ယေဇကျေလ 23:4 - Common Language Bible4 အစ်မဖြစ်သူသည်အဟောလ၊ ညီမကား အဟောလိဗဟုနာမည်တွင်၏။ (အဟောလ သည်ရှမာရိမြို့ကိုသရုပ်ဆောင်၍အဟော လိဗကယေရုရှလင်မြို့ကိုသရုပ်ဆောင်၏။) ငါသည်သူတို့နှစ်ဦးစလုံးနှင့်ထိမ်းမြား မင်္ဂလာပြု၍သူတို့နှင့်သားသမီးများကို ရ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 အ ဟော လ အ မည် ရှိ သော အ မ နှင့် ညီ မ အ ဟော လိ ဗ တို့ သည်၊ ငါ့ ကာ မ ပိုင် ဖြစ် လျက်၊ သား သ မီး များ ကို ဖွား မြင် ကြ၏။ အ မည် များ မှာ မူ၊ အ ဟော လ သည် ရှ မာ ရိ မြို့၊ အ ဟော လိ ဗ သည် ယေ ရု ရှ လင် မြို့ ဖြစ်၏။ အခန်းကိုကြည့်ပါ။Judson Bible4 အစ်မကား၊ အဟောလ၊ ညီမကား အဟောလိဗ အမည်ရှိ၏။ ထိုသူနှစ်ယောက်တို့သည် ငါ၏ခင်ပွန်းဖြစ်၍ သားသမီးတို့ကို ဖွားမြင်ကြ၏။ အဟောလအမည်သည် ရှမာရိဟူ၍လည်းကောင်း၊ အဟောလိဗအမည်သည် ယေရုရှလင်ဟူ၍လည်းကောင်း ဆိုလိုသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း4 အစ်မကား အဟောလ၊ ညီမကား အဟောလိဗဟု အမည်တွင်၏။ သူတို့ကို ငါပိုင်၏။ သူတို့၌ သားသမီးများရှိ၏။ အဟောလအမည်ရှိသောသူသည် ရှမာရိမြို့၊ အဟောလိဗအမည်ရှိသောသူသည် ဂျေရုဆလင်မြို့ဖြစ်၏။ အခန်းကိုကြည့်ပါ။ |
``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
သူသည်ချစ်သူတို့နောက်သို့ပြေးလိုက်သော် လည်းမီမည်မဟုတ်၊ ရှာသော်လည်းတွေ့မည် မဟုတ်၊ ထိုအခါသူက``ငါသည်ခင်ပွန်း ဟောင်းထံသို့ပြန်မည်။ ငါသည်ခင်ပွန်းသစ် နှင့်ပေါင်းသင်းနေထိုင်ရသည်ထက် ခင်ပွန်း ဟောင်းနှင့်ပေါင်းသင်းနေထိုင်ရသည်က ပို၍ကောင်းသည်'' ဟုဆိုလိမ့်မည်။
ညီအစ်ကိုတို့၊ ဤအချက်သည်သင်တို့နှင့် လည်းသက်ဆိုင်ပေသည်။ သင်တို့သည်ခရစ်တော် ၏ကိုယ်အင်္ဂါဖြစ်သဖြင့် ပညတ်တရားအောက် တွင်ရှင်သောဘဝကိုစွန့်လွှတ်ခဲ့ကြလေပြီ။ ဘုရားသခင်အတွက်အသုံးဝင်သူများ ဖြစ်လာကြစေရန် သင်တို့သည်သေခြင်းမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူ သောခရစ်တော်၏ဘက်တော်သားများဖြစ် ကြလေပြီ။-