ယေဇကျေလ 47:22 - Common Language Bible22 ယင်းသည်သင်တို့အစဉ်အမြဲပိုင်ဆိုင်ကြ ရမည့်မြေယာဖြစ်၏။ ထိုအရပ်တွင်သင်တို့ နှင့်အတူနေထိုင်လျက်သားသမီးများ ရရှိနေကြသူလူမျိုးခြားများသည်လည်း သင်တို့မြေယာခွဲဝေရာတွင်ဝေစုခံယူ ရကြမည်။ သူတို့အားတင်းပြည့်ဣသရေလ ပြည်သားများအဖြစ်ဖြင့်မှတ်ယူကာ ဣသရေလအနွယ်တို့နှင့်အတူမြေယာ ဝေစုများကိုခံယူစေရမည်။- အခန်းကိုကြည့်ပါ။Garrad Bible22 ဣ သ ရေ လ အ မျိုး သား တို့ မှ စ၍၊ ဝင် နေ လျက် သား သ မီး ရ သော လူ မျိုး ခြား တို့ အား အ ပိုင် ပေး ဝေ ရ မည်။ ထို သူ တို့ သည် ဣ သ ရေ လ တိုင်း ရင်း သား တို့ နှင့် မ ခြား ဘဲ၊ ဣ သ ရေ လ အ နွယ် တို့ နှင့် အ တူ အ ပိုင် ရ ကြ မည်။ အခန်းကိုကြည့်ပါ။Judson Bible22 အမျိုးသားချင်း အမွေခံဖို့လည်းကောင်း၊ သင်တို့တွင်နေ၍ သားသမီးဖွားမြင်သော တစ်ပါးအမျိုးသားချင်း အမွေခံဖို့လည်းကောင်း စာရေးတံချ၍ မြေကိုဝေရမည်။ ထိုတစ်ပါးအမျိုးသားတို့ကို ပြည်၌ဖွားမြင်သော ဣသရေလအမျိုးသားကဲ့သို့ မှတ်ရမည်။ သူတို့သည် ဣသရေလအမျိုးသားတို့နှင့် အတူ မြေကို အမွေခံရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ထိုမြေကို အမွေမြေအဖြစ် သင်တို့ခွဲဝေယူရမည်။ သင်တို့နှင့်အတူနေထိုင်ရင်း သားသမီးရလာကြသော တိုင်းတစ်ပါးသားတို့ကိုလည်း ခွဲဝေပေးရမည်။ သူတို့ကို အစ္စရေးအမျိုးအနွယ်တို့၏အမျိုးသားချင်းကဲ့သို့ သဘောထားရမည်။ အစ္စရေးအမျိုးအနွယ်တို့နှင့်အတူ အမွေမြေခွဲဝေပေးရမည်။ အခန်းကိုကြည့်ပါ။ |
ထိုနက်နဲသောအရာကားသတင်းကောင်း အားဖြင့် လူမျိုးခြားတို့သည်ယုဒအမျိုး သားများနှင့်အတူ ဘုရားသခင်၏ကောင်း ချီးမင်္ဂလာကိုခံစားခွင့်ရရှိကြ၏။ သူတို့ သည်ခန္ဓာတော်၏အင်္ဂါများဖြစ်၍ခရစ်တော် ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူ သောကတိတော်ကိုပါဝင်ခံစားခွင့်ရရှိ ကြ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့အား တစ်ဖန်ကရုဏာသက် တော်မူပြန်၏။ မိမိပိုင်ဆိုင်သူများအဖြစ်ဖြင့် ရွေးချယ်တော်မူလိမ့်မည်။ ကိုယ်တော်သည်သူ တို့အားမိမိတို့နေရင်းပြည်၌ပြန်လည်နေ ထိုင်ခွင့်ပြုတော်မူလိမ့်မည်။ လူမျိုးခြားများ သည်သူတို့နှင့်အတူလာရောက်နေထိုင် ကြလိမ့်မည်။-