ယေဇကျေလ 2:2 - Common Language Bible2 ယင်းအသံမြွက်ဆိုနေချိန်၌ပင်လျှင် ဘုရားသခင်၏ဝိညာဉ်တော်သည်ငါ၏အတွင်းသို့ ဝင်၍ ငါ့အားကူမတော်မူပြီးလျှင်မတ်တပ် ရပ်စေတော်မူ၏။ ထိုနောက်အသံတော်က ဆက်လက်၍၊- အခန်းကိုကြည့်ပါ။Garrad Bible2 ဝိ ညာဉ် တော် သည် ငါ့ အ တွင်း သို့ ဝင် ရောက်၍ ခြေ စုံ ရပ် စေ သ ဖြင့်၊ မိန့် တော် မူ ချက် ကို ငါ ကြား ရ၏။ အခန်းကိုကြည့်ပါ။Judson Bible2 ထိုသို့ဆိုသောအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်၍ မတ်တတ်နေစေသဖြင့်၊ ငါနှင့်ပြောသောသူ၏ စကားကို ငါကြားသည်ကား၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 ထိုသို့မိန့်တော်မူစဉ် ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်ရောက်ပြီး ငါ့ကို မတ်တတ်ရပ်စေသောအခါ ငါနှင့်စကားပြောသောသူ၏အသံကို ငါကြားရ၏။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်သည်သူတို့အားတစ်နှစ်ပြီးတစ်နှစ် သည်းခံ၍သတိပေးတော်မူပါ၏။ ကိုယ်တော်၏နှိုးဆော်သူပရောဖက်များက ပြောဆိုဆုံးမကြသော်လည်း ကိုယ်တော်၏လူမျိုးတော်သည်နားပင်းလျက် နေကြပါ၏။ သို့ဖြစ်၍ကိုယ်တော်သည်လူမျိုးခြားတို့အား ကိုယ်တော်၏လူမျိုးတော်ကိုနှိမ်နင်းခွင့် ပေးတော်မူပါ၏။