သုတ္တံကျမ်း။ 15:1 - Common Language Bible1 ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ် ၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော် တတ်၏။ အခန်းကိုကြည့်ပါ။Garrad Bible1 ချို သာ စွာ တုံ့ ပြန် ချက် သည်၊ ဒေါ သ ကို လွှဲ ရှောင် တတ်၏။ ကြမ်း တမ်း သော စ ကား မူ ကား၊ အ မျက် ကို နှိုး ဆော် တတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ဖြည်းညင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသောစကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း1 ညင်သာစွာဖြေကြားသောစကားသည် အမျက်ဒေါသကိုပြေစေတတ်၏။ ကြမ်းတမ်းသောစကားမူကား အမျက်ကိုလှုံ့ဆော်တတ်၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလပြည်သားအပေါင်းတို့က``ဒါဝိဒ် မင်းသည်သင်တို့ပြောသည့်အတိုင်းသင်တို့ အနွယ်ဝင်ပင်ဖြစ်စေကာမူ ငါတို့သည်သင် တို့ထက်ဆယ်ဆပို၍သူ့အားပိုင်ဆိုင်ခွင့်ရှိ ပါ၏။ သင်တို့သည်အဘယ်ကြောင့်ငါတို့ အားအထင်သေးကြပါသနည်း။ အမှန် စင်စစ်မင်းကြီးအားပြန်လည်ဖိတ်ခေါ်ရန် ဦးစွာပထမပြောဆိုကြသူများကား ငါတို့ပင်ဖြစ်ပါ၏'' ဟုဆို၏။ သို့ရာတွင်ဤသို့အရေးဆိုရာတွင်ယုဒ ပြည်သားတို့ကဣသရေလပြည်သားတို့ ထက်ပို၍ပြင်းထန်ကြ၏။