Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၂ ရာ​ချုပ် 13:17 - Common Language Bible

17 အ​ဘိ​ယ​နှင့်​သူ​၏​တပ်​မ​တော်​သည်​ဣသ​ရေ​လ အ​မျိုး​သား​တို့​ကို​ချေ​မှုန်း​လိုက်​ကြ​သ​ဖြင့် ဣသ​ရေ​လ​လက်​ရွေး​စင်​တပ်​သား​ငါး​သိန်း ကျ​ဆုံး​လေ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

17 အ ဘိ ယ မင်း နှင့် ဘက် ပါ ရဲ မက် တို့ သည် လုပ် ကြံ သတ် ဖြတ်၍၊ ဣ သ ရေ လ လက် ရွေး သူ ရဲ ငါး သိန်း ကျ ဆုံး သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

17 အ​ဘိ​ယ​နှင့် သူ၏​လူ​တို့​သည် ကြီး​စွာ​သော​လုပ်​ကြံ​ခြင်း​ကို ပြု၍၊ ရွေး​ချယ်​သော ဣ​သ​ရေ​လ​လူ ငါး​သိန်း​လဲ​သေ​သ​ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

17 အဘိယ​မင်းကြီး​နှင့် သူ​၏​လူ​တို့​သည် အစ္စရေး​စစ်သူရဲ​တို့​ကို အပြင်းအထန်​တိုက်ခိုက်​သဖြင့် လက်ရွေးစင်​စစ်သူရဲ​ပေါင်း ငါးသိန်း​မျှ ကျဆုံး​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 13:17
9 ပူးပေါင်းရင်းမြစ်များ  

ငါ​တို့​သည်​သ​ခင်​ဘု​ရား​အား​ဆန့်​ကျင်​ဖက် ပြု​လို​ကြ​သ​လော။ ငါ​တို့​သည်​သ​ခင်​ဘု​ရား ထက်​ပို​၍​တန်​ခိုး​ကြီး​ကြ​သ​လော။


ကိုယ်​တော်​၏​ရှေ့​၌​တောင်​ကြီး​များ​သည် တုန်​လှုပ်​ကြ​လျက်၊ တောင်​ငယ်​များ​သည်​အ​ရည်​ပျော်​ကြ​ကုန်​၏။ ထာ​ဝ​ရ​ဘု​ရား​ကြွ​လာ​တော်​မူ​သော​အ​ခါ မြေ​င​လျင်​လှုပ်​၍၊ ကမ္ဘာ​လော​က​နှင့်​တ​ကွ​ကမ္ဘာ​သူ​ကမ္ဘာ​သား အ​ပေါင်း​တို့​သည်​ကြောက်​လန့်​တုန်​လှုပ်​ကြ​၏။


ထို​ညဥ့်​၌​ထာ​ဝ​ရ​ဘု​ရား​၏​ကောင်း​ကင်​တ​မန် သည် အာ​ရှု​ရိ​တပ်​စ​ခန်း​သို့​ဝင်​၍​တပ်​သား တစ်​သိန်း​ရှစ်​သောင်း​ငါး​ထောင်​ကို​သုတ်​သင်​ပစ် လေ​သည်။ နောက်​တစ်​နေ့​အ​ရုဏ်​တက်​ချိန်​၌ ထို​သူ​အ​ပေါင်း​တို့​သည်​လဲ​၍​သေ​နေ​ကြ​၏။-


ငါ​တို့​၏​ခေါင်း​ဆောင်​ကား​ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​ဖြစ်​၏။ ကိုယ်​တော်​၏​ယဇ်ပု​ရော ဟိတ်​တို့​သည်​လည်း​ငါ​တို့​စစ်​ပွဲ​ဝင်​ရန် တံ​ပိုး ခ​ရာ​မှုတ်​၍​အ​ချက်​ပေး​ဖို့​အ​သင့်​ရှိ​နေ​ကြ သည်။ ဣသ​ရေ​လ​ပြည်​သူ​တို့၊ သင်​တို့​ဘိုး​ဘေး များ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​နှင့် ဆိုင်​ပြိုင်​၍​စစ်​မ​တိုက်​ကြ​နှင့်။ သင်​တို့​မ​နိုင် နိုင်​ကြ'' ဟု​မိန့်​တော်​မူ​၏။


အ​ဘိ​ယ​နှင့်​ယေ​ရော​ဗောင်​တို့​သည်​စစ်​ဖြစ်​ကြ သ​ဖြင့် အ​ဘိ​ယ​သည်​စစ်​သည်​လေး​သိန်း​ရှိ​သော တပ်​မ​တော်​ဖြင့်​တိုက်​ခိုက်​ရာ ယေ​ရော​ဗောင်​က စစ်​သည်​ရှစ်​သိန်း​ရှိ​သော​တပ်​မ​တော်​ဖြင့်​ပြန် လည်​ခု​ခံ​လေ​သည်။


ထို​အ​ခါ​ဣသ​ရေ​လ​အ​မျိုး​သား​တို့​သည်​ယု​ဒ အ​မျိုး​သား​များ​ထံ​မှ​ထွက်​ပြေး​ကြ​လေ​သည်။ ဘု​ရား​သ​ခင်​သည်​ယု​ဒ​အ​မျိုး​သား​တို့​အား ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို​နှိမ်​နင်း​ခွင့် ပေး​တော်​မူ​သ​တည်း။-


ယု​ဒ​အ​မျိုး​သား​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို​အား​ကိုး​ကြ​သည် ဖြစ်​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​ပေါ် တွင်​အောင်​ပွဲ​ခံ​ရ​ကြ​ခြင်း​ဖြစ်​ပေ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ