သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
ယာကုပ် 3:3 - Common Language Bible ငါတို့သည်မြင်းကိုဇက်ခွံ့၍ငါတို့အမိန့် ကိုလိုက်နာစေနိုင်၏။ ငါတို့လိုရာသို့သွား စေနိုင်၏။- Garrad Bible ငါ တို့ သည် မြင်း ကို နိုင် ခြင်း ငှာ ဇက် ခွံ့ သော် မြင်း တစ် ကိုယ် လုံး ကို ပင် လှည့် စေ နိုင် ကြ ၏။ Judson Bible မြင်းကိုနိုင်ခြင်းငှာ ပါးစပ်ကိုဇက်ခွံ့တတ်၏။ သို့ပြု၍ မြင်းကိုယ်တစ်ကိုယ်လုံးကို လှည့်စေတတ်၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့ကိုနာခံစေရန် မြင်း၏ပါးစပ်ထဲသို့ ဇက်ခွံ့သောအခါ သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို ငါတို့လှည့်နိုင်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥပမာအားဖြင့် မြင်းကို ဇက်ခွံ့သောအခါ ထိုမြင်းတစ်ကိုယ်လုံးကို ထိန်းချုပ်နိုင်၍ ကျွန်ုပ်တို့အား နာခံစေနိုင်၏။ |
သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ကို ငါကြားသိရပြီ။ သို့ဖြစ်၍ငါသည်သင့်ကို နှာကွင်းတပ်၍ဇက်ခွံ့ပြီးလျှင် လာလမ်းအတိုင်း ပြန်စေမည်'' ဟူ၍တည်း။
သူ၏အဝတ်ကို အဘယ်သူလှန်နိုင်သနည်း။ နှစ်ထပ်ရှိသော ပါးရိုးကို အဘယ်သူချဉ်းကပ်လိမ့်မည် နည်း။
သင်သည်ဇက်နှင့်ဇက်ကြိုးဖြင့်ထိန်းရသော မြင်းသို့မဟုတ်လားကဲ့သို့ဉာဏ်မတုံးနှင့်'' ဟု မိန့်တော်မူ၏။
``ငါပြုသည့်အမှုအတွက်ငါသတိထားမည်။ နှုတ်ဖြင့်မျှမပြစ်မှားမိစေရန်ငါသည်သတိ ပြုမည်။ ဆိုးညစ်သူတို့အနီး၌ရှိစဉ်ငါသည်အဘယ် စကားကိုမျှမပြောဘဲနေမည်'' ဟုငါဆို၏။
သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။''
လူတစ်စုံတစ်ယောက်သည်မိမိကိုယ်ကို ဘုရားတရားကြည်ညိုသူဟူ၍ယူဆ သော်လည်း မိမိ၏လျှာကိုမထိန်းနိုင်လျှင် ကိုယ့်ကိုယ်ကိုလှည့်စားသူဖြစ်၏။ သူ၏ဘုရား တရားကြည်ညိုမှုသည်လည်းအချည်းနှီး ပင်ဖြစ်၏။-
အလွန်ကြီးသောသင်္ဘောများကိုလေပြင်း တိုက်ခတ်နေချိန်၌ပင်လျှင် တက်မငယ်အား ဖြင့်ထိန်းချုပ်ကာတက်မကိုင်အလိုရှိရာ ဘက်သို့လှည့်စေနိုင်၏။-