Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 14:8 - Common Language Bible

8 ထို့​နောက်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သည့်​သော​ဒုံ​ဘု​ရင်၊ ဂေါ​မော​ရ​ဘု​ရင်၊ အာ​ဋ္ဌ​မာ​ဘု​ရင်၊ ဇေ​ဘိုင်​ဘု​ရင် နှင့်​ဗေ​လာ​ဘု​ရင်​တို့​၏​စစ်​သည်​များ​သည်​စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စု​ရုံး​၍၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို အ ခါ သော ဒုံ မင်း၊ ဂေါ မော ရ မင်း၊ အာ ဓ မာ မင်း၊ ဇေ ဘိုင် မင်း၊ ဇော ရ တစ် နည်း ဗေ လာ မင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​အ​ခါ သော​ဒုံ​မင်း​ကြီး၊ ဂေါ​မော​ရ​မင်း​ကြီး၊ အာ​ဓ​မာ​မင်း​ကြီး၊ ဇေ​ဘိုင်​မင်း​ကြီး၊ ဇော​ရ​တည်း​ဟူ​သော ဗေ​လာ​မင်း​ကြီး​တို့​သည်​ချီ​ထွက်၍၊ စိ​ဒ္ဒိမ်​ချိုင့်၌ စစ်​ပြိုင်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ထိုအခါ သောဒုံ​ဘုရင်​၊ ဂေါမောရ​ဘုရင်​၊ အာဒမာ​ဘုရင်​၊ ဇေဘိုင်​ဘုရင်​နှင့် ဗေလ​(​ဇောရ)​ဘုရင်​တို့​သည် ချီတက်​၍ သူ​တို့​နှင့် စိဒ္ဒိမ်​ချိုင့်ဝှမ်း​၌​စစ်ခင်း​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 14:8
8 ပူးပေါင်းရင်းမြစ်များ  

ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-


ထို​အ​ခါ​လော​တ​သည်​ပတ်​ဝန်း​ကျင်​သို့​လှည့်​ကြည့်​ရာ​ဇော​ရ​မြို့​သို့​တိုင်​အောင် ယော်​ဒန်​မြစ်​ဝှမ်း​တစ်​လျှောက်​လုံး​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ဥ​ယျာဉ်​တော် ကဲ့​သို့​လည်း​ကောင်း၊ အီ​ဂျစ်​ပြည်​ကဲ့​သို့​လည်း​ကောင်း​ရေ​ပေါ​များ​ကြောင်း​တွေ့​ရ​လေ​သည်။ (ထာ​ဝ​ရ​ဘု​ရား​သည်​သော​ဒုံ​မြို့​နှင့်​ဂေါ​မော​ရ​မြို့​တို့​ကို​မ​ဖျက်​ဆီး​မီ​က​အ​ခြေ​အ​နေ​ဖြစ်​၏။-)


ထို​ချိုင့်​ဝှမ်း​တွင်​ကတ္တ​ရာ​တွင်း​များ​ပြည့်​နှက်​လျက် ရှိ​ရာ သော​ဒုံ​ဘု​ရင်​နှင့်​ဂေါ​မော​ရ​ဘု​ရင်​တို့​သည် စစ်​ရေး​မ​လှ​သ​ဖြင့် ထွက်​ပြေး​ကြ​သော​အ​ခါ ထို​တွင်း​များ​ထဲ​သို့​ကျ​ကြ​ကုန်​၏။ ကျန်​သော ဘု​ရင်​သုံး​ပါး​တို့​သည်​တောင်​များ​ပေါ်​သို့​ထွက် ပြေး​ကြ​လေ​သည်။-


ဘု​ရင်​လေး​ပါး​ဖြစ်​ကြ​သော​ဧ​လံ​ဘု​ရင်၊ ဂေါ​အိမ် ဘု​ရင်၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ဧ​လာ​သာ​ဘု​ရင်​တို့​နှင့် စစ်​တိုက်​ကြ​၏။-


ရှေ့​တွင်​မြို့​က​လေး​တစ်​မြို့​ရှိ​ပါ​သည်။ ထို​မြို့​သည်​နီး​သ​ဖြင့်​ရောက်​လွယ်​ပါ​သည်။ ထို​မြို့​သို့​ပြေး​ပါ​ရ​စေ။ မြို့​ငယ်​က​လေး​ဖြစ်​၍ အ​ကျွန်ုပ်​အ​တွက်​လုံ​ခြုံ​မှု​ရှိ​ပါ​မည်'' ဟု​လျှောက်​လေ​၏။


မြန်​မြန်​ပြေး​လော့။ ထို​မြို့​သို့​သင်​မ​ရောက်​မီ ငါ​သည်​သော​ဒုံ​မြို့​ကို​ဒဏ်​မ​စီ​ရင်​နိုင်'' ဟု​ဆို​လေ​၏။ လော​တ​သည်​ထို​မြို့​ကို​မြို့​က​လေး​ဟု​ခေါ်​သ​ဖြင့် ဇော​ရ​မြို့​ဟု​နာ​မည်​တွင်​လေ​၏။


``အို ဣ​သ​ရေ​လ​ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ ပစ်​ပယ်​နိုင်​မည်​နည်း။ ငါ​သည်​သင့်​ကို​အ​ဘယ်​သို့ စွန့်​ပစ်​နိုင်​မည်​နည်း။ ငါ​သည်​အာ​ဒ​မာ​မြို့​ကို​ဖျက်​ဆီး​သ​ကဲ့​သို့ လည်း​ကောင်း၊ ဇေ​ဘိုင်​မြို့​ကို​ပျက်​သုဉ်း​စေ​သ​ကဲ့​သို့​လည်း ကောင်း၊ သင့်​ကို​အ​ဘယ်​သို့​သုတ်​သင်​ဖျက်​ဆီး​နိုင်​မည် နည်း။ သင်​တို့​အ​ပေါ်​၌​ငါ့​မေတ္တာ​က​ရု​ဏာ​သည် ကြီး​မား​လှ​သော​ကြောင့်၊ ငါ​၏​စိတ်​နှ​လုံး​သည်​ထို​သို့​မ​ပြု​ရက်​နိုင်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ