ဆာလံ 101 - Common Language Bibleဘုရင်၏ကတိသစ္စာတော် 1 အို ထာဝရဘုရား၊ ကျွန်တော်မျိုးသည်သစ္စာစောင့်သိခြင်းနှင့် တရားမျှတခြင်းအကြောင်းကိုသီချင်းဆိုပါမည်။ ရှေ့တော်၌သီချင်းဆိုပါမည်။ 2 ကျွန်တော်မျိုးသည်အပြစ်ဆိုဖွယ်မရှိအောင် ကျင့်ကြံပါမည်။ ကိုယ်တော်သည်အဘယ်အခါမှကျွန်တော်မျိုး ထံသို့ ကြွလာတော်မူပါမည်နည်း။ ကျွန်တော်မျိုးသည်မိမိ၏အိမ်တွင်ဖြူစင်သည့် စိတ်သဘောထားဖြင့်ကျင့်ကြံပြုမူပါမည်။ 3 မကောင်းမှုကိုအဘယ်အခါ၌မျှသည်းခံမည် မဟုတ်ပါ။ ဘုရားသခင်အားကျောခိုင်းသူတို့၏ အပြုအမူတို့ကိုမုန်း၍ ထိုအပြုအမူတို့နှင့်အဘယ်သို့မျှပတ်သက် မည် မဟုတ်ပါ။ 4 ငါသည်လိမ်လည်ကောက်ကျစ်မည်မဟုတ်ပါ။ မကောင်းမှုပြုသူတို့နှင့်ပေါင်းဖော်မည်မဟုတ်ပါ။ 5 သူတစ်ပါးအကြောင်းမကောင်းသတင်း တီးတိုးလွှင့်တတ်သူကိုဖယ်ရှားပစ်ပါမည်။ မာန်မာနထောင်လွှားလျက်စိတ်နေမြင့်သူကို သည်းခံမည်မဟုတ်ပါ။ 6 ငါသည်ထာဝရဘုရားအားသစ္စာစောင့်သူတို့ကို နှစ်သက်ပါမည်။ သူတို့အားငါ၏နန်းတော်တွင်နေခွင့်ပြုပါမည်။ လိမ်လည်ကောက်ကျစ်မှုကင်းရှင်းသူတို့အား ငါ၏အမှုတို့ကိုထမ်းဆောင်စေပါမည်။ 7 လိမ်လည်ပြောဆိုတတ်သူသည်ငါ၏နန်းတော်တွင် နေရမည်မဟုတ်ပါ။ သူတော်ယောင်ဆောင်တတ်သူသည် ငါ၏ရှေ့မှောက်တွင်နေရမည်မဟုတ်ပါ။ 8 ငါတို့တိုင်းနိုင်ငံတွင်ရှိသမျှသောသူယုတ်မာ တို့ကို ငါသည်နေ့စဉ်နေ့တိုင်းသုတ်သင်ပစ်ပါမည်။ ဆိုးညစ်သူအပေါင်းတို့အားထာဝရဘုရား၏ မြို့တော်မှနှင်ထုတ်ပါမည်။ |
© 2005 Bible Society of Myanmar
Bible Society of Myanmar