Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 4:10 - Common Language Bible

10 သင်​တို့​သည်​ပူ​ဇော်​သ​ကာ​ဝေ​စု​ကို​စား ရ​သော်​လည်း​အ​ဆာ​ပြေ​လိမ့်​မည်​မ​ဟုတ်၊ သင်​တို့​သည်​သား​သ​မီး​ဖြစ်​ထွန်း​စေ​တတ် သော​နတ်​ဘု​ရား​များ​ကို​ကိုး​ကွယ်​သော် လည်း​သား​သ​မီး​မ​ထွန်း​ကား၊ အ​ဘယ် ကြောင့်​ဆို​သော်​သင်​တို့​သည်၊ ငါ​ထာ​ဝ​ရ ဘု​ရား​ကို​စွန့်​၍​အ​ခြား​သော​ဘု​ရား ကို​ကိုး​ကွယ်​ကြ​ပြီ။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

10 ငါ ထာ ဝ ရ ဘု ရား ကို လျစ် လျူ ရှု သည် နှင့်၊ ချင် ရဲ မ ပြေ ဘဲ စား သောက် မှု၊ သား မ ရ ဘဲ မှား ယွင်း မှု ကို ပြု ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

10 သူ​တို့​သည် စား၍​မ​ဝ​ရ​ကြ။ မ​တ​ရား​သော မေ​ထုန်​ကို​ပြု၍ သား​သ​မီး​ကို မ​ဖွား​မြင်​ရ​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

10 သူ​တို့​သည် ထာဝရဘုရား​၏​စကား​ကို​မ​လိုက်နာ​၊ ထာဝရဘုရား​ကို​စွန့်ပယ်​သောကြောင့် အစာ​စား​ရ​သော်လည်း တင်းတိမ်​မည်​မ​ဟုတ်​၊ ပြည့်တန်ဆာလုပ်​သော်လည်း သားသမီး​ထွန်းကား​မည်​မ​ဟုတ်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 4:10
18 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​ယော​ယ​ဒ​ကွယ်​လွန်​ပြီး​သည်​နောက် ယု​ဒ​အ​မျိုး​သား​ခေါင်း​ဆောင်​များ​သည် ယော​ရှ မင်း​အား​မိ​မိ​တို့​၏​စ​ကား​ကို​နား​ထောင်​ရန် သွေး​ဆောင်​ကြ​၏။-


သို့​ရာ​တွင်​မ​ကောင်း​မှု​ပြု​သူ​တို့​အား​အ​ပြစ်​ဒဏ် စီ​ရင်​တော်​မူ​သော​အ​ခါ နည်း​လမ်း​တော်​ကို​စွန့်​သူ​တို့​ကို​လည်း အ​ပြစ်​ဒဏ်​စီ​ရင်​တော်​မူ​ပါ။ ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ငြိမ်း​ချမ်း သာ​ယာ​မှု​ကို​ခံ​စား​ရ​ကြ​ပါ​စေ​သော။


သူ​ပြော​ဆို​သော​စ​ကား​သည်​ညစ်​ညမ်း​၍ မု​သား​အ​တိ​ဖြစ်​၏။ သူ​သည်​အ​ကျင့်​ကောင်း​ကို​မ​ပြု​တော့​ပြီ၊ ပ​ညာ​သ​တိ​လည်း​မ​ရှိ​တော့​ပြီ။


ဖြောင့်မတ်သောသူသည် ဝစွာစားရသော အခွင့်ရှိ၏။ မတရားသော သူမူကား၊ မွတ်သိပ်ခြင်းကို ခံရလိမ့်မည်။


လွန်​ခဲ့​သည့်​ရက်​အ​နည်း​ငယ်​က​သင်​တို့​သည် စိတ်​သ​ဘော​ပြောင်း​လဲ​၍ ငါ​နှစ်​သက်​သည့် အ​မှု​ကို​ပြု​ခဲ့​ကြ​၏။ သင်​တို့​အား​လုံး​ပင် မိ​မိ​တို့​ဟေ​ဗြဲ​အ​မျိုး​သား​အ​ချင်း​ချင်း တို့​အား လွတ်​လပ်​ခွင့်​ပေး​ရန်​သ​ဘော​တူ​ညီ ချက်​ဖြင့် ငါ့​နာ​မ​ဖြင့်​တည်​ဆောက်​ထား သော​ဗိ​မာန်​တော်​အ​တွင်း​ငါ​၏​ရှေ့​မှောက် ၌​ပ​ဋိ​ညာဉ်​ပြု​ခဲ့​ကြ​၏။-


ငါ​က``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့် ဤ​ပြည်​သည်​ဖြတ်​သန်း​သွား​လာ​၍​မ​ရ၊ ယို ယွင်း​ပျက်​စီး​လျက်​သဲ​ကန္တာ​ရ​သ​ဖွယ်​ဖြစ် ၍​နေ​ပါ​သ​နည်း။ ဤ​အ​မှု​အ​ရာ​အ​ကြောင်း ကို​သိ​ရှိ​နိုင်​စွမ်း​ရှိ​သည့်​ပ​ညာ​ရှိ​ကား​အ​ဘယ် သူ​ဖြစ်​ပါ​သ​နည်း။ သူ​တစ်​ပါး​တို့​အား​ထပ် ဆင့်​ပြော​ပြ​နိုင်​ရန်​အ​ဘယ်​သူ​အား ဤ​အ​မှု အ​ရာ​အ​ကြောင်း​ကို​ကိုယ်​တော်​ရှင်​ဖော်​ပြ ထား​ပါ​သ​နည်း'' ဟု​လျှောက်​၏။


``သို့​ရာ​တွင်​ဖြောင့်​မတ်​သော​သူ​သည်​ကောင်း မှု​ကို​ရပ်​စဲ​၍ သူ​ယုတ်​မာ​တို့​ပြု​ကျင့်​တတ် သည့်​စက်​ဆုတ်​ဖွယ်​ရာ​ဆိုး​ညစ်​မှု​တို့​ကို ပြု​လျှင် သူ​သည်​ဆက်​လက်​၍​အ​သက်​ရှင် မည်​လော။ အ​သက်​မ​ရှင်​ရ။ သူ​ပြု​ခဲ့​သည့် ကောင်း​မှု​ကို​ငါ​အ​မှတ်​ရ​တော့​မည်​မ​ဟုတ်။ သူ​သည်​သစ္စာ​မဲ့​မှု​ကြောင့်​အ​ပြစ်​ရှိ​၍ မိ​မိ​ကူး​လွန်​ခဲ့​သည့်​အ​ပြစ်​များ အ​တွက်​သေ​ရ​လိမ့်​မည်။


သင်​၏​အ​ထဲ​၌​အ​ချို့​တို့​သည်​ကုန်း​ချော​၍ သူ​တစ်​ပါး​တို့​အား​သေ​ကြောင်း​ကြံ​ကြ​၏။ သင့်​အ​ထဲ​၌​တောင်​ပေါ်​ရှိ​ဝတ်​ပြု​ရာ​ဌာ​န များ​တွင် ရုပ်​တု​များ​အား​ယဇ်​ပူ​ဇော်​သည့် အ​သား​ကို​စား​ကြ​၏။ အ​ချို့​မှာ​အ​စဉ် ကာ​မ​ဂုဏ်​လိုက်​စား​ကြ​၏။-


သို့​ရာ​တွင်​သူ​တို့​ကို​ငါ​ဒဏ်​ခတ်​တော်​မ​မူ။ သင်​တို့​ကိုယ်​တိုင်​နတ်​ဘု​ရား​ကိုး​ကွယ်​ရာ ဌာ​န​ဆိုင်​ရာ​ပြည့်​တန်​ဆာ​မ​များ​နှင့်​ပေါင်း ဖော်​၍ နတ်​ဘု​ရား​များ​ကို​အ​တူ​တ​ကွ ပူ​ဇော်​ပ​သ​လေ့​ရှိ​သော​ကြောင့်​ပေ​တည်း။ `အ​သိ​ဉာဏ်​ကင်း​မဲ့​သော​လူ​မျိုး​သည်​ပျက် စီး​ဆုံး​ရှုံး​ရ​လိမ့်​မည်' ဟူ​၍​ဆို​ရိုး​စကား ရှိ​သည်​အ​တိုင်း​ပင်​ဖြစ်​၏။


သူ​တို့​အား​လုံး​သည်​သစ္စာ​ဖောက်​များ​ဖြစ် ကြ​၏။ မုန့်​ဖုတ်​သူ​သည်​မုန့်​ညက်​စိမ်း​အ​ဆင် သင့်​မ​ဖြစ်​မီ​မီး​ကို​မ​ဆွ​သ​ကဲ့​သို့ ထို​သူ တို့​၏​မုန်း​တီး​စိတ်​သည်​မုန့်​ဖို​ထဲ​ရှိ​ထို​မီး ကဲ့​သို့​တစ်​အုံ​နွေး​နွေး​ဖြစ်​၏။-


ငါ​သည်​စား​နပ်​ရိက္ခာ​ကို​ရှား​ပါး​စေ​သ​ဖြင့် အိမ် ရှင်​မ​ဆယ်​ယောက်​ဖုတ်​ရ​မည့်​မုန့်​အ​ရေ​အ​တွက် မှာ အိမ်​ရှင်​မ​တစ်​ဦး​၏​ဖို​တွင်​ဖုတ်​နိုင်​မည့်​မုန့် အ​ရေ​အ​တွက်​မျှ​သာ​ရှိ​မည်။ သင်​တို့​သည်​ထို မုန့်​ကို​ခွဲ​တမ်း​ချ​၍​မ​လောက်​မ​င​ဝေ​မျှ​စား ရ​လိမ့်​မည်။


သင်​တို့​သည်​အ​စား​အ​စာ​ကို​စား​သော်​လည်း တင်း​တိမ်​မှု​မ​ရှိ။ ဆာ​လောင်​မြဲ​ဆာ​လောင်​လျက် ရှိ​နေ​မည်။ သင်​တို့​ရ​ရှိ​သ​မျှ​သော​ဥစ္စာ​ပစ္စည်း များ​ကို​စု​ဆောင်း​ထား​နိုင်​လိမ့်​မည်​မ​ဟုတ်။ စု​ဆောင်း​ထား​သော​ဥစ္စာ​ပစ္စည်း​များ​ကို​လည်း ငါ​သည်​စစ်​ဘေး​ဒဏ်​ဖြင့်​ဖျက်​ဆီး​ပစ်​မည်။-


ငါ့နောက်သို့မလိုက်တော့ဘဲ လှည့်၍ထွက် ခွာသွားသူများအားလည်းကောင်း၊ ငါ့ထံ မချဉ်းကပ် ငါ၏ပို့ဆောင်လမ်းပြမှုကို လည်းမတောင်းခံသူများအားလည်းကောင်း ငါသုတ်သင်ပယ်ရှင်းမည်'' ဟုမိန့်တော်မူ၏။


သင်​တို့​သည်​ဂျုံ​စ​ပါး​အ​မြောက်​အ​မြား​ကို စိုက်​ပျိုး​ပါ​သော်​လည်း အ​နည်း​ငယ်​မျှ​သာ ရိတ်​သိမ်း​ရ​ကြ​ပေ​သည်။ သင်​တို့​တွင်​အ​စာ ရေ​စာ​ရှိ​သော်​လည်း​ဝ​စွာ​စား​ရန်​မ​လုံ လောက်၊ စ​ပျစ်​ရည်​ရှိ​သော်​လည်း​မူး​ယစ်​အောင် သောက်​ရန်​မ​လုံ​လောက်၊ အ​ဝတ်​အ​စား​များ ရှိ​သော်​လည်း နွေး​ထွေး​အောင်​ဝတ်​ဆင်​ရန် မ​လုံ​လောက်၊ အ​လုပ်​သ​မား​သည်​လည်း​စား ဝတ်​နေ​ရေး​အ​တွက် လုံ​လောက်​အောင်​လုပ်​ခ ကို​မ​ရ​ရှိ။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ