ယေဇကျေလ 16:27 - Common Language Bible27 ``ယခုငါသည်သင့်အားဒဏ်ပေးရန်နှင့် သင် ၏နယ်မြေကိုရုပ်သိမ်းရန်လက်ရုံးတော်ကို ဆန့်ပြီ။ ငါသည်သင့်ကိုလောဘကြီး၍ သင် ၏အကျင့်ဆိုးများကိုစက်ဆုပ်သူဖိလိတ္တိ သမီးပျိုတို့၏လက်သို့သင့်အားပေးအပ် လိုက်လေပြီ။ အခန်းကိုကြည့်ပါ။Garrad Bible27 သို့ ဖြစ်၍ ငါ သည် သင့် အ ပေါ် တွင် လက် ရုံး တော် ကို ဆန့် တန်း လျက်၊ စ ရိတ် ကို လည်း လျှော့ ပြီး လျှင်၊ သင့် ကာ မ ဂုဏ် ဓ လေ့ အ တွက် ရှက် လျက်၊ သင့် ကို မုန်း ထား သူ ဖိ လိ တ္တိ အ မျိုး သ မီး တို့ အ လို သို့ အပ် ခဲ့ ပြီ။ အခန်းကိုကြည့်ပါ။Judson Bible27 ထိုကြောင့်၊ ငါသည် လက်ကိုဆန့်လျက် သင်၏ရိက္ခာကိုဖြတ်၍၊ သင့်ကိုမုန်းသောသူ၊ သင့်ဆိုးညစ်သော အမှုများကြောင့် ရှက်တတ်သော ဖိလိတ္တိအမျိုးသမီးတို့ လက်သို့အပ်ရ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 ထို့ကြောင့် ကြည့်ရှုလော့။ ငါသည် လက်ကိုဆန့်တန်းပြီး သင့်ကိုဆန့်ကျင်မည်။ သင့်ဝေစုကို လျှော့ချပစ်မည်။ သင်၏ညစ်ညမ်းသောလုပ်ရပ်များကြောင့် သင့်ကိုမုန်းတီးသော၊ သင့်အစားရှက်သော ဖိလိတ္တိသမီးပျိုတို့လက်သို့ သင့်ကိုအပ်လိုက်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အားအမျက်ထွက်တော်မူ၍ အပြစ်ဒဏ်ခတ် တော်မူရန်လက်တော်ကိုဆန့်တော်မူသဖြင့် တောင်တို့သည်တုန်လှုပ်ကြလိမ့်မည်။ သေသော သူတို့၏အလောင်းများသည်လမ်းများပေါ် တွင်အမှိုက်သရိုက်ကဲ့သို့ကျန်ရစ်လိမ့်မည်။ ထိုအခါ၌ပင်ထာဝရဘုရား၏အမျက် တော်သည်ပြေငြိမ်းလိမ့်မည်မဟုတ်။ ကိုယ်တော် သည်အပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကို ဆန့်လျက်ပင်ထားရှိလိမ့်ဦးမည်။
သို့ဖြစ်၍ထာဝရဘုရားသည်အဘယ် လူငယ်လူရွယ်ကိုမျှ ချမ်းသာပေးတော်မူ လိမ့်မည်မဟုတ်။ မုဆိုးမများနှင့်မိဘမဲ့ သူများအားလည်းကရုဏာပြတော်မူ လိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်လူ အပေါင်းတို့သည်ဘုရားမဲ့လျက်ယုတ်မာ လျက်ရှိကြသည့်အပြင် ညစ်ညမ်းသည့် စကားကိုသာလျှင်ပြောဆိုကြသောကြောင့် ဖြစ်၏။ ထို့ကြောင့်ထာဝရဘုရားအမျက် တော်မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက်တော်ကိုဆန့်တန်းချိန်ရွယ်လျက်ပင် ထားတော်မူ၏။
ငါသည်မနာလို၍အမျက်ထွက်သဖြင့်သင့် ကိုအမျက်ဒေါသနှင့်စီရင်ရန်သူတို့အား ခွင့်ပြုမည်။ သူတို့သည်သင်၏နှာခေါင်းနှင့်နား ရွက်တို့ကိုဖြတ်၍ ကျန်ရှိနေသေးသောသူများ သည်ဋ္ဌားဖြင့်သေရမည်။ သင်၏သားသမီးများ ကိုယူဆောင်သွားကြလိမ့်မည်။ သူတို့သည် အမှန်ပင်ကျန်ရှိနေသေးသောသူများကို မီးရှို့ကြလိမ့်မည်။-
သင့်ကိုညှင်းပန်းနှိပ်စက်သူများအားငါ အပြစ်ဒဏ် ခတ်မည့်အချိန်ကာလကျရောက်လာလိမ့် မည်။ ငါသည်ခြေမစွမ်းမသန်သူအပေါင်းကို ကယ်ဆယ်၍၊ ပြည်နှင်ဒဏ်သင့်သူများကိုမိမိတို့ပြည်သို့ ခေါ်ဆောင်လာမည်။ သူတို့၏အရှက်ရမှုကိုဂုဏ်အသရေရှိမှု အဖြစ်သို့ပြောင်းလဲစေမည်။ ကမ္ဘာသူကမ္ဘာသားတို့သူတို့ကို ချီးကူးထောမနာပြုကြလိမ့်မည်။