန် လမ်းကောင်းများဖြင့်လည်းကောင်းခေါ်ဆောင်မည်။ ငါသည်ဣသရေလလူမျိုး၏အဘသဖွယ် ဖြစ်၍ ဧဖရိမ်အနွယ်သည်ငါ၏သားဦးဖြစ်၏။''