ထိုနောက်အဗရှလုံသည်အဟိသောဖေလ ၏ဘက်သို့လှည့်၍``ငါတို့သည်အဘယ်အမှု ကိုပြုရကြပါမည်နည်း။ ငါတို့အားအကြံ ပေးလော့'' ဟုဆို၏။
ယာကုပ် 3:6 - Common Language Bible လျှာသည်မီးနှင့်တူ၍အပြစ်ဒုစရိုက်ဖြင့် ပြည့်ဝသောကမ္ဘာဖြစ်၏။ ယင်းသည်ကိုယ်အင်္ဂါ အစိတ်အပိုင်းတစ်ခုအဖြစ်ဖြင့်တည်ရှိကာ၊ ငါတို့၏ကိုယ်ခန္ဓာတစ်ခုလုံးသို့အပြစ်ဒုစရိုက် ကူးစက်ပျံ့နှံ့စေလေသည်။ လျှာသည်ငရဲမှ ရရှိသည့်မီးဖြင့်ငါတို့၏ဘဝတစ်ခု လုံးကိုကျွမ်းလောင်စေတတ်၏။- Garrad Bible လျှာ လည်း မီး သ ဖွယ်၊ ဒု စ ရိုက် လော က သ ဖွယ် ဖြစ်၏။ ငါ တို့ အင်္ဂါ များ တွင် တည်၍ တစ် ကိုယ် လုံး ညစ် ညူး စေ သည့် ပြင် င ရဲ မီး ဖြင့် ကူး လောင် သည့် အ လျောက် ငါ တို့ ဇာ တိ စက် ကို စွဲ လောင် တတ် ၏။ Judson Bible လျှာသည် မီးဖြစ်၏။ ဒုစရိုက်၏ လောကဓာတ်လည်းဖြစ်၏။ ထိုသို့နှင့်အညီ၊ လျှာသည် ငါတို့၏အင်္ဂါတို့တွင်တည်၍ တစ်ကိုယ်လုံးကို ညစ်ညူးစေ၏။ ဇာတိစက်ကိုလည်း ရှို့တတ်၏။ မိမိသည်လည်း ငရဲမီးရှို့ခြင်းကို ခံလျက်ရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း လျှာသည် မီးဖြစ်၏။ မတရားမှု၏လောကလည်းဖြစ်၏။ လျှာသည် ငါတို့၏အင်္ဂါအစိတ်အပိုင်းထဲက တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစွန်းထင်းစေလျက် ဘဝတစ်ခုလုံးကို လောင်ကျွမ်းစေကာ မိမိသည်လည်း ငရဲမီး၏လောင်ကျွမ်းခြင်းကိုခံရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လျှာသည် မီးဖြစ်၏။ ဒုစရိုက်လောကလည်း ဖြစ်၏။ ၎င်းသည် ကျွန်ုပ်တို့၏ အင်္ဂါအစိတ်အပိုင်းများအနက် တစ်ခုဖြစ်ပြီး ကိုယ်ခန္ဓာတစ်ခုလုံးကို ညစ်ညူးစေတတ်၏။ လူ့ဘဝတစ်ခုလုံးကိုလည်း လောင်ကျွမ်းစေနိုင်၏။ လျှာသည် မီးကို ငရဲမှ ထွန်းညှိ၏။ |
ထိုနောက်အဗရှလုံသည်အဟိသောဖေလ ၏ဘက်သို့လှည့်၍``ငါတို့သည်အဘယ်အမှု ကိုပြုရကြပါမည်နည်း။ ငါတို့အားအကြံ ပေးလော့'' ဟုဆို၏။
ဣသရေလပြည်သားအပေါင်းတို့က``ဒါဝိဒ် မင်းသည်သင်တို့ပြောသည့်အတိုင်းသင်တို့ အနွယ်ဝင်ပင်ဖြစ်စေကာမူ ငါတို့သည်သင် တို့ထက်ဆယ်ဆပို၍သူ့အားပိုင်ဆိုင်ခွင့်ရှိ ပါ၏။ သင်တို့သည်အဘယ်ကြောင့်ငါတို့ အားအထင်သေးကြပါသနည်း။ အမှန် စင်စစ်မင်းကြီးအားပြန်လည်ဖိတ်ခေါ်ရန် ဦးစွာပထမပြောဆိုကြသူများကား ငါတို့ပင်ဖြစ်ပါ၏'' ဟုဆို၏။ သို့ရာတွင်ဤသို့အရေးဆိုရာတွင်ယုဒ ပြည်သားတို့ကဣသရေလပြည်သားတို့ ထက်ပို၍ပြင်းထန်ကြ၏။
အဘိယနှင့်သူ၏တပ်မတော်သည်ဣသရေလ အမျိုးသားတို့ကိုချေမှုန်းလိုက်ကြသဖြင့် ဣသရေလလက်ရွေးစင်တပ်သားငါးသိန်း ကျဆုံးလေ၏။-
သူတို့၏လျှာသည်အဆိပ်ပြင်းသောမြွေနှင့်တူ၍ သူတို့၏စကားသည်မြွေဟောက်၏ အဆိပ်နှင့်တူပါ၏။
သူတို့သည်မိမိတို့၏လျှာကိုဋ္ဌားသဖွယ် သွေးကြပါ၏။ သနားကြင်နာခြင်းကင်းမဲ့သောစကား များဖြစ်သော မြားများကိုချိန်ရွယ်ကြ၏။
ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။
အဓမ္မလူသည် မကောင်းသော အမှုကိုကြိုးစား ၍ ကြံစည်တတ်၏။ သူ၏နှုတ်ခမ်း၌ လောင်သောမီးကဲ့သို့ ရှိ၏။
မုသာစကားကိုပြော၍ မမှန်သောသက်သေ တပါး၊ အပေါင်းအဘော်ချင်း ရန်တွေ့စေခြင်းငှါ ပြုတတ် သော သူတပါးတည်း။
သို့ပြုလျှင်သူတို့သည် အမျိုးပျက်သောမိန်းမ၊ နှုတ်နှင့် ချော့မော့တတ်သော ပြည်တန်ဆာမိန်းမလက်မှ သင့်ကို ကယ်တင်ကြလိမ့်မည်။
ဘုရားသခင်၏တန်ခိုးတော်နှင့်ဘုန်းအသရေ တော်ကိုအဝေးမှပင်မြင်နိုင်ပါသည်တကား။ မီးလျှံနှင့်မီးခိုးတို့သည်ကိုယ်တော်၏အမျက် တော်ကိုဖော်ပြကြ၏။ ကိုယ်တော်မိန့်မြွက်တော် မူသောအခါနှုတ်တော်ထွက်စကားများသည် မီးကဲ့သို့လောင်ကျွမ်းစေတတ်၏။-
သူတစ်ပါးတို့အားသုတ်သင်ဖျက်ဆီးရန်လျှို့ဝှက် ကြံစည်သူအပေါင်းတို့၊ သင်တို့သည်မိမိတို့၏လျှို့ဝှက်ကြံစည်မှုဖြင့်ပင် ဆုံးပါးပျက်စီးရကြလိမ့်မည်။ ထာဝရဘုရားကိုယ်တော်တိုင်ဤအမှုအရာတို့ကို ဖြစ်စေမည်။ သူတို့သည်အတိဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။
ကျွန်တော်မျိုးသည်လူတို့တီးတိုးပြောဆိုနေသံကို ကြားရပါ၏။ သူတို့သည်ကျွန်တော်မျိုးအား``နေရာတိုင်းတွင် ထိတ်လန့်ကြောက်ရွံ့ဖွယ်ကောင်းသူ'' ဟု နာမည်ပေးပြီးလျှင်``သူ့အကြောင်းကို အာဏာပိုင်တို့အားသတင်းပေးကြကုန်အံ့၊'' ဟုဆိုကြပါ၏။ ကျွန်တော်မျိုး၏ရင်းနှီးသောမိတ်ဆွေများပင်လျှင် ကျွန်တော်မျိုးပြိုလဲသည်ကိုစောင့်မျှော်နေကြ ပါ၏။ သူတို့က``သူ့အားငါတို့လှည့်စား၍ ရကောင်းရပေလိမ့်မည်။ အငိုက်ဖမ်း၍လက်စားချေနိုင်လိမ့်မည်'' ဟု ဆိုကြပါ၏။
သင့်အားဖယ်ရှားပစ်တော်မူမည်ဖြစ်ကြောင်း ထာဝရဘုရားကိုယ်တော်တိုင်မိန့်တော်မူ လေပြီ။ သင်သည်ပြည်သူတို့အား ထာဝရ ဘုရားကိုပုန်ကန်ရန်လှုံ့ဆော်ပြောဆိုသည် ဖြစ်၍ဤနှစ်မကုန်မီသေရလိမ့်မည်'' ဟု ဆို၏။
ထိုအမျိုးသမီးတို့က မောဘဘုရားယဇ်ပူဇော် ပွဲများသို့သူတို့ကိုခေါ်သွားကြ၏။ ဣသရေလ အမျိုးသားတို့သည်ပေဂုရဒေသခံဗာလ ဘုရားအား ပူဇော်သောအစားအစာကိုစား ၍ထိုဘုရားကိုဦးချရှိခိုးကြ၏။-
ဤအမျိုးသမီးများသည်ဗာလမ်၏အကြံ ပေးချက်အရပေဂုရအရပ်တွင် ဣသရေလ အမျိုးသားတို့အား ထာဝရဘုရားကိုသစ္စာ ဖောက်စေခဲ့ကြောင်းသတိရကြလော့။ ထို အပြစ်ကြောင့်ထာဝရဘုရား၏လူစု တွင်ကပ်ရောဂါကျရောက်ခဲ့၏။-
ဤသို့ပြောဆိုသည်ကိုဖာရိရှဲတို့ကြားသိကြ သောအခါ ``ဤသူသည်နတ်မိစ္ဆာဘုရင်ဗေလ ဇေဗုလကိုအမှီပြု၍နတ်မိစ္ဆာများကိုနှင်ထုတ် သူဖြစ်၏'' ဟုဆိုကြ၏။
သို့ရာတွင်မိမိ၏ညီအစ်ကိုအားအမျက် ထွက်သောသူသည် တရားသူကြီး၏ရှေ့မှောက် သို့ရောက်ရမည်ဟုသင်တို့အားငါဆို၏။ အချင်း ချင်းဆဲရေးတိုင်းထွာသူသည်တရားရုံးတော် တွင်အပြစ်ပေးခြင်းကိုခံရလိမ့်မည်။ ညီအစ်ကို အချင်းချင်းမထီမဲ့မြင်ပြုသောသူသည်ငရဲ သို့လားရလိမ့်မည်။-
လူ၏အပြင်အပမှဝင်သည့်အရာသည်လူကို မညစ်ညမ်းစေနိုင်။ အတွင်းမှထွက်သည့်အရာ သည်သာလူကိုညစ်ညမ်းစေနိုင်၏။-
သူဌေးက `အဖအာဗြဟံ၊ အကျွန်ုပ်ကိုသနား တော်မူပါ။ အကျွန်ုပ်သည်ဤမီးလျှံထဲတွင် ပြင်းစွာဝေဒနာခံနေရပါ၏။ လာဇရုသည် လက်ဖျားကိုရေမှာနှစ်၍အကျွန်ုပ်၏လျှာ ကိုအေးစေမည့်အကြောင်း သူ့အားအကျွန်ုပ် ထံသို့စေလွှတ်တော်မူပါ' ဟုအော်၍လျှောက်၏။
သင်တို့အထဲမှအချို့သောသူတို့သည်လိမ် လည်ပြောဆိုကာယုံကြည်သူများကို သူတို့ နောက်သို့ဆွဲဆောင်သွားသည့်အချိန်ကာလ ရောက်ရှိလာလိမ့်မည်။-
ပေတရုက ``အာနနိ၊ သင်သည်လယ်ရောင်းရ ငွေအချို့အဝက်ကိုမိမိအဖို့ဖယ်ထားခြင်း အားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကိုလှည့် စားလေပြီ။ အဘယ်ကြောင့်စာတန်အားသင် ၏စိတ်နှလုံးကိုစိုးမိုးခွင့်ပေးပါသနည်း။-
ထို့နောက်သူတို့သည်မုသားသက်သေများကို ခေါ်ဆောင်ခဲ့ကြ၏။ ထိုသက်သေများက``ဤသူ သည်ဗိမာန်တော်နှင့်ပညတ်တရားတော်တို့ ကိုဆန့်ကျင်၍ အမြဲပြောဆိုလျက်နေပါ၏။-
``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
ထိုသူတို့၏နှုတ်ကိုပိတ်ရန်လိုအပ်လာပေ ပြီ။ အဘယ်ကြောင့်ဆိုသော်သူတို့သည်ငွေ ရရှိရေးရည်ရွယ်ချက်ဖြင့် မသွန်သင်သင့် သောအရာများကိုသွန်သင်ခြင်းအားဖြင့် အိမ်ထောင်စုများကိုကမောက်ကမဖြစ်စေ ကြသောကြောင့်တည်း။-
လူသည်အခြားသတ္တဝါများဖြစ်သောသားရဲ တိရစ္ဆာန်၊ ငှက်၊ တွားတတ်သည့်သတ္တဝါ၊ ငါးတို့ ကိုကျိုးနွံယဉ်ပါးအောင်ပြုနိုင်၏။ ပြုလည်း ပြုခဲ့ပေပြီ။-
အဆုံးစွန်သောကာလ၌မိမိတို့၏ကိလေ သာစိတ်အလိုသို့လိုက်၍ အသက်ရှင်သောသူ များပေါ်ပေါက်လိမ့်မည်ဖြစ်ကြောင်းသင်တို့ ဦးစွာနားလည်ရကြမည်။ ထိုသူတို့သည် သင်တို့အားပြက်ရယ်ပြုလျက်၊-
သို့ဖြစ်၍ငါလာသောအခါမှသူပြုသမျှ သောအမှုတို့ကိုထုတ်ဖော်ပြောဆိုမည်။ သူ သည်ငါတို့အားမလိုမုန်းထားစွပ်စွဲပြော ဆို၏။ ဤမျှနှင့်မကျေနပ်သေးဘဲသူကိုယ် တိုင်ပင်လျှင် ညီအစ်ကိုများကိုလက်မခံ၊ လက်ခံလိုသူများအားလည်းတားမြစ် လျက်အသင်းတော်မှနှင်ထုတ်ရန်ကြိုး စား၏။
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
သူသည်ပထမသားရဲ၏ရှေ့၌ပြပိုင်ခွင့် ရှိသည့်နိမိတ်လက္ခဏာများကိုပြ၍ ကမ္ဘာ သူကမ္ဘာသားတို့အားမှောက်မှားလမ်းလွဲစေ လေသည်။ ဋ္ဌားဒဏ်ရာကိုရရှိသော်လည်း မသေဘဲရှင်နေသူထိုသားရဲအား ရိုသေ ဂုဏ်ပြုသည့်အနေဖြင့်သူ၏ရုပ်တုကိုပြု လုပ်ရန်ကမ္ဘာသူကမ္ဘာသားတို့အားစေခိုင်း ၏။-
သင်သည်အဘယ်အခါ၌မျှဆီမီး၏အလင်း ရောင်ကိုမြင်ရလိမ့်မည်မဟုတ်။ မင်္ဂလာဆောင်သတို့ သားနှင့်သတို့သမီး၏အသံကိုလည်းအဘယ် အခါ၌မျှကြားရလိမ့်မည်မဟုတ်။ သင်၏ကုန် သည်ကြီးများကားကမ္ဘာတစ်ဝန်းလုံးတွင်သြဇာ အာဏာကြီးမားသူများဖြစ်ကြ၏။ သင်သည် လူမျိုးတကာတို့ကိုစုန်းအတတ်ဖြင့်ပြုစား ကာမှောက်မှားလမ်းလွဲစေလေပြီ'' ဟုဆိုလေ၏။
သားရဲနှင့်တကွသူ၏ရှေ့တွင်နိမိတ်လက္ခဏာ များကိုပြသောမိစ္ဆာပရောဖက်သည်အဖမ်းခံ ရ၏။ (ထိုမိစ္ဆာပရောဖက်ကားသားရဲ၏အမှတ် တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုရှိခိုးသူများ အားနိမိတ်လက္ခဏာများကိုပြခြင်းအားဖြင့် မှောက်မှားလမ်းလွဲစေသူဖြစ်သတည်း။) ထိုသူ နှစ်ဦးစလုံးပင်လျှင်တောက်လောင်နေသောကန့် မီးအိုင်ထဲသို့အရှင်လတ်လတ်ပစ်ချခြင်းကို ခံရကြ၏။-