ယာကုပ် 3:2 - Common Language Bible2 ငါတို့အပေါင်းသည်မကြာခဏမှားတတ် ကြ၏။ အဘယ်အခါ၌မျှအပြောအဆို မမှားသောသူသည်ပြည့်ဝစုံလင်သောသူ ဖြစ်၏။ ထိုသို့သောသူသည် မိမိကိုယ်တစ် ကိုယ်လုံးကိုထိန်းချုပ်နိုင်သူဖြစ်ပေသည်။- အခန်းကိုကြည့်ပါ။Judson Bible2 ငါတို့ရှိသမျှသည် အများသောအားဖြင့် မှားတတ်ကြ၏။ စကားအားဖြင့် မှားခြင်းမရှိသောသူမည်သည်ကား၊ စုံလင်သောသူဖြစ်၏။ မိမိကိုယ်တစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူ ဖြစ်၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 အကြောင်းမူကား ငါတို့ရှိသမျှသည် များစွာမှားယွင်းတတ်ကြ၏။ မည်သူမဆို စကားပြောခြင်းအရာ၌ မှားယွင်းခြင်းမရှိလျှင် ထိုသူသည် မိမိကိုယ်ခန္ဓာတစ်ခုလုံးကိုလည်းချုပ်တည်းနိုင်သည့် စုံလင်သောသူဖြစ်၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း2 ကျွန်ုပ်တို့အားလုံးသည် နည်းအမျိုးမျိုးဖြင့် မှားယွင်းတတ်ကြ၏။ အပြောအဆို၌ အမှားအယွင်းမရှိသောသူသည် ပြီးပြည့်စုံသောသူဖြစ်၏။ ထိုသူသည် မိမိတစ်ကိုယ်လုံးကို ချုပ်တည်းနိုင်သောသူဖြစ်၏။ အခန်းကိုကြည့်ပါ။ |
``အပြစ်မကူးလွန်သူလူတစ်ယောက်မျှမရှိ ပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည် ကိုယ်တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍ သူတို့ အားရန်သူများလက်တွင်အရေးရှုံးနိမ့်စေ လျက် တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင်ခြင်း ကိုခံစေတော်မူပါလိမ့်မည်။-
ဧပဖြကလည်းနှုတ်ဆက်လိုက်၏။ သူသည်လည်း သင်တို့၏အသိုင်းအဝိုင်းကဖြစ်၏။ ခရစ်တော် ယေရှု၏အမှုတော်ဆောင်လည်းဖြစ်၏။ သူသည် သင်တို့အတွက်စိတ်အားထက်သန်စွာအစဉ် ဆုတောင်းပတ္ထနာပြု၏။ သင်တို့သည်ဘုရားသခင် ၏အလိုတော်ကိုတစ်သဝေမတိမ်းလိုက်နာကာ လုံးဝနားလည်သဘောပေါက်သောခရစ်ယာန် များအဖြစ်ဖြင့်ကြံ့ခိုင်စွာရပ်တည်နိုင်ကြစေ ရန်သူသည်ဘုရားသခင်အားလျှောက်ထား လျက်ရှိ၏။-
``အပြစ်မကူးလွန်သူတစ်ယောက်မျှမရှိပါ။ သို့ဖြစ်၍ကိုယ်တော်၏လူမျိုးတော်သည်ကိုယ် တော်ကိုပြစ်မှားကြပါလိမ့်မည်။ ထိုအခါ ကိုယ်တော်သည်အမျက်ထွက်တော်မူ၍သူတို့ အားရန်သူများလက်တွင် အရေးရှုံးနိမ့်စေ လျက်တိုင်းတစ်ပါးသို့ဖမ်းဆီးခေါ်ဆောင် သွားစေတော်မူပါလိမ့်မည်။ ထိုတိုင်းပြည် သည်အလွန်ဝေးကွာစေကာမူ-
သို့ရာတွင်သင်တို့သည်အချိန်အနည်းငယ်မျှ ယင်းသို့ဆင်းရဲဒုက္ခရောက်ကြပြီးနောက်ကျေးဇူး တော်အပေါင်း၏အရှင်၊ သင်တို့အားခရစ်တော် နှင့်တစ်လုံးတစ်ဝတည်းဖြစ်စေလျက် ထာဝရ ဘုန်းအသရေတော်ကိုဝင်စားခွင့်ပေးရန်ဖိတ် ခေါ်တော်မူသောအရှင်၊ ဘုရားသခင်ကိုယ်တော် တိုင်သင်တို့အားအပြစ်ဆိုဖွယ်မရှိအောင်ပြု ပြင်ပေးတော်မူ၍ သင်တို့အားခိုင်ခံ့စေတော်မူ ပြီးလျှင်ခွန်အားနှင့်ပြည့်ဝစေလျက်ကြံ့ခိုင် စွာရပ်တည်စေတော်မူလိမ့်မည်။-
အဘယ်ကြောင့်ဆိုသော်လူ့ဇာတိအလိုသည် ဝိညာဉ်တော်အလိုနှင့်ဆန့်ကျင်လျက်နေ၍ ဝိညာဉ်တော်အလိုသည်လည်း လူ့ဇာတိအလို နှင့်ဆန့်ကျင်လျက်နေသောကြောင့်ဖြစ်၏။ လူ့ ဇာတိသဘောနှင့်ဝိညာဉ်တော်သည်ရန်သူ များဖြစ်ကြ၏။ သို့ဖြစ်၍သင်တို့သည်မိမိ တို့အလိုဆန္ဒရှိသည်အတိုင်းမပြုနိုင်ကြ။-