ဧလာဇာနှင့်ဣသမာနှစ်ဦးစလုံး၏သား မြေးတို့တွင်ဗိမာန်တော်အရာရှိများနှင့် ဝိညာဉ်ရေးခေါင်းဆောင်များပါရှိသဖြင့် တာဝန်ခွဲခန့်သတ်မှတ်မှုကိုမဲချ၍ဆောင် ရွက်ရကြလေသည်။-
ယောရှု 18:10 - Common Language Bible ယောရှုသည်လည်းထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေရန်မဲချ ၍ဣသရေလအနွယ်တို့အားနယ်မြေ များကိုခွဲဝေပေးလေသည်။ Garrad Bible ယော ရှု ထံ ပြန် လာ ကြ သော်၊ ထို မြို့၌ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ပြည် နယ် ကို ဣ သ ရေ လ အ မျိုး သား အ သီး အ သီး တို့ ဝေ ပုံ အ လိုက်၊ ယော ရှု မဲ ချ၍ ဝေ ပေး လေ ၏။ Judson Bible ယောရှုသည် ရှိလောမြို့မှာ ထာဝရဘုရားရှေ့တော်၌ စာရေးတံပြု၍ ဣသရေလအမျိုးသားအသီးအသီးတို့အား မြေကိုပိုင်းခြားလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောရှုလည်း ရှိလောမြို့တွင် ထာဝရဘုရားရှေ့တော်၌ မဲချ၍ အစ္စရေးလူမျိုးတို့အား မျိုးနွယ်စုအလိုက် အမွေမြေကို ခွဲဝေပေး၏။ |
ဧလာဇာနှင့်ဣသမာနှစ်ဦးစလုံး၏သား မြေးတို့တွင်ဗိမာန်တော်အရာရှိများနှင့် ဝိညာဉ်ရေးခေါင်းဆောင်များပါရှိသဖြင့် တာဝန်ခွဲခန့်သတ်မှတ်မှုကိုမဲချ၍ဆောင် ရွက်ရကြလေသည်။-
ခေါင်းဆောင်များသည်ယေရုရှလင်မြို့တွင် နေထိုင်ကြ၏။ အခြားသူတို့မူကားဆယ် အိမ်ထောင်လျှင် တစ်အိမ်ထောင်ကျသန့်ရှင်း သောယေရုရှလင်မြို့တော်တွင်လည်းကောင်း၊ ကျန်သောသူတို့ကိုအခြားမြို့ရွာများ တွင်လည်းကောင်းနေထိုင်စေရန်မဲချ၍ ဆုံးဖြတ်ကြ၏။-
ကိုယ်တော်သည်ငါတို့နေထိုင်ရာပြည်ကို ရွေးချယ်ပေးတော်မူ၏။ ထိုပြည်ကားကိုယ်တော်ချစ်မြတ်နိုးတော်မူ သော လူစုတော်ပိုင်ဆိုင်၍ဂုဏ်ယူဝါကြွားစရာဖြစ် ပေသည်။
အို ဘုရားသခင်၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြုသည့် ကတိသစ္စာကိုကြားတော်မူပါပြီ။ ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးကြသူ တို့အား ပေးတော်မူသည့်ပြည်တော်နှင့် ကောင်းကျိုးချမ်းသာကိုကျွန်တော်မျိုး အား ပေးတော်မူပါပြီ။
``ငါ့အားဝတ်ပြုကိုးကွယ်ရန်ဌာနတော် အဖြစ် ဦးစွာပထမငါရွေးချယ်ခဲ့သည့် ရှိလောရွာသို့သွား၍ ငါ၏လူမျိုးတော် ဣသရေလပြည်သားတို့ကူးလွန်သည့် ဒုစရိုက်ကြောင့် ထိုရွာအားအဘယ်သို့ ငါပြုခဲ့သည်ကိုကြည့်ရှုကြလော့။-
ယင်းသည်သင်တို့အစဉ်အမြဲပိုင်ဆိုင်ကြ ရမည့်မြေယာဖြစ်၏။ ထိုအရပ်တွင်သင်တို့ နှင့်အတူနေထိုင်လျက်သားသမီးများ ရရှိနေကြသူလူမျိုးခြားများသည်လည်း သင်တို့မြေယာခွဲဝေရာတွင်ဝေစုခံယူ ရကြမည်။ သူတို့အားတင်းပြည့်ဣသရေလ ပြည်သားများအဖြစ်ဖြင့်မှတ်ယူကာ ဣသရေလအနွယ်တို့နှင့်အတူမြေယာ ဝေစုများကိုခံယူစေရမည်။-
အရှင်ထာဝရဘုရားက``ဖော်ပြသောနည်းအတိုင်းဣသရေလအနွယ်တို့ပိုင်ဆိုင်ခွင့်ရစေရန်မြေယာဝေစုများကိုခွဲဝေသောနည်းဖြစ်သတည်း'' ဟုမိန့်တော်မူ၏။
သို့ဖြစ်၍တိုင်းပြည်ကိုထာဝရဘုရား ၏လူမျိုးတော်လက်သို့ပြန်၍အပ်သော အခါ၌ သင်တို့အနက်မည်သူမျှမြေ ဝေစုကိုရမည်မဟုတ်။
ထိုနောက်သူတို့သည်ကိုယ်တော်ကိုလက်ဝါးကပ် တိုင်တွင်တင်၍သတ်ကြ၏။ အဝတ်တော်များကို မဲချ၍ခွဲဝေကြ၏။-
သားတော်သည်မိမိလက်သို့အပ်နှင်းထား သူတို့အားထာဝရအသက်ကိုပေးနိုင်ရန် ကိုယ်တော်သည်လူသားအပေါင်းတို့ကို စိုးပိုင်သောတန်ခိုးအာဏာကိုပေးတော် မူပါပြီ။-
ထိုနောက်ခါနာန်ပြည်နေလူခုနစ်မျိုးတို့ ကိုဖယ်ရှားပြီးလျှင်ထိုပြည်ကို၊-
သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည့်အတိုင်း ယော်ဒန်မြစ်အနောက် ဘက်ရှိနယ်မြေကိုဣသရေလအနွယ်ကိုး နွယ်နှင့်အနွယ်တစ်ဝက်တို့အားမဲချ ၍ခွဲဝေပေးလေသည်။-
ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည်အတိုင်း ဣသရေလအမျိုး သားတို့သည်နယ်မြေကိုခွဲဝေကြလေ သည်။
ဗင်္ယာမိန်အနွယ်မိသားစုတို့ရရှိမည့်နယ် မြေကိုဦးစွာသတ်မှတ်ပေးလေသည်။ သူတို့ အတွက်နယ်မြေသည်ယုဒအနွယ်နှင့် ယော သပ်အနွယ်တို့၏နယ်မြေများစပ်ကြား တွင်တည်ရှိသည်။-
နယ်မြေခုနစ်ပိုင်းတို့ကိုပိုင်းခြားရေးသား ၍ငါ့ထံသို့တင်သွင်းလော့။ ထိုနောက်ငါသည် ငါတို့၏ဘုရားသခင်ထာဝရဘုရား၏ အလိုတော်အတိုင်းဖြစ်စေခြင်းငှာမဲချ ၍ခွဲဝေပေးမည်။-
ယောရှုစေခိုင်းသည့်အတိုင်းထိုသူတို့ သည်နယ်မြေကိုသတ်မှတ်ရန်ထွက်သွားကြ ၏။ ယောရှုက``သင်တို့သည်တိုင်းပြည်တစ် လျှောက်လုံးသို့သွား၍နယ်မြေများကိုပိုင်း ခြားသတ်မှတ်လော့။ ထိုနောက်ငါ့ထံသို့ပြန် လာရမည်။ ထိုအခါငါသည်ဤရှိလောမြို့ တွင်သင်တို့ရရှိမည့်နယ်မြေများကို ထာဝရဘုရား၏အလိုတော်အတိုင်း ဖြစ်စေရန်မဲချ ၍ခွဲဝေပေးမည်'' ဟုမှာကြားလိုက်၏။-
သို့ဖြစ်၍သူတို့သည်တိုင်းပြည်တစ်လျှောက် လုံးသို့သွားပြီးလျှင် ပါဝင်သောမြို့များ စာရင်းနှင့်တကွနယ်မြေခုနစ်ခုကိုပိုင်း ခြားရေးမှတ်၍ရှိလောမြို့စခန်းတွင်ရှိ နေသောယောရှုထံသို့ပြန်လာကြ၏။-
ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။
ငါသည်အရှေ့ဘက်ယော်ဒန်မြစ်မှအနောက် ဘက်မြေထဲပင်လယ်သို့တိုင်အောင် တိုက်ခိုက် သိမ်းယူပြီးသောနိုင်ငံသားအားလုံးနှင့် တကွသိမ်းယူရန် ကျန်ရှိနေသေးသော နိုင်ငံများကိုသင်တို့၏အနွယ်များအား ခွဲဝေသတ်မှတ်ပေးခဲ့ပြီ။-