ယေဇကျေလ 1:28 - Common Language Bible28 ယင်းသို့ထွန်းလင်းတောက်ပသောအရောင်အဝါသည် မိုးတိမ်များ၌ဖြစ်ပေါ်တတ်သောသက်တံနှင့်တူ၏။ ဤကားထာဝရဘုရား၏ဘုန်းအသရေတော်ကို ဖော်ပြသောတောက်ပသည့်အလင်းရောင်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible28 ပတ် လည် ရှိ ရောင် ခြည် သဏ္ဌာန် သည်၊ မိုး ရွာ သည့် နေ့၌ မိုး တိမ် ပါ သော သက် တံ့ နှင့် တူ၏။ ထာ ဝ ရ ဘု ရား၏ ဘုန်း တော့် အ သွင် သဏ္ဌာန် ကား ထို သို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible28 ထိုသို့ ထွန်းတောက်သော အရောင်သည် မိုးရွာသောနေ့တွင်၊ မိုးတိမ်၌ပေါ်သော သက်တံ၏ အရောင်ကဲ့သို့ ဖြစ်၏။ ဤရွေ့ကား၊ ထာဝရဘုရား၏ဘုန်းတော်သဏ္ဌာန် အဆင်းအရောင်ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 ထိုအလင်းသည် မိုးရွာသောနေ့၌ မိုးတိမ်တွင်ထွက်ပေါ်လာသော သက်တံ၏အရောင်ကဲ့သို့ ပတ်ပတ်လည်တွင် ရောင်ခြည်ဖြာထွက်နေ၏။ ထာဝရဘုရား၏ဘုန်းအသရေ ထွန်းလင်းသကဲ့သို့ဖြစ်၏။ ထိုအရာကိုမြင်၍ ငါပျပ်ဝပ်လျက်နေစဉ် တစ်စုံတစ်ယောက်စကားပြောသောအသံကို ငါကြားရ၏။ အခန်းကိုကြည့်ပါ။ |
နံနက်အချိန်သို့ရောက်လျှင် သင်တို့သည် ထာဝရဘုရား၏တောက်ပသောဘုန်းတော် ကိုမြင်ရကြမည်။ ထာဝရဘုရားအားသင် တို့အပြစ်တင်ညည်းညူသံကိုကိုယ်တော် ကြားတော်မူပြီ။ ငါတို့သည်ထာဝရဘုရား မိန့်မှာသမျှအတိုင်းဆောင်ရွက်ရသူများ ဖြစ်သဖြင့် သင်တို့သည်ထာဝရဘုရားကို သာအပြစ်တင်ကြခြင်းဖြစ်သည်'' ဟုဆို လေ၏။-
ထာဝရဘုရား၏တောက်ပသောဘုန်းအသရေ တော်သည်တောင်ပေါ်သို့သက်ဆင်းလေ၏။ ဣသ ရေလအမျိုးသားတို့သည်ထိုတောက်ပသော ဘုန်းအသရေကို တောင်ထိပ်တွင်တောက်နေသော မီးသဖွယ်မြင်ရကြ၏။ မိုးတိမ်သည်တောင်ကို ခြောက်ရက်ပတ်လုံးဖုံးအုပ်ပြီးနောက် သတ္တမနေ့ တွင်ထာဝရဘုရားသည်မိုးတိမ်ထဲမှမောရှေ ကိုခေါ်တော်မူသည်။-
သူတို့သည်ကားဘုရားသခင်၏လူစုတော် ဖြစ်ကြ၏။ ဘုရားသခင်သည်သူတို့အား သားများအဖြစ်ဖြင့်ချီးမြှောက်တော်မူ၍ မိမိ၏ဘုန်းအသရေတော်ကိုဖူးမြင်ခွင့် ပေးတော်မူ၏။ ကိုယ်တော်သည်သူတို့နှင့် ပဋိညာဉ်များပြုတော်မူ၏။ သူတို့အား ပညတ်တရားကိုပေးအပ်တော်မူ၏။ သူ တို့သည်မှန်ကန်သောဝတ်ပြုကိုးကွယ်နည်း နှင့်ကတိတော်များကိုခံယူရရှိ၏။-
ယခုအခါငါတို့သည်ကြေးမုံတွင်ပေါ်လာ သည့်ပုံသဏ္ဌာန်ကိုမြင်ရသကဲ့သို့မထင်မရှား တွေ့မြင်ရကြ၏။ ထိုအခါ၌မူကားမျက်ဝါး ထင်ထင်တွေ့မြင်ရလတ္တံ့။ ယခုအခါငါသည် စုံလင်စွာမသိမမြင်ရ။ ထိုအခါ၌ကား ဘုရားသခင်သည်ငါ့ကိုစုံလင်စွာသိမြင် တော်မူသကဲ့သို့ငါသည်စုံလင်စွာသိ မြင်ရလိမ့်မည်။
ယဇ်ပလ္လင်မှမီးလျှံများအထက်သို့တက်လျက်နေ စဉ် ထာဝရဘုရား၏ကောင်းကင်တမန်သည်မီး လျှံထဲမှနေ၍ ကောင်းကင်ဘုံသို့တက်သွားသည် ကိုမာနော်တို့ဇနီးမောင်နှံတွေ့မြင်ရကြလေ သည်။ ထိုအခါကျမှထိုသူသည်ကောင်းကင် တမန်ဖြစ်ကြောင်းကိုမာနော်သိရှိရသတည်း။ သို့ဖြစ်၍သူတို့ဇနီးမောင်နှံနှစ်ယောက်သည် မြေပေါ်သို့ပျပ်ဝပ်လိုက်ကြ၏။ ထိုကောင်းကင် တမန်ကိုမူကားနောက်တစ်ဖန်အဘယ်အခါ ၌မျှသူတို့မတွေ့မမြင်ရကြတော့ချေ။