သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။ လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။
ယေဇကျေလ 2:1 - Common Language Bible ``အချင်းလူသားထလော့။ သင့်အားငါမြွက် ဆိုမည်'' ဟုမိန့်တော်မူ၏။- Garrad Bible ငါ သည် မြင် ရ သည့် ကာ လ၊ ပျပ် ဝပ် လျက်၊ ငါ ကြား ရ သည့် မိန့် တော် မူ သံ မှာ၊ အ ချင်း လူ သား၊ ခြေ စုံ ရပ် လော့။ သင့် အား ငါ မြွက် ဆို မည် ဟု မိန့် တော် မူ သော်၊ Judson Bible ထိုဗျာဒိတ်ရူပါရုံကို ငါသည်မြင်သောအခါ ပျပ်ဝပ်လျက်နေ၏။ တစ်ဦးသောသူကလည်း၊ အချင်းလူသား၊ မတ်တတ်နေလော့။ သင့်အား ငါပြောမည်ဟု ငါ့အားဆိုသံကို ငါကြား၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူက ငါ့အား “အချင်းလူသား၊ မတ်တတ်ရပ်လော့။ သင့်ကို ငါစကားပြောမည်”ဟု ဆို၏။ |
သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။ လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။
ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။
``အချင်းလူသား၊ ယခုသင်သည်ဒုက္ခသည် တစ်ဦးကဲ့သို့ အထုပ်အပိုးကိုယူ၍နေ့ အချိန်၌ထွက်ခွာသွားလော့။ ယင်းသို့သင် အရပ်တစ်ပါးသို့ထွက်ခွာသွားသည်ကို လူတိုင်းမြင်ပါစေ။ ပုန်ကန်တတ်သူတို့သည် လည်းသင့်အားနားလည်ကောင်းနားလည် ကြလိမ့်မည်။-
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့၏ပရောဖက်များကိုရှုတ်ချ လော့။ ဗျာဒိတ်စကားများကို မိမိတို့ကိုယ်တိုင် လုပ်ကြံဟောပြောကြသူတို့အား ထာဝရ ဘုရား၏အမိန့်တော်ကိုနားထောင်ကြရန် ပြောကြားလော့'' ဟုမိန့်တော်မူ၏။
``အချင်းလူသား၊ အကယ်၍တိုင်းနိုင်ငံတစ် ခုသည် အပြစ်ကူးလွန်၍ငါ့အားသစ္စာဖောက် ခဲ့သော် ငါသည်လက်တော်ကိုဆန့်တန်း၍ထို နိုင်ငံသို့ရိက္ခာကိုဖြတ်တောက်မည်။ အစာငတ် မွတ်ခေါင်းပါးခြင်းဘေးသက်ရောက်စေ၍ လူနှင့်တိရစ္ဆာန်ကိုပါသုတ်သင်ပစ်မည်။-
ကိုယ်တော်က``အချင်းလူသားဤသူတို့ သည်ရုပ်တုများကိုစွဲလမ်းသောစိတ်ရှိ ၍ မိမိရှေ့တွင်ထိမိ၍လဲစရာဖြစ်စေ ကြကုန်ပြီ။ သူတို့သည်အဖြေကိုငါ့ထံ မှရလိမ့်မည်ဟုထင်မှတ်ကြသလော။
ကိုယ်တော်က``အချင်းလူသား၊ စပျစ်ပင်သည် သာမန်သစ်ပင်နှင့်အဘယ်သို့ခြားနားသနည်း။ စပျစ်နွယ်သားသည်တောမှသစ်ပင်များ၏ သစ်ကိုင်းများနှင့်အသုံးဝင်ပုံမည်သို့ခြား နားသနည်း။-
ကိုယ်တော်က``အချင်းလူသား၊ ယေရုရှလင် မြို့အားမိမိပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာ အမှုတို့ကိုညွှန်ပြလော့။-
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ အမျိုးသားတို့အားငါအရှင်ထာဝရဘုရား အဘယ်သို့မိန့်တော်မူသည်ကိုသိရှိကြစေ ရန် စကားထာဝှက်၍ပုံဥပမာတစ်ခုကို ပြောပြလော့။ အခါတစ်ပါးကသန်စွမ်း သောအတောင်ကြီးများနှင့် ရှည်သောအမွေး အတောင်များရှိသည့်လင်းယုန်ငှက်ကြီး တစ်ကောင်ရှိ၏။ သူ့မှာအရောင်စုံ၍လှပ သောအမွေးအတောင်များရှိ၏။ သူသည် လေဗနုန်တောင်ထိပ်သို့ပျံသန်းပြီးလျှင် အာရစ်ပင်ထိပ်ဖျားတွင်နားလျက်၊-
``အချင်းလူသား၊ ငါ့အားပုန်ကန်တော်လှန် ကြသောဣသရေလအမျိုးသားတို့ထံသို့ သင့်ကိုငါစေလွှတ်မည်။ သူတို့သည်မိမိတို့ ဘိုးဘေးများကဲ့သို့ယခုတိုင်အောင်ပုန်ကန် လျက်နေကြ၏။-
``သို့ရာတွင်အချင်းလူသား၊ သင်သည်သူ တို့ကိုသော်လည်းကောင်း၊ သူတို့ပြောဆိုသမျှ သောစကားတို့ကိုသော်လည်းကောင်းမ ကြောက်ရ။ မလန့်နှင့်သင့်အားသူတို့သည် ဆူးပင်များကဲ့သို့ဝိုင်းရံကြလိမ့်မည်။ သင် သည်ကင်းမီးကောက်တောတွင်နေရဘိသကဲ့ သို့ဖြစ်လိမ့်မည်။ သူတို့သည်ထိုပုန်ကန်တတ် သူများဖြစ်သောကြောင့်တည်း။-
``အချင်းလူသား၊ ငါမိန့်တော်မူသည်ကိုနား ထောင်လော့။ သူတို့ကဲ့သို့မပုန်ကန်နှင့်။ သင်၏ ခံတွင်းကိုဖွင့်၍ငါပေးမည့်အရာကိုစား လော့'' ဟုမိန့်တော်မူ၏။-
ကိုယ်တော်က``အချင်းလူသား၊ သင်သည်သူတို့ အား`သင်တို့သည်ငါ၏အလိုတော်ကိုစုံစမ်း မေးမြန်းရန်လာကြသလော။ ငါသည်အသက် ရှင်တော်မူသောဘုရားဖြစ်တော်မူသည်နှင့် အညီ သင်တို့မေးမြန်းစုံစမ်းမှုမှန်သမျှ ကိုလက်ခံမည်မဟုတ်။ ဤကားငါအရှင် ထာဝရဘုရား၏စကားဖြစ်၏' ဟုမိန့် တော်မူကြောင်းဆင့်ဆိုလော့။
ကိုယ်တော်က``အချင်းလူသား၊ ဤစာလိပ်ကို စားလော့။ ထိုနောက်ဣသရေလအမျိုးသား တို့ထံသို့သွား၍ဟောပြောလော့'' ဟုမိန့် တော်မူ၏။
ကိုယ်တော်ကဆက်လက်၍``အချင်းလူသား၊ ငါပြောသမျှသောစကားတို့ကိုသေချာ စွာနားထောင်မှတ်သားလော့။-
``အချင်းလူသား၊ ငါသည်ဣသရေလအမျိုး သားတို့အတွက်သင့်အားကင်းစောင့်အဖြစ်ခန့် ထားမည်။ ငါသတိပေးသည့်စကားများကို ကြားနာ၍ သင်သည်သူတို့အားဆင့်ဆိုရမည်။-
ထိုနောက်ကိုယ်တော်က``အချင်းလူသား၊ ဣသ ရေလအမျိုးသားတို့ထံသို့သွား၍ ငါမိန့် တော်မူသမျှတို့ကိုဆင့်ဆိုလော့။-
ကိုယ်တော်က``အချင်းလူသားဤအရိုးတို့ သည်ပြန်၍အသက်ရှင်နိုင်ကြမည်လော'' ဟုငါ့အားမေးတော်မူလျှင်၊ ငါက``အို အရှင်ထာဝရဘုရား၊ ဤမေးခွန်း ကိုကိုယ်တော်ရှင်သာလျှင်ဖြေကြားတော် မူနိုင်ပါ၏'' ဟုလျှောက်ထား၏။
ထို့နောက်``အချင်းလူသား၊ အုတ်တစ်ချပ်ကို ယူ၍သင်၏ရှေ့တွင်ထားပြီးလျှင် ယေရုရှ လင်မြို့ပုံကိုအုတ်ပေါ်တွင်ရေးဆွဲလော့။-
ကိုယ်တော်ကငါ့အား``အချင်းလူသား၊ စေ့စေ့ကြည့်ရှုလော့။ သင့်အားငါပြောသည်ကိုဂရုပြုနားထောင်၍ငါပြသည့်အရာမှန်သမျှကိုသေချာစွာမှတ်သားထားလော့။ အဘယ်ကြောင့်ဆိုသော်ငါသည်သင့်အား ထိုအရာများကိုပြရန်အတွက် ဤအရပ်သို့ဆောင်ယူလာခြင်းဖြစ်သောကြောင့်တည်း။ သင်သည်ဣသရေလအမျိုးသားတို့အားမိမိတွေ့မြင်ရသောအမှုအရာကိုပြောပြရမည်'' ဟုမိန့်တော်မူ၏။
အရှင်ထာဝရဘုရားကငါ့အား``အချင်း လူသား၊ ငါပြောသည်ကိုနားထောင်လော့။ ယဇ် ပလ္လင်ကိုတည်ဆောက်ပြီးသောအခါသင်သည် ယဇ်ကောင်များကိုမီးရှို့ပူဇော်ခြင်း၊ ယဇ်ကောင် များ၏သွေးဖြင့်ယဇ်ပလ္လင်ကိုပက်ဖျန်းခြင်း ဖြင့်ယဇ်ပလ္လင်ကိုသန့်စင်စေရမည်။-
``အချင်းလူသား၊ ဋ္ဌားထက်ထက်တစ်လက် ကိုယူ၍သင်၏မုတ်ဆိတ်နှင့်ဆံပင်ကိုရိတ် လော့။ ထိုနောက်ယင်းတို့ကိုချိန်ခွင်တွင်ထည့် ၍ အညီအမျှသုံးစုခွဲလော့။-
ကိုယ်တော်က``အချင်းလူသား၊ ဣသရေလ ပြည်သူပြည်သားတို့အား ငါအရှင်ထာဝရ ဘုရားမိန့်တော်မူသည်ကား``နိုင်ငံတစ်ခု လုံးပျက်သုဉ်းရာအချိန်ကျပြီ။
ကောင်းကင်တမန်က``ဒံယေလ၊ ဘုရားသခင် သည် သင့်ကိုချစ်တော်မူ၏။ ထ၍ငါပြောမည့် စကားကိုသေချာစွာနားထောင်လော့။ ကိုယ် တော်သည်ငါ့အားသင့်ထံသို့စေလွှတ်တော် မူပြီ'' ဟုဆို၏။ ဤစကားကိုကြားသော အခါငါသည်တုန်လှုပ်လျက်ပင်မတ်တတ် ရပ်လိုက်၏။
ထိုသူက``ဘုရားသခင်သည်သင့်ကိုချစ် မြတ်နိုးတော်မူ၏။ ထို့ကြောင့်မစိုးရိမ်နှင့်၊ မကြောက်လန့်နှင့်'' ဟုဆို၏။ ဤစကားကို ကြားသောအခါငါသည်ပို၍အားရှိလာ ပြီးလျှင်``အရှင်၊ အရှင်မိန့်ကြားရန်ရှိသည် ကိုမိန့်တော်မူပါ။ အရှင်သည်အကျွန်ုပ် အားသက်သာစေတော်မူပါပြီ'' ဟု လျှောက်ထား၏။
ဂါဗြေလသည်ငါ၏အနီးသို့လာ၍ရပ် လိုက်သောအခါငါသည်လွန်စွာထိတ်လန့် သွားသဖြင့်မြေသို့လဲကျလေသည်။ ဂါဗြေလက``အချင်းလူသား၊ ရူပါရုံ၏ အနက်ကိုနားလည်လော့။ ထိုရူပါရုံသည် ကပ်ကမ္ဘာကုန်ဆုံးချိန်နှင့်သက်ဆိုင်၏'' ဟု ငါ့အားဆို၏။-
သခင်ယေရှုသည်ကြွလာတော်မူ၍သူတို့ကို လက်ဖြင့်တို့ထိပြီးလျှင် ``ထကြ။ မကြောက် ကြနှင့်'' ဟုမိန့်တော်မူ၏။-
ကောင်းကင်ဘုံမှဆင်းသက်လာသောလူသား မှတစ်ပါး အဘယ်သူမျှကောင်းကင်ဘုံသို့ မရောက်ဖူးကြ'' ဟုမိန့်တော်မူ၏။
ဘုရားသခင်သည်လောကသားတို့ကိုလွန်စွာ ချစ်တော်မူသဖြင့် သားတော်အားယုံကြည်သူ အပေါင်းတို့သည်ပျက်စီးဆုံးပါးခြင်းမရှိ ဘဲ ထာဝရအသက်ကိုရစေခြင်းငှာ မိမိ ၏တစ်ပါးတည်းသောသားတော်ကိုစွန့်တော် မူ၏။-
သို့ရာတွင်ယခုထ၍မတ်တပ်ရပ်လော့။ သင့် အားငါ၏အမှုတော်ဆောင်အဖြစ်ခန့်ထားရန် သင်၏ထံသို့ငါကြွလာခြင်းဖြစ်၏။ ယနေ့ သင်မြင်ရသည့်ဗျာဒိတ်ရူပါရုံအကြောင်း နှင့် နောင်အခါငါဖော်ပြလတ္တံ့သောအကြောင်း အရာတို့ကိုသင်သည်သူတစ်ပါးတို့အား သက်သေခံရမည်။-
သို့သော်သင်သည်ထ၍မြို့ထဲသို့ဝင်လော့။ သင်ပြုရမည့်အမှုကိုထိုအရပ်တွင်သိရှိ ရလိမ့်မည်'' ဟုမိန့်တော်မူ၏။