ထို့နောက်ဘုရင်ငါးပါးဖြစ်ကြသည့်သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဋ္ဌမာဘုရင်၊ ဇေဘိုင်ဘုရင် နှင့်ဗေလာဘုရင်တို့၏စစ်သည်များသည်စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စုရုံး၍၊-
ယေဇကျေလ 16:46 - Common Language Bible ``သင်၏အစ်မသည်မိမိ၏သမီးများနှင့် တကွ နေထိုင်လျက်ရှိသည့်မြောက်အရပ်တွင် ရှိသောရှမာရိမြို့ဖြစ်၏။ သင့်ညီမကား မိမိ၏သမီးများနှင့်တကွနေထိုင်လျက် ရှိသောတောင်အရပ်တွင်ရှိသည့်သောဒုံမြို့ ဖြစ်၏။- Garrad Bible သင့် အစ် မ ကား သ မီး တို့ နှင့် တ ကွ ဝဲ ဘက် ရှိ ရှ မာ ရိ၊ ညီ မ ကား၊ သ မီး တို့ နှင့် တ ကွ ယာ ဘက် ရှိ သော ဒုံ တည်း။ Judson Bible သင့်အစ်မသည် မိမိသမီးတို့နှင့်တကွ သင့်လက်ဝဲဘက်၌နေသော ရှမာရိမြို့ဖြစ်၏။ သင့်ထက် အသက်ငယ်သော သင်၏ညီမသည် မိမိသမီးတို့နှင့်တကွ သင့်လက်ယာဘက်၌နေသော သောဒုံမြို့ဖြစ်၏။ မြန်မာ့စံမီသမ္မာကျမ်း သင့်အစ်မရှမာရိသည် သမီးတို့နှင့်အတူ သင်၏မြောက်ဘက်တွင် နေထိုင်၏။ သင့်ညီမသောဒုံသည် သမီးတို့နှင့်အတူ သင်၏တောင်ဘက်တွင် နေထိုင်၏။ |
ထို့နောက်ဘုရင်ငါးပါးဖြစ်ကြသည့်သောဒုံဘုရင်၊ ဂေါမောရဘုရင်၊ အာဋ္ဌမာဘုရင်၊ ဇေဘိုင်ဘုရင် နှင့်ဗေလာဘုရင်တို့၏စစ်သည်များသည်စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စုရုံး၍၊-
သို့ရာတွင်ထာဝရဘုရားသည်လောတနေထိုင်ရာ ချိုင့်ဝှမ်းရှိမြို့များကိုဖျက်ဆီးသောအခါ၌ အာဗြဟံကိုသတိရတော်မူ၏။ လောတကိုလည်းပျက်စီးခြင်းဘေးမှလွတ်မြောက်စေတော်မူ၏။
ရှမာရိမြို့ကိုရုပ်တုဆင်းတုများနှင့်တကွ ငါ သုတ်သင်ဖျက်ဆီးပြီးလေပြီ။ ယေရုရှလင် မြို့နှင့်ထိုမြို့သားတို့ဝတ်ပြုကိုးကွယ်သည့် ရုပ်တုများကိုလည်း ထိုနည်းတူငါပြုမည်'' ဟုဝါကြွား၏။
သို့ရာတွင်ယေရုရှလင်မြို့မှပရောဖက်များကမူ ထိုသူတို့ထက်ပင်ပို၍ဆိုးရွားစွာပြုကျင့်ကြ သည်ကို တွေ့မြင်ရ၏။ သူတို့သည်သူတစ်ပါး၏အိမ်ရာကိုပြစ်မှား၍ မုသားကိုပြောဆိုကြ၏။ သူတို့ကလူတို့အားအမှားကိုပြုကျင့်ရန် အားပေးကူညီကြသဖြင့် အဘယ်သူမျှမိမိပြုသည့်မကောင်းမှုများ ကို မရပ်စဲကြတော့ပေ။ ထိုသူအပေါင်းတို့သည်သောဒုံမြို့သား များနှင့်တူကြ၏။ ယေရုရှလင်မြို့သားတို့သည် ဂေါမောရမြို့သူမြို့သားများကဲ့သို့ပင် ဆိုးညစ်ယုတ်မာကြ၏'' ဟုမိန့်တော်မူ၏။
ငါ၏လူမျိုးသည်ထာဝရဘုရား၏လက် တော်ဖြင့် ရုတ်တရက်ပြိုလဲပျက်စီးရသည့် သောဒုံမြို့ထက်အပြစ်ဒဏ်ပို၍ခံရ ပါ၏။
``ယခုငါသည်သင့်အားဒဏ်ပေးရန်နှင့် သင် ၏နယ်မြေကိုရုပ်သိမ်းရန်လက်ရုံးတော်ကို ဆန့်ပြီ။ ငါသည်သင့်ကိုလောဘကြီး၍ သင် ၏အကျင့်ဆိုးများကိုစက်ဆုပ်သူဖိလိတ္တိ သမီးပျိုတို့၏လက်သို့သင့်အားပေးအပ် လိုက်လေပြီ။
``ရှမာရိမြို့သည်သင်ပြုခဲ့သည့်ဒုစရိုက်၏ ထက်ဝက်ကိုပင်မပြု။ သင်သည်သူပြုသမျှ သောအမှုအပေါင်းတို့ထက် ပို၍စက်ဆုပ်ဖွယ် ကောင်းသည့်အမှုကိုပြုလေပြီ။ သင်သည်စက် ဆုပ်ရွံရှာဖွယ်ကောင်းလှသဖြင့် သင့်ညီအစ်မ တို့ကားသင်နှင့်စာသော်အပြစ်မဲ့သူများဟု ပင်ထင်မှတ်ရ၏။-
သင်၏အစ်မနှင့်ညီမတို့သည်သင့်ထံသို့ ပြန်လည်ရောက်ရှိလာသောအခါ သင်သည် မိမိပြုကျင့်ခဲ့သည့်အမှုကိုသတိရ၍ ရှက်လိမ့်မည်။ သင်နှင့်ငါဖွဲ့ခဲ့သောပဋိညာဉ် တွင်မပါရှိသော်လည်း ငါသည်သူတို့အား သင်၏သမီးများသဖွယ်ဖြစ်စေမည်။-
``အဟောလိဗသည်ဤအဖြစ်အပျက်ကို တွေ့မြင်၏။ သို့ရာတွင်သူသည်အဟောလ ထက်ပင် ပိုမိုဆိုးရွားသောပြည့်တန်ဆာ ဖြစ်လာ၏။-
အစ်မဖြစ်သူသည်အဟောလ၊ ညီမကား အဟောလိဗဟုနာမည်တွင်၏။ (အဟောလ သည်ရှမာရိမြို့ကိုသရုပ်ဆောင်၍အဟော လိဗကယေရုရှလင်မြို့ကိုသရုပ်ဆောင်၏။) ငါသည်သူတို့နှစ်ဦးစလုံးနှင့်ထိမ်းမြား မင်္ဂလာပြု၍သူတို့နှင့်သားသမီးများကို ရ၏။-
ပြည်မရှိမြို့များမှလူတို့ကိုလည်းဋ္ဌား ဘေးသင့်စေကြလိမ့်မည်။ ထိုအခါငါသည် ထာဝရဘုရားဖြစ်တော်မူကြောင်း တုရုမြို့ သားတို့သိရှိကြလိမ့်မည်'' ဟူ၍တည်း။
``အို ဣသရေလငါသည်သင့်ကိုအဘယ်သို့ ပစ်ပယ်နိုင်မည်နည်း။ ငါသည်သင့်ကိုအဘယ်သို့ စွန့်ပစ်နိုင်မည်နည်း။ ငါသည်အာဒမာမြို့ကိုဖျက်ဆီးသကဲ့သို့ လည်းကောင်း၊ ဇေဘိုင်မြို့ကိုပျက်သုဉ်းစေသကဲ့သို့လည်း ကောင်း၊ သင့်ကိုအဘယ်သို့သုတ်သင်ဖျက်ဆီးနိုင်မည် နည်း။ သင်တို့အပေါ်၌ငါ့မေတ္တာကရုဏာသည် ကြီးမားလှသောကြောင့်၊ ငါ၏စိတ်နှလုံးသည်ထိုသို့မပြုရက်နိုင်။
ဣသရေလပြည်သားတို့၊ သင်တို့၏ဘုရားသခင်ထာဝရဘုရားထံတော်သို့ပြန်လာ ကြလော့။ သင်တို့သည်သင်တို့၏အပြစ်ကြောင့် ခြေချော်၍လဲကြပြီ။-
ဣသရေလအမျိုးသားတို့သည် အပြစ် ကူးလွန်၍ဘုရားသခင်အားပုန်ကန်ကြ သောကြောင့် ဤအဖြစ်မျိုးနှင့်တွေ့ကြုံရ ကြမည်။ ဣသရေလအမျိုးသားတို့၏ ပုန်ကန်မှုအတွက် မည်သူ့ကိုအပြစ်တင် ရပါမည်နည်း။ ရှမာရိမြို့တော်မဟုတ် လော။ ယုဒလူမျိုးများကိုးကွယ်နေသည့် မြင့်ရာအရပ်ကားအဘယ်မှာနည်း။ ယေရုရှလင်မြို့တော်၌မဟုတ်လော။-
လယ်မြေများတွင်ကန့်နှင့်ဆားပေါက်စေ သဖြင့် တောကန္တာရအတိဖြစ်လိမ့်မည်။ မည် သည့်အပင်ကိုမျှစိုက်ပျိုး၍မရ။ ပေါင်း ပင်များပင်လျှင်မပေါက်နိုင်။ သင်တို့ပြည် သည်ထာဝရဘုရားပြင်းစွာအမျက် ထွက်၍ ဖျက်ဆီးခဲ့သောသောဒုံနှင့်ဂေါ မောရမြို့၊ အာဒမာမြို့နှင့်ဇေဘိုင်မြို့ များကဲ့သို့ပျက်စီးလိမ့်မည်။-
သူတို့၏ရန်သူများသည်သောဒုံမြို့သား၊ ဂေါမောရ မြို့သားတို့ကဲ့သို့အကျင့်ပျက်လျက် ခါး၍အဆိပ်တောက်သောစပျစ်သီးကိုသီးသည့် စပျစ်နွယ်ပင်ကဲ့သို့လည်းကောင်း၊
ဘုရားသခင်သည်သောဒုံနှင့်ဂေါမောရမြို့ တို့ကိုမီးလောင်ကျွမ်းစေသောအားဖြင့်အပြစ် ဒဏ်စီရင်တော်မူ၏။ ဤနည်းအားဖြင့်ကိုယ်တော် သည်နောင်အခါတွင် ဆိုးသွမ်းယုတ်မာသူတို့ မည်ကဲ့သို့အပြစ်ဒဏ်ခံရမည်ကိုနမူနာ အဖြစ်ပြတော်မူ၏။-
သောဒုံမြို့နှင့်ဂေါမောရမြို့တို့ကိုလည်း ကောင်း၊ ထိုမြို့များ၏ပတ်ဝန်းကျင်ရှိမြို့များ ကိုလည်းကောင်းသတိရကြလော့။ ထိုမြို့ တို့မှမြို့သူမြို့သားတို့သည်အဆိုပါ ကောင်းကင်တမန်များကဲ့သို့ ကာမဂုဏ် လိုက်စား၍သဘာဝနှင့်ဆန့်ကျင်သည့် အပျော်အပါးကိုလိုက်စားခဲ့ကြ၏။ လူ အပေါင်းတို့အားရှင်းလင်းပြတ်သားစွာ သတိပေးသည့်အနေဖြင့် သူတို့သည် ထာဝရတောက်လောင်သောမီးတွင်အပြစ် ဒဏ်ကိုခံရကြသည်။
သူတို့၏အလောင်းများသည်မြို့ကြီးများ ၏လမ်းပေါ်တွင်ကျန်ရစ်ကြလိမ့်မည်။ ထိုမြို့ ကားသူတို့၏အရှင်သခင်လက်ဝါးကပ်တိုင် တွင်တင်၍အသတ်ခံရာမြို့ဖြစ်၏။ ယင်းမြို့ သည် သောဒုံမြို့သို့မဟုတ်အီဂျစ်ပြည်ကို သရုပ်ဆောင်သောမြို့ဖြစ်သတည်း။-
ယင်းသို့သူတို့ပျော်မွေ့လျက်နေကြစဉ် ထို မြို့ကအဋ္ဌမ္မသားအချို့တို့သည်အိမ်ကို ဝိုင်းရံထားပြီးနောက်တံခါးကိုထုရိုက် ကြ၏။ အဖိုးအိုအားလည်း``သင်နှင့်အတူ လိုက်လာသူကိုခေါ်ထုတ်ပေးပါ။ ငါတို့ သူနှင့်ကာမရာဂဆက်ဆံလိုပါသည်'' ဟုဆိုကြ၏။