ယောရှု 19:51 - Common Language Bible51 ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု နှင့်ဣသရေလအနွယ်ဝင်မိသားစုတို့၏ အကြီးအကဲတို့သည်ရှိလောမြို့တွင်ထာဝရ ဘုရားကိန်းဝပ်တော်မူရာတဲတော်ရှေ့၌ နယ်မြေများကိုမဲချ ပြီးထာဝရဘုရား၏အလိုတော်နှင့်အညီ ခွဲဝေပေးလေသည်။ ဤနည်းအားဖြင့်ပြည် ကိုခွဲဝေပေးသည့်အမှုပြီးဆုံးလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible51 ရှိ လော မြို့ ရှိ တွေ့ ဆုံ ရာ တဲ တော် မုတ် ဝ၌ ထာ ရ ဘု ရား မျက် မှောက် တော် တွင် ပ ရော ဟိတ် ဧ လာ ဇာ၊ နုန့် သား ယော ရှု နှင့် ဣ သ ရေ လ အ မျိုး အ နွယ် အိမ်ထောင် အ အုပ် အ ချုပ် တို့ သည် မဲ ချ၍ ပိုင် ရာ နယ် များ ကို ထို သို့ အ ပြီး သတ် ဝေ ပေး ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible51 ဤရွေ့ကား ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ ဣသရေလအမျိုးသားတို့တွင် အဆွေအမျိုးသူကြီးတို့သည်၊ ရှိလောမြို့မှာ ထာဝရဘုရားရှေ့ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၌ ဝေပေးသော အမွေခံစရာမြေ အသီးအသီးပေတည်း။ ဤရွေ့ကား၊ ပြည်ကိုဝေဖန်သောအမှုပြီးလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း51 ဤရွေ့ကား ရှိလောအရပ်၊ တွေ့ဆုံစည်းဝေးရာတဲတော်အဝင်ဝ၊ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်ဧလာဇာ၊ နုန်၏သားယောရှု၊ အစ္စရေးအမျိုးအနွယ်တို့၏ခေါင်းဆောင်တို့က မဲချခွဲဝေပေးသောအမွေမြေများ ဖြစ်၏။ ဤသို့ဖြင့် ပြည်ကိုခွဲဝေယူခြင်းအမှု ပြီးစီးလေ၏။ အခန်းကိုကြည့်ပါ။ |