Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ဇ​ကျေ​လ 37:3 - Common Language Bible

3 ကိုယ်​တော်​က``အ​ချင်း​လူ​သား​ဤ​အ​ရိုး​တို့ သည်​ပြန်​၍​အ​သက်​ရှင်​နိုင်​ကြ​မည်​လော'' ဟု​ငါ့​အား​မေး​တော်​မူ​လျှင်၊ ငါ​က``အို အ​ရှင်​ထာ​ဝရ​ဘု​ရား၊ ဤ​မေး​ခွန်း ကို​ကိုယ်​တော်​ရှင်​သာ​လျှင်​ဖြေ​ကြား​တော် မူ​နိုင်​ပါ​၏'' ဟု​လျှောက်​ထား​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ထို အ ခါ၊ အ ချင်း လူ့ သား၊ ဤ အ ရိုး များ သည် ရှင် နိုင် မည် လော ဟု မေး တော် မူ သော်၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သိ တော် မူ ပါ ၏ ဟု ငါ ပြန် လျှောက် လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

3 ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ အ​ချင်း​လူ​သား၊ ဤ​အ​ရိုး​တို့​သည် အ​သက်​ရှင်​နိုင်​သ​လော​ဟု မေး​တော်​မူ​လျှင်၊ ငါ​က၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သိ​တော်​မူ​သည်​ဟု လျှောက်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ကိုယ်တော်​က ငါ့​အား “​အချင်း​လူသား​၊ ဤ​အရိုး​တို့ အသက်ရှင်​နိုင်​မည်လော​”​ဟု မေး​လျှင် ငါ​က “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သိ​တော်မူ​ပါ​၏​”​ဟု ပြန်လျှောက်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ဇ​ကျေ​လ 37:3
14 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​၏​ခိုင်​မြဲ​သော​မေတ္တာ​တော် အ​ကြောင်း​ကို သင်္ချိုင်း​တွင်း​၌​လည်း​ကောင်း၊ ကိုယ်​တော်​ရှင်​၏​သစ္စာ​တော်​အ​ကြောင်း​ကို ပျက်​စီး​ရာ​ဌာ​န​၌​လည်း​ကောင်း ထုတ်​ဖော်​ပြော​ဆို​ခြင်း​ရှိ​ပါ​သ​လော။


အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား လူ​သူ​မ​နေ​သည့်​မြို့​ပျက်​များ​ကဲ့​သို့​ဖြစ်​စေ မည်။ သမုဒ္ဒ​ရာ​ရေ​ကို​ယူ​ဆောင်​ခဲ့​၍ ပင်​လယ်​ရေ ဖြင့်​ဖုံး​လွှမ်း​စေ​မည်။-


ကိုယ်​တော်​သည်​ငါ့​အား​ထို​ချိုင့်​ဝှမ်း​တစ်​လျှောက် သို့​ခေါ်​ဆောင်​သွား​တော်​မူ​သ​ဖြင့် ထို​အ​ရပ်​၌ အ​ရိုး​အ​မြောက်​အ​မြား​ရှိ​သည့်​အ​ပြင်၊ ထို အ​ရိုး​တို့​သည်​အ​လွန်​သွေ့​ခြောက်​လျက်​နေ သည်​ကို​လည်း​ငါ​မြင်​ရ​လေ​သည်။-


ခမည်း​တော်​သည်​သူ​သေ​များ​ကို​အ​သက်​ပြန် ရှင်​စေ​တော်​မူ​သ​ကဲ့​သို့ သား​တော်​သည်​လည်း မိ​မိ​အ​လို​ရှိ​သူ​များ​ကို​အ​သက်​ရှင်​စေ တော်​မူ​၏။-


သူ​သေ​တို့​ကို​ဘု​ရား​သ​ခင်​ရှင်​ပြန်​ထ မြောက်​စေ​တော်​မူ​သည်​ကို ဤ​တွင်​ရှိ​နေ​သူ တို့​အ​ဘယ်​ကြောင့်​မ​ယုံ​နိုင်​ကြ​ပါ​သ​နည်း။''


``ငါ​သည်​သင့်​အား​လူ​မျိုး​အ​မြောက်​အ​မြား​တို့ ၏​အ​ဖ​ဖြစ်​စေ​ပြီ'' ဟု​ကျမ်း​စာ​တော်​တွင်​ဖော်​ပြ သည်​နှင့်​အ​ညီ​ဖြစ်​သည်။ သို့​ဖြစ်​၍​ဘု​ရား​သခင် ၏​ရှေ့​တော်​၌​ထို​က​တိ​တော်​တည်​ရ​၏။ ဘု​ရား သ​ခင်​သည်​အာ​ဗြ​ဟံ​ယုံ​ကြည်​သော​ဘု​ရား၊ သူ သေ​တို့​ကို​အ​သက်​ရှင်​စေ​သော​ဘု​ရား၊ ယ​ခင် က​မ​ဖြစ်​ဘူး​သည့်​အ​ရာ​များ​ကို​ဖြစ်​ပေါ် စေ​ရန်​အ​မိန့်​ပေး​တော်​မူ​သော​ဘု​ရား​ဖြစ် တော်​မူ​၏။-


လူ​တစ်​စုံ​တစ်​ယောက်​က ``သေ​လွန်​သူ​တို့​သည် အ​ဘယ်​သို့​ရှင်​ပြန်​ထ​မြောက်​ကြ​မည်​နည်း'' ဟု​မေး​သည်​ဆို​အံ့။-


သူ​တို့​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် စစ်​ရှုံး​ရ​သည်​ကို​မ​သိ​ကြ။ ဖြစ်​ပျက်​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း နား​မ​လည်​နိုင်​ကြ။


`` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။ အ​သက်​ကို​ပေး​ပိုင်​၏။ ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။


ဣ​ဇာက်​အား​သေ​ရာ​မှ​ဘု​ရား​သ​ခင်​ပြန်​၍ ရှင်​စေ​တော်​မူ​နိုင်​ကြောင်း​ကို​သူ​သည်​မှတ်​ယူ ၏။ အ​မှန်​စင်​စစ်​အား​ဖြင့်​သူ​သည်​မိ​မိ​၏ သား​ကို​သေ​ရာ​မှ​ပြန်​၍​ရ​သည်​ဟု​ဆို​နိုင် လေ​သည်။


ထာ​ဝ​ရ​ဘု​ရား​သည်​သေ​စေ​ခြင်း၊ရှင်​စေ​ခြင်း ကို​လည်း​ကောင်း၊ မ​ရ​ဏာ​နိုင်​ငံ​သို့​ပို့​ဆောင်​ခြင်း၊ပြန်​လည် ခေါ်​ဆောင်​ခြင်း​ကို​လည်း​ကောင်း​ပြု​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ