သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။ မာန်မာနထောင်လွှားလျက်စိတ်နေမြင့်သူကို သည်းခံမည်မဟုတ်ပါ။
ယေဇကျေလ 22:9 - Common Language Bible သင်၏အထဲ၌အချို့တို့သည်ကုန်းချော၍ သူတစ်ပါးတို့အားသေကြောင်းကြံကြ၏။ သင့်အထဲ၌တောင်ပေါ်ရှိဝတ်ပြုရာဌာန များတွင် ရုပ်တုများအားယဇ်ပူဇော်သည့် အသားကိုစားကြ၏။ အချို့မှာအစဉ် ကာမဂုဏ်လိုက်စားကြ၏။- Garrad Bible သင် သည် သွေး သွန်း လို၍ ကုန်း ချော သူ၊ တောင် များ ပေါ် တွင် စား သောက် သူ၊ ကာ မ ဂုဏ် လိုက် စား သူ၊ Judson Bible သင့်အလယ်၌ လူအသက်ကို သတ်လို၍ ကုန်းတိုက်သောသူ၊ တောင်ပေါ်မှာ စားသောသူ၊ အဓမ္မအမှုကိုပြုသောသူ ရှိကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သူတစ်ပါးအသက်ကိုသတ်လို၍ ချောက်တွန်းသောသူ၊ တောင်များပေါ်၌ ပူဇော်သောအစာကို စားသောသူ၊ သင့်ထဲတွင် ညစ်ညမ်းသောအမှုကို ပြုသောသူများ သင့်တွင်ရှိ၏။ |
သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။ မာန်မာနထောင်လွှားလျက်စိတ်နေမြင့်သူကို သည်းခံမည်မဟုတ်ပါ။
ထိုနောက်ဘုရားသခင်၏လူစုတော်သည် ဗာလဘုရားကိုပေဂုရအရပ်တွင်ရှိခိုး ဝတ်ပြု၍ သက်မဲ့ဘုရားများကိုပူဇော်သည့်ယဇ်ကောင်သားကို စားကြ၏။
``သင်တို့သည်မဟုတ်မမှန်သောသတင်း ကိုမလွှင့်နှင့်။ အပြစ်ကူးလွန်သူဘက်မှ မတရားသက်သေမခံနှင့်။-
အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။
ကုန်းတိုက်သော သူ၏စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
သူတို့အားလုံးပင်ခေါင်းမာသည့်သူပုန် များဖြစ်ကြ၏။ သူတို့သည်ကြေးဝါကဲ့ သို့လည်းကောင်း၊ သံကဲ့သို့လည်းကောင်းမာ ကြောကြ၏။ သူတို့သည်လှည့်လည်သွားလာ ၍ကုန်းချောတတ်ကြ၏။ အကျင့်ပျက်သူ များဖြစ်ကြ၏။-
လူတိုင်းပင်မိမိတို့မိတ်ဆွေများကို သတိထား ရကြလိမ့်မည်။ အဘယ်သူမျှမိမိ၏ညီအစ်ကိုကိုယုံ၍မရ။ အဘယ်ကြောင့်ဆိုသော်ညီအစ်ကိုတိုင်းပင်လျှင် လှည့်စားတတ်၍ လူတိုင်းသည်လည်း၊မိမိမိတ်ဆွေများကို အသရေဖျက်တတ်ကြသောကြောင့်ဖြစ်၏။
သင်တို့သတ်ဖြတ်သောသူတို့သည်လွန်စွာ များပြားလှသဖြင့် လမ်းများသည်လူသေ ကောင်တို့ဖြင့်ပြည့်နှက်နေလေပြီ။
ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
သူသည်ဣသရေလအမျိုးသားတို့၏ ရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိကိုး ကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုလည်းမစား။ သူတစ်ပါးအိမ် ရာပြစ်မှားခြင်း၊-
သူသည်ဣသရေလအမျိုးသားတို့ကိုးကွယ် သောရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိ ကိုးကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုမစား။ သူတစ်ပါး၏အိမ်ရာကို မပြစ်မှား။ ရာသီလာနေသောမိန်းမနှင့်လည်း မဆက်ဆံ။-
သူတို့သည်သင့်ကိုမုန်း၍သင်စုဆောင်းထား သမျှသောပစ္စည်းဥစ္စာတို့ကိုယူ၍ သင့်အား အဝတ်အချည်းစည်းနှင့်ထားခဲ့ကြလိမ့်မည်။ သင့်အားအဝတ်အချည်းစည်းရှိသူပြည့် တန်ဆာကဲ့သို့ဖြစ်စေကြလိမ့်မည်။ သင်သည် တဏှာရာဂစိတ်ရှိမှုကြောင့်၊ ပြည့်တန်ဆာ အလုပ်ကိုလုပ်ကိုင်မှုကြောင့်၊-
အို ယေရုရှင်လင်မြို့၊ သင်သည်အကျင့်ပျက်မှု များဖြင့် မိမိကိုယ်ကိုညစ်ညမ်းစေလေပြီ။ ငါ သည်သင့်အားသန့်စင်အောင်ပြုသော်လည်း သင်သည်ညစ်ညမ်း၍နေ၏။ ငါ၏အမျက်တော် ဒဏ်ကိုမခံရမချင်းသင်သည်သန့်စင်လာ လိမ့်မည်မဟုတ်။-
သင်တို့သည်ပူဇော်သကာဝေစုကိုစား ရသော်လည်းအဆာပြေလိမ့်မည်မဟုတ်၊ သင်တို့သည်သားသမီးဖြစ်ထွန်းစေတတ် သောနတ်ဘုရားများကိုကိုးကွယ်သော် လည်းသားသမီးမထွန်းကား၊ အဘယ် ကြောင့်ဆိုသော်သင်တို့သည်၊ ငါထာဝရ ဘုရားကိုစွန့်၍အခြားသောဘုရား ကိုကိုးကွယ်ကြပြီ။-
သို့ရာတွင်သူတို့ကိုငါဒဏ်ခတ်တော်မမူ။ သင်တို့ကိုယ်တိုင်နတ်ဘုရားကိုးကွယ်ရာ ဌာနဆိုင်ရာပြည့်တန်ဆာမများနှင့်ပေါင်း ဖော်၍ နတ်ဘုရားများကိုအတူတကွ ပူဇော်ပသလေ့ရှိသောကြောင့်ပေတည်း။ `အသိဉာဏ်ကင်းမဲ့သောလူမျိုးသည်ပျက် စီးဆုံးရှုံးရလိမ့်မည်' ဟူ၍ဆိုရိုးစကား ရှိသည်အတိုင်းပင်ဖြစ်၏။
သူတို့သည်ကတိမတည်ခြင်း၊ မုသား စကားကိုပြောခြင်း၊ လူ့အသက်ကိုသတ် ခြင်း၊ သူတစ်ပါးဥစ္စာပစ္စည်းကိုခိုးယူခြင်း၊ သူတစ်ပါးသားမယားကိုပြစ်မှားခြင်း တို့ကိုပြု၏။ တရားလက်လွတ်နေထိုင်၍ လူသတ်မှုများကိုအထပ်ထပ်ကူးလွန် ကြ၏။-
ယဇ်ပုရောဟိတ်များသည်လုယက်ရန်ချုံ ခိုစောင့်သောဋ္ဌားပြဂိုဏ်းကဲ့သို့ကျင့်ကြံ ကြသည်။ သူတို့သည်ရှေခင်မြို့သို့သွား ရာလမ်း၌ပင်လျှင်လူကိုသတ်ကြ၏။ သူ တို့သည်ဤကဲ့သို့ဆိုးရွားသောရာဇဝတ် မှုများကိုကူးလွန်ကြ၏။-
သူတို့အားလုံးသည်သစ္စာဖောက်များဖြစ် ကြ၏။ မုန့်ဖုတ်သူသည်မုန့်ညက်စိမ်းအဆင် သင့်မဖြစ်မီမီးကိုမဆွသကဲ့သို့ ထိုသူ တို့၏မုန်းတီးစိတ်သည်မုန့်ဖိုထဲရှိထိုမီး ကဲ့သို့တစ်အုံနွေးနွေးဖြစ်၏။-
သူတစ်ပါးအသရေပျက်စေသောစကား ကိုလှည့်လည်၍မပြောရ။ သေဒဏ်ခံထိုက်သော ပြစ်မှုကိုကူးလွန်သူအားတရားစီရင်နေ စဉ် သူ့ဘက်ကသက်သေပြနိုင်လျှင်ဖော်ထုတ် ပြောဆိုလော့။ ငါသည်ထာဝရဘုရားဖြစ် တော်မူ၏။
ကိုယ်တော်က``ငါသည်တရားစီရင်ရန်သင် တို့ထံသို့လာ၍မှော်အတတ်ကိုကျင့်သုံး သူများ၊ သူတစ်ပါး၏အိမ်ရာကိုပြစ်မှား သူများ၊ မမှန်သောသက်သေခံသူများ၊ မိမိ၏အလုပ်သမားများအပေါ်အခ ကြေးငွေကိုမတရားသဖြင့်ပြုသူများ၊ မုဆိုးမ၊ မိဖမဲ့သူနှင့်လူမျိုးခြားတို့ အားအနိုင်ကျင့်သူမှစ၍ ငါ့အားမရို သေမလေးစားသူမှန်သမျှတို့အားချက် ချင်းထုတ်ဖော်ကြေညာမည်။
ယဇ်ပုရောဟိတ်ကြီးများနှင့်တကွယုဒတရား လွှတ်တော်အဖွဲ့ဝင်အပေါင်းတို့သည်သခင်ယေရှု အား သေဒဏ်ပေးနိုင်ရန်မဟုတ်မမှန်သောသက်သေ ကိုရှာကြ၏။-
ယခုအကျွန်ုပ်အားစွပ်စွဲပြောဆိုကြသည့် အချက်များကို သူတို့သည်သက်သေမပြ နိုင်ကြပါ။-
ဤသူသည်အနှောင့်အယှက်အလွန်ပေးတတ် သူ၊ တိုင်းပြည်အတွက်အန္တရာယ်ရှိသူဖြစ်ကြောင်း အကျွန်ုပ်တို့တွေ့ရှိရပါသည်။ သူသည်ကမ္ဘာ အရပ်ရပ်ရှိယုဒအမျိုးသားအပေါင်းတို့ ကို ရုန်းရင်းဆန်ခတ်ဖြစ်အောင်လှုံ့ဆော်ပေး ပါ၏။ နာဇရက်ဂိုဏ်းသားတို့၏ခေါင်းဆောင် တစ်ယောက်ဖြစ်ပါ၏။-
ကျွန်ုပ်သည်သူ၏ရုပ်အလောင်းကိုယူ၍အပိုင်း ပိုင်းဖြတ်ပြီးလျှင် ဣသရေလတစ်ဆယ့်နှစ် မျိုးထံသို့တစ်ပိုင်းစီပေးပို့ခဲ့ပါ၏။ ဤသူ တို့သည်ဣသရေလလူမျိုးတွင်ဆိုးညစ် သောအမှု၊ အဋ္ဌမ္မအမှုကိုပြုကြပါပြီ။-
ယခုပင်လျှင်ထာဝရဘုရားသည်အရှင့် အား အကျွန်ုပ်၏လက်သို့အပ်တော်မူခဲ့ကြောင်း အရှင်ကိုယ်တိုင်သိမြင်နိုင်ပါ၏။ အကျွန်ုပ်၏ လူအချို့တို့ကအရှင့်အားအသတ်ခိုင်း ကြပါ၏။ သို့ရာတွင်အကျွန်ုပ်သည်အရှင် ၏အတွက်စိတ်မကောင်းဖြစ်သဖြင့် အရှင့် ကိုစိုးစဉ်းမျှဘေးအန္တရာယ်မပြုလိုပါ။ အဘယ်ကြောင့်ဆိုသော် အရှင်သည်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင် ဖြစ်သောကြောင့်ဖြစ်ပါ၏။-