ယေဇကျေလ 18:6 - Common Language Bible6 သူသည်ဣသရေလအမျိုးသားတို့ကိုးကွယ် သောရုပ်တုတို့ကိုမကိုးကွယ်။ တောင်ပေါ်ရှိ ကိုးကွယ်ရာဌာနများတွင် ယဇ်ပူဇော်သည့် အသားကိုမစား။ သူတစ်ပါး၏အိမ်ရာကို မပြစ်မှား။ ရာသီလာနေသောမိန်းမနှင့်လည်း မဆက်ဆံ။- အခန်းကိုကြည့်ပါ။Garrad Bible6 ဣ သ ရေ လ အ မျိုး သား တို့ ရှိ ခိုး သော ရုပ် ပွား များ ကို ဖူး မြင် လျက် တောင် များ ပေါ် တွင် စား သောက် ခြင်း၊ သူ့ မ ယား ကို ရှုတ် ချ ခြင်း၊ ရာ သီ ရောက် သော မိန်း မ နှင့် ဆက် ဆံ ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible6 တောင်ပေါ်မှာမစား၊ ဣသရေလအမျိုး ကိုးကွယ်သော ရုပ်တုတို့ကို မဖူးမမျှော်၊ သူ့မယားကို မပြစ်မှား၊ ဥတုရောက်သော မိန်းမကို မချဉ်းကပ်၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 တောင်များပေါ်တွင်ပူဇော်သောအစာကို မစား၊ အစ္စရေးအမျိုးအနွယ်၏ရုပ်တုတို့ကို မကိုးကွယ်၊ မိမိအိမ်နီးချင်း၏မယားကို မပြစ်မှား၊ ဓမ္မတာလာသောမိန်းမထံ မချဉ်းကပ်၊ အခန်းကိုကြည့်ပါ။ |
ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
လူသေကောင်တို့သည်ရုပ်တုများအကြား နှင့်ယဇ်ပလ္လင်များပတ်လည်၌လည်းကောင်း၊ မြင့်သောတောင်ကုန်းများနှင့်တောင်ထိပ်များ ၌လည်းကောင်း၊ စိမ်းလန်းသောသစ်ပင်များနှင့် ဝက်သစ်ချပင်ကြီးရှိသမျှအောက်၌လည်း ကောင်း၊ ရုပ်တုတို့အားနံ့သာပေါင်းကိုမီးရှို့ ပူဇော်ရာဌာနရှိသမျှတို့၌လည်းကောင်း ပျံ့နှံ့၍နေလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်ကြောင်းကိုလူ အပေါင်းတို့သိရှိလာကြလိမ့်မည်။-