ယေဇကျေလ 16:45 - Common Language Bible45 သင်သည်အမှန်ပင်အမေ့သမီးပီသပါပေ သည်။ သင်၏မိခင်သည်ခင်ပွန်းနှင့်သားသမီး တို့ကိုရွံမုန်းသူဖြစ်၏။ သင်နှင့်သင့်ညီအစ်မ တို့သည်တူညီ၍၊ သူတို့သည်မိမိခင်ပွန်းနှင့် သားသမီးတို့ကိုရွံမုန်းကြ၏။ သင်၏မိခင် သည်ဟိတ္တိအမျိုးသမီးဖြစ်၍ဖခင်မှာ အာမောရိအမျိုးသား ဖြစ်၏။ အခန်းကိုကြည့်ပါ။Garrad Bible45 သင် သည် လင် နှင့် သား သ မီး တို့ ကို စက် ဆုပ် သူ အ မိ၏ သ မီး ရင်း၊ လင် များ နှင့် သား သ မီး များ ကို စက် ဆုပ် သူ ညီ အစ် မ တို့၏ ညီ အစ် မ ရင်း ဖြစ် ပေ စွ။ သင် တို့ အ မိ ကား ဟိ တ္တိ၊ အ ဘ ကား အာ မော ရိ အ မျိုး တည်း။ အခန်းကိုကြည့်ပါ။Judson Bible45 သင်သည် လင်နှင့် သားသမီးကို ရွံရှာသောမိန်းမ၏သမီးဖြစ်၏။ လင်နှင့် သားသမီးကို ရွံရှာသော မိန်းမ၏ ညီမလည်းဖြစ်၏။ သင့်အမိသည် ဟိတ္တိအမျိုး၊ သင့်အဘသည် အာမောရိလူဖြစ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း45 သင်သည် ခင်ပွန်းနှင့်သားသမီးတို့ကို မနှစ်သက်သောအမေနှင့် တူ၏။ ခင်ပွန်းနှင့်သားသမီးကို မနှစ်သက်သော အစ်မတို့နှင့်လည်း တူ၏။ သင့်အမိသည် ဟိတ္တိလူမျိုး၊ သင့်အဖသည် အာမောရိလူမျိုးဖြစ်၏။ အခန်းကိုကြည့်ပါ။ |
``နောက်တစ်ဖန်ငါသည်သင်၏အနီးဖြတ်သန်း လာပြန်၏။ ထိုအခါသင်သည်ချစ်စိတ်ဝင်ရန် အရွယ်ရောက်ပြီဖြစ်ကြောင်းကိုငါတွေ့ရှိသ ဖြင့် ငါသည်အဝတ်ချည်းစည်းရှိသောသင်၏ ကိုယ်ကိုငါ၏အဝတ်ဖြင့်ဖုံးလွှမ်းပေးကာသင့် အားချစ်ပါမည်ဟုကတိထားပြီးလျှင် သင် နှင့်ပဋိညာဉ်ပြုသဖြင့်သင်သည်ငါ၏ ဇနီးဖြစ်လာ၏'' ဟူ၍တည်း။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-