Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယော​ရှု 18:8 - Common Language Bible

8 ယော​ရှု​စေ​ခိုင်း​သည့်​အ​တိုင်း​ထို​သူ​တို့ သည်​နယ်​မြေ​ကို​သတ်​မှတ်​ရန်​ထွက်​သွား​ကြ ၏။ ယော​ရှု​က``သင်​တို့​သည်​တိုင်း​ပြည်​တစ် လျှောက်​လုံး​သို့​သွား​၍​နယ်​မြေ​များ​ကို​ပိုင်း ခြား​သတ်​မှတ်​လော့။ ထို​နောက်​ငါ့​ထံ​သို့​ပြန် လာ​ရ​မည်။ ထို​အ​ခါ​ငါ​သည်​ဤ​ရှိ​လော​မြို့ တွင်​သင်​တို့​ရ​ရှိ​မည့်​နယ်​မြေ​များ​ကို ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော်​အ​တိုင်း ဖြစ်​စေ​ရန်​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်'' ဟု​မှာ​ကြား​လိုက်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ထို သို့ ပြည် လုံး နှံ့ လျှောက် သွား လျက် ရေး သား၍၊ ငါ့ ထံ ပြန် လာ ကြ သော အ ခါ ဤ ရှိ လော မြို့၌ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် သင် တို့ အ ဖို့၊ ငါ မဲ ချ မည် ဟု ယော ရှု မှာ ထား သည့် အ တိုင်း စီ မံ ပြီး သူ တို့ ထွက် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ထို​လူ​တို့​သည် ထ၍​သွား​သ​ဖြင့်၊ ယော​ရှု​က​လည်း၊ တစ်​ပြည်​လုံး​သို့ လျှောက်၍​ရေး​သား​ပြီး​လျှင် ငါ့​ထံ​သို့​ပြန်​လာ​ကြ​လော့။ ရှိ​လော​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သင်​တို့​အ​ဖို့ စာ​ရေး​တံ​ပြု​မည်​ဟု ပြည်​ပုံ​ကို ရေး​သား​ခြင်း​ငှာ သွား​သော​သူ​တို့​ကို မှာ​ထား​သည်​နှင့်​အ​ညီ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ရွေးချယ်​ထား​သော​သူ​တို့​အား ယောရှု​က “​ပြည်​ကို လှည့်လည်​ကြည့်ရှု​ပြီး ရေးမှတ်​လော့​။ ပြီးလျှင် ငါ့​ထံ​ယူလာ​ပြ​လော့​။ ရှိလော​အရပ်​တွင် ထာဝရဘုရား​ရှေ့​တော်​၌ ငါ​မဲချ​ပေး​မည်​”​ဟု မှာလိုက်​၏​။ ထို​သူ​တို့​လည်း ပြည်​ကို​ပိုင်းခြား​သတ်မှတ်​ရန် ထ​၍​ထွက်သွား​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယော​ရှု 18:8
13 ပူးပေါင်းရင်းမြစ်များ  

သင်​သည်​ယ​ခု​ထ​၍​မြေ​တစ်​ပြင်​လုံး​ကို​လှည့်​ပတ်​ကြည့်​ရှု​လော့။ သင်​မြင်​ရ​သ​မျှ​သော​မြေ​ကို​သင့်​အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။-


ထို​သတ္တ​ဝါ​အ​သီး​သီး​တို့​အား​မြေ​ကြီး ပေါ်​တွင် နယ်​မြေ​ခွဲ​ဝေ​သတ်​မှတ်​ပေး​တော် မူ​သော​အ​ရှင်​ကား​ထာ​ဝ​ရ​ဘု​ရား​တည်း။ သူ​တို့​သည်​အ​မျိုး​စဉ်​ဆက်​ထို​နယ်​မြေ​များ တွင်​နေ​ရ​ကြ​လိမ့်​မည်။ ယင်း​တို့​ကို​လည်း ထာ​ဝ​စဉ်​ပိုင်​ရ​ကြ​လိမ့်​မည်။


သို့​ဖြစ်​၍​ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​မှု​ကို​ပြု​စု ပေး​မည့်​အ​ရာ​များ​နှင့်​တစ်​ယောက်​ကို​တစ် ယောက် ဝိ​ညာဉ်​ခွန်​အား​ပြည့်​စေ​မည့်​အ​ရာ များ​ကို​အ​မြဲ​ကြိုး​စား​ပြု​လုပ်​ကြ​ရ​မည်။-


သို့​ဖြစ်​၍​ယ​ခု​သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​ကိုး​နွယ်​နှင့်​မ​နာ​ရှေ​အနွယ်​တစ်​ဝက်​တို့ အား​ဤ​နယ်​မြေ​များ​ကို​ပိုင်​ဆိုင်​ရန်​ခွဲ​ဝေ ပေး​လော့'' ဟု​မိန့်​တော်​မူ​၏။


ယု​ဒ​အ​နွယ်​ဝင်​မိ​သား​စု​တို့​ရ​ရှိ​သော နယ်​မြေ​မှာ​အောက်​ပါ​အ​တိုင်း​ဖြစ်​သည်။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​နယ်​မြေ​သည်​တောင် ဘက်​သို့​လား​သော် ဧ​ဒုံ​ပြည်​နယ်​စပ်​ရှိ​ဇိ​န တော​ကန္တာ​ရ​၏​တောင်​ဘက်​စွန်း​သို့​ရောက် သည်။-


တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​အောင်​မြင်​ပြီး သည်​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​လော​မြို့​သို့​စု​ဝေး​ရောက်​ရှိ​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ တော်​ကို​တည်​ဆောက်​ကြ​၏။-


ယော​ရှု​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ရန်​မဲ​ချ ၍​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​နယ်​မြေ များ​ကို​ခွဲ​ဝေ​ပေး​လေ​သည်။


နယ်​မြေ​ခုနစ်​ပိုင်း​တို့​ကို​ပိုင်း​ခြား​ရေး​သား ၍​ငါ့​ထံ​သို့​တင်​သွင်း​လော့။ ထို​နောက်​ငါ​သည် ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ခြင်း​ငှာ​မဲ​ချ ၍​ခွဲ​ဝေ​ပေး​မည်။-


သို့​ဖြစ်​၍​သူ​တို့​သည်​တိုင်း​ပြည်​တစ်​လျှောက် လုံး​သို့​သွား​ပြီး​လျှင် ပါ​ဝင်​သော​မြို့​များ စာ​ရင်း​နှင့်​တ​ကွ​နယ်​မြေ​ခု​နစ်​ခု​ကို​ပိုင်း ခြား​ရေး​မှတ်​၍​ရှိ​လော​မြို့​စ​ခန်း​တွင်​ရှိ နေ​သော​ယော​ရှု​ထံ​သို့​ပြန်​လာ​ကြ​၏။-


ရှော​လု​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား``အို ထာ​ဝ​ရ​ဘု​ရား၊ အ​ဘယ်​ကြောင့်​ကျွန်​တော်​မျိုး​အား​ယ​နေ့​ဖြေ​ကြား တော်​မ​မူ​ပါ​သ​နည်း။ အို ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကျောက်​တော် များ​အား​ဖြင့်​ကျွန်​တော်​မျိုး​အား​ဖြေ​ကြား​တော် မူ​ပါ။ ယော​န​သန်​၌​ဖြစ်​စေ၊ ကျွန်​တော်​မျိုး​၌ ဖြစ်​စေ​အ​ပြစ်​ရှိ​ပါ​လျှင်​ဥ​ရိမ်​ကျောက် မဲ​ကျ​စေ​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၌​အ​ပြစ်​ရှိ​ပါ​လျှင် သု​မိမ်​ကျောက်​ကို​မဲ​ကျ​စေ​တော်​မူ​ပါ'' ဟု​လျှောက် ထား​၏။ ထို​အ​ခါ​ရှော​လု​နှင့်​ယော​န​သန်​တို့​တွင် အ​ပြစ်​ရှိ​ကြောင်း​မဲ​ကျ​သ​ဖြင့် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အ​ပြစ်​လွတ်​ကြ​ကုန်​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ