ဆာလံ 8:4 - Common Language Bible4 သို့ဖြစ်၍လူသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်ရှင်သည်သူ့အား အောက်မေ့တော်မူရပါသနည်း။ လူသားသည်အဘယ်သို့သောသူဖြစ်၍ ကိုယ်တော်သည်သူ့ကိုကြည့်ရှုစောင့်ရှောက် တော်မူရပါသနည်း။ အခန်းကိုကြည့်ပါ။Garrad Bible4 လူ သည် မည် သို့ သော သူ ဖြစ် ၍၊ ကိုယ် တော် အ ရေး ယူ တော် မူ ရ ပါ သ နည်း။ လူ့ သား သည် မည် သို့ သော သူ ဖြစ်၍ ကြည့် ရှု တော် မူ ရ ပါ သ နည်း။ အခန်းကိုကြည့်ပါ။Judson Bible4 လူသည် အဘယ်သို့သောသူဖြစ်၍၊ ကိုယ်တော်သည် အောက်မေ့တော်မူရသနည်း။ လူသားသည် အဘယ်သို့သော သူဖြစ်၍ အကြည့်အရှု ကြွလာတော်မူရသနည်း။ သူ့ကို ကောင်းကင်တမန်တို့အောက်၌ အနည်းငယ်နှိမ့်တော်မူပြီ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 လူသည်မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုအောက်မေ့တော်မူရသနည်း။ လူ့သားသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကိုကြည့်ရှုတော်မူရသနည်း။ အခန်းကိုကြည့်ပါ။ |
သူတို့သည်သင့်ကိုလည်းကောင်း၊ သင်၏မြို့ရိုး အတွင်းရှိလူအပေါင်းတို့ကိုလည်းကောင်း ဖျက် ဆီးသုတ်သင်ကြလိမ့်မည်။ ကျောက်တစ်ချပ် ပေါ်တစ်ချပ်မျှတင်၍နေလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်သည်မိမိအား ကယ်တင်ရန် ဘုရားသခင်ကြွလာသည့် အချိန်ကာလကိုမသိမမြင်သောကြောင့် ဖြစ်၏'' ဟုမိန့်တော်မူ၏။
မယုံကြည်သူတို့သည်သင်တို့အားမကောင်း မှုပြုကြသူများဟု ပြစ်တင်စွပ်စွဲလျက်နေ ကြစဉ် သင်တို့၏အကျင့်ကောင်းများကိုမြင် သဖြင့်ဘုရားသခင်ကြွလာတော်မူရာနေ့ ၌ ကိုယ်တော်၏ဘုန်းအသရေတော်ကိုချီးကူး ကြစေရန် သင်တို့သည်ထိုသူတို့ရှေ့တွင်တင့် တယ်လျောက်ပတ်စွာပြုမူကျင့်ကြံလျက် နေကြလော့။