သူကြီး 20:6 - Common Language Bible6 ကျွန်ုပ်သည်သူ၏ရုပ်အလောင်းကိုယူ၍အပိုင်း ပိုင်းဖြတ်ပြီးလျှင် ဣသရေလတစ်ဆယ့်နှစ် မျိုးထံသို့တစ်ပိုင်းစီပေးပို့ခဲ့ပါ၏။ ဤသူ တို့သည်ဣသရေလလူမျိုးတွင်ဆိုးညစ် သောအမှု၊ အဋ္ဌမ္မအမှုကိုပြုကြပါပြီ။- အခန်းကိုကြည့်ပါ။Garrad Bible6 ဣ သ ရေ လ လူ မျိုး တွင် အ ဗြ ဟ္မ မှု၊ ယုတ် မာ မှု ကို ပြု ကျင့် ကြ သော ကြောင့် ကျွန် တော် သည် မ ယား ၏ အ လောင်း ကို ဆောင် ယူ၍၊ အ ပိုင်း ပိုင်း ဖြတ် လျှင် ဣ သ ရေ လ အ မျိုး ပိုင် ဆိုင် ရာ ပြည် တစ် ဝှမ်း လုံး တွင် ပေး ဝေး လိုက် ပါ၏။ အခန်းကိုကြည့်ပါ။Judson Bible6 အကျွန်ုပ်သည်လည်း မယားငယ်အကောင်ကိုယူ၍ အပိုင်းပိုင်းဖြတ်ပြီးမှ၊ ဣသရေလအမျိုး အမွေခံရာ ပြည်တစ်လျှောက်လုံးသို့ ပေးလိုက်ပါ၏။ အကြောင်းမူကား၊ သူတို့သည် ဣသရေလအမျိုး၌ ဆိုးညစ်သောအမှု၊ အဓမ္မအမှုကို ပြုကြပါပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထိုသို့ ဂိဗာမြို့သားတို့သည် အစ္စရေးလူမျိုးတို့တွင် ညစ်ညမ်းသောအမှု၊ ယုတ်ညံ့သောအမှုကို ပြုကြသောကြောင့် အကျွန်ုပ်လည်း မယားငယ်အသေကောင်ကို ခုတ်ဖြတ်ပြီး အစ္စရေးလူမျိုးတို့ အမွေခံရာပြည်တစ်လျှောက်လုံးသို့ ပို့လိုက်ပါ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်ဖျက်ဆီးရမည့်ပစ္စည်းခိုးသူဟု မဲကျသူသည် ငါ၏ပဋိညာဉ်ကိုချိုးဖျက် ၍ဣသရေလအမျိုးသားတို့အား အရှက် တကွဲအကျိုးနည်းဖြစ်စေသောကြောင့်သူ နှင့်တကွသူ၏မိသားစုကိုလည်းကောင်း၊ သူပိုင်သမျှသောပစ္စည်းများကိုလည်းကောင်း မီးရှို့ဖျက်ဆီးပစ်ရမည်' '' ဟုမိန့်ကြား တော်မူ၏။
ရှေခင်၏ဖခင်ဟာမော်သည်ကြောင်းလမ်းရန် ကိစ္စနှင့်ယာကုပ်ထံသို့ရောက်ရှိလာ၏။ ယာကုပ် ၏သားတို့သည်မိမိတို့၏နှမအားရှေခင် ကမတရားပြုကျင့်ခြင်းဖြင့် ဣသရေလ တစ်မျိုးလုံးကိုစော်ကားကြောင်းကြားရသော အခါ မပြုအပ်သောယုတ်မာမှုကိုပြုသော ကြောင့်စိတ်နာ၍အလွန်ဒေါသအမျက်ထွက် ကြလေသည်။-
ထာဝရဘုရားက``ငါ၏ပညတ်များကို စောင့်ထိန်းလော့။ သင်တို့အလျင်ထိုပြည်၌ နေထိုင်ခဲ့သော သူတို့၏အလေ့အကျင့်များ ကိုအတုမခိုးနှင့်။ သင်တို့သည်ထိုအကျင့် များကိုကျင့်ခြင်းအားဖြင့် ကိုယ်ကိုမညစ် ညမ်းစေကြနှင့်။ ငါသည်သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်တော်မူ၏'' ဟု မိန့်တော်မူ၏။