Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ယေ​ရ​မိ 7:12 - Common Language Bible

12 ``ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​ဌာ​န​တော် အ​ဖြစ် ဦး​စွာ​ပ​ထ​မ​ငါ​ရွေး​ချယ်​ခဲ့​သည့် ရှိ​လော​ရွာ​သို့​သွား​၍ ငါ​၏​လူ​မျိုး​တော် ဣ​သ​ရေ​လ​ပြည်​သား​တို့​ကူး​လွန်​သည့် ဒု​စ​ရိုက်​ကြောင့် ထို​ရွာ​အား​အ​ဘယ်​သို့ ငါ​ပြု​ခဲ့​သည်​ကို​ကြည့်​ရှု​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

12 နာ မ တော် ကို ယ မန် တည် စေ သော၊ ရှိ လော မြို့ ရှိ ဌာ န အ ရပ် သို့ သွား၍ ဣ သ ရေ လ လူ မျိုး တော် ၏ ဆိုး သွမ်း ခြင်း အ တွက်၊ ငါ စီ ရင် ခဲ့ သော အ မှု ကို သိ မြင် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

12 ရှေ့​ဦး​စွာ ငါ၏​နာ​မ​ကို ငါ​တည်​စေ​သော​အ​ရပ်၊ ရှိ​လော​ရွာ၌​ရှိ​သော ငါ့​အ​ရပ်​ဌာ​န​သို့​သွား၍၊ ငါ၏​အ​မျိုး ဣ​သ​ရေ​လ​လူ​တို့၏ အ​ပြစ်​ကြောင့်၊ ထို​အ​ရပ်​ကို အ​ဘယ်​သို့​ငါ​ပြု​ဖူး​သည်​ကို ကြည့်​ရှု​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

12 “​ငါ​၏​နာမ​တော် အဦးဆုံး​တည်​ရာ ရှိလော​အရပ်​ရှိ ငါ​ကိန်းဝပ်​ရာ​အရပ်​သို့ ယခု​သွား​ကြ​လော့​။ ငါ့​လူမျိုး​တော်​ဖြစ်​သည့် အစ္စရေး​လူမျိုး​၏​ဆိုးညစ်မှု​ကြောင့် ထို​အရပ်​ကို ငါ​မည်သို့​ပြု​ခဲ့​သည်​ကို ကြည့်​ကြ​လော့​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 7:12
13 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​သည်​ယ​ခု​ငါ​ပြော​သည့်​အ​တိုင်း​မ​ပြု ဘဲ​နေ​ခဲ့​ပါ​မူ ငါ​သည်​ဤ​မြို့​ကို​ရှိ​လော​ရွာ​ကဲ့ သို့​ဖြစ်​စေ​မည်။ ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​တ​ကာ​တို့ သည်​လည်း ဤ​မြို့​၏​အ​မည်​နာ​မ​ကို​ကျိန်​ဆဲ ရာ​တွင်​အ​သုံး​ပြု​ကြ​လိမ့်​မည်​ဟု​ပြော​ကြား လော့'' ဟူ​၍​ဖြစ်​၏။


တစ်​ပြည်​လုံး​ကို​တိုက်​ခိုက်​အောင်​မြင်​ပြီး သည်​နောက်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ရှိ​လော​မြို့​သို့​စု​ဝေး​ရောက်​ရှိ​လာ​ပြီး​လျှင် ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​တော်​မူ​ရာ​တဲ တော်​ကို​တည်​ဆောက်​ကြ​၏။-


ထို​နောက်​သူ​က``ရန်​သူ​တို့​လက်​သို့​ပ​ဋိ​ညာဉ် သေတ္တာ​တော်​ရောက်​ရှိ​သွား​သော​ကြောင့် ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘုန်း​အ​သ​ရေ ကွယ်​ပျောက်​လေ​ပြီ'' ဟု​ဆို​ပြန်​၏။


ရှိ​လော​မြို့​၌​ဘု​ရား​သ​ခင်​အား​ဝတ်​ပြု​ကိုး ကွယ်​ရာ​တဲ​တော်​ရှိ​နေ​သ​မျှ​ကာ​လ​ပတ် လုံး မိက္ခာ​ပြု​လုပ်​သည့်​ရုပ်​တု​သည်​လည်း​ထို အ​ရပ်​၌​တည်​ရှိ​နေ​သ​တည်း။


ဧ​လ​ကာ​န​သည်​အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ ဘု​ရား​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန် ရာ​မ​မြို့​မှ ရှိ​လော​မြို့​သို့​နှစ်​စဉ်​နှစ်​တိုင်း​သွား​ရောက်​၏။ ထို​မြို့​တွင်​ဧ​လိ​၏​သား​များ​ဖြစ်​ကြ​သော ဟော​ဖ​နိ​နှင့်​ဖိ​န​ဟတ်​တို့​သည် ထာ​ဝ​ရ ဘု​ရား​၏​ယဇ်​ပု​ရော​ဟိတ်​များ​အ​ဖြစ်​ဖြင့် ဆောင်​ရွက်​လျက်​ရှိ​ကြ​၏။-


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-


ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။-


ယော​ရှု​သည်​လည်း​ထာ​ဝ​ရ​ဘု​ရား​၏ အ​လို​တော်​အ​တိုင်း​ဖြစ်​စေ​ရန်​မဲ​ချ ၍​ဣ​သ​ရေ​လ​အ​နွယ်​တို့​အား​နယ်​မြေ များ​ကို​ခွဲ​ဝေ​ပေး​လေ​သည်။


သို့​ဖြစ်​၍​သင်​တို့​ယုံ​ကြည်​အား​ထား​သည့် ဤ​ငါ​၏​ဗိ​မာန်၊ ငါ​၏​နာ​မ​ကို​ဆောင်​သော ဤ​အိမ်​တော်​ကို​ရှိ​လော​ရွာ​နည်း​တူ​ငါ​ပြု မည်။ သင်​တို့​ဘိုး​ဘေး​များ​နှင့်​သင်​တို့​အား ငါ​ပေး​ခဲ့​သည့်​ဤ​အ​ရပ်​ဌာ​န​ကို​ရှိ​လော ရွာ​နည်း​တူ​ငါ​ပြု​မည်။-


ငါ​သည်​ငါ​၏​လူ​မျိုး​တော်​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား ငါ​ပေး​ထား​သည့်​ပြည်​မှ​ဖယ်​ရှား မည်။ ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ရန်​အ​တွက်​သီး သန့်​ထား​သည့်​ဤ​ဗိ​မာန်​တော်​ကို​လည်း​ငါ​စွန့် မည်။ ထို​အ​ခါ​အ​ရပ်​တ​ကာ​ရှိ​လူ​တို့​သည် ဣသ​ရေ​လ​အ​မျိုး​ကို​ကဲ့​ရဲ့​ပြောင်​လှောင် ကြ​လိမ့်​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ