ဟေရှာယ 37:29 - Common Language Bible29 သင်အမျက်ထွက်ပုံ၊ မာန်မာနကြီးပုံတို့ ကိုငါကြားသိရလေပြီ။ သို့ဖြစ်၍၊ ငါသည် သင့်ကိုနှာရှုတ်တပ်၍ဇက်ခွံ့ပြီးလျှင်လာ လမ်းအတိုင်းပြန်စေမည်။'' အခန်းကိုကြည့်ပါ။Garrad Bible29 ထို သို့ ထ ကြွ ခြင်း နှင့် ငါ ကြား ရ သော စော် ကား ခြင်း များ ကြောင့် သင့် ကို နှာ ကွင်း တပ်၍၊ ဇက် ခွံ့ လျက် လာ လမ်း ဖြင့် ပြန် စေ မည် ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible29 ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း29 သင်သည် ငါ့ကိုအမျက်ထွက်သောကြောင့်၊ သင်စော်ကားပြောဆိုသောစကားကို ငါကြားရသောကြောင့် ငါသည် သင့်ကို နဖားကြိုးတပ်မည်၊ ဇက်ကြိုးတပ်မည်။ သင်လာသောလမ်းဖြင့် သင့်ကိုပြန်စေမည် ဟူ၍မိန့်ဆိုပြီ’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုသတင်းကိုကြားသောအခါဧကရာဇ် မင်းသည်ယုဒဘုရင်ဟေဇကိထံသို့သဝဏ် လွှာတစ်စောင်ရေး၍ပေးပို့လိုက်လေသည်။ ထို သဝဏ်လွှာတွင်``သင်ကိုးစားသည့်ဘုရားသခင်က သင်သည်ငါ၏လက်တွင်းသို့ကျ ရောက်ရလိမ့်မည်မဟုတ်ဟု မိန့်တော်မူသော စကားကြောင့်အထင်အမြင်မမှားပါ လေနှင့်။-
ငါသည်သူ့အားလှည့်စေ၍သူ၏ပါးရိုးကို သံချိတ်များဖြင့်ချိတ်ကာ သူ၏စစ်သူရဲ များနှင့်အတူဆွဲခေါ်သွားမည်။ သူ၏တပ် မတော်သည်မြင်းများ၊ ဝတ်စုံတူမြင်းစီး သူရဲများဖြင့်ပြည့်စုံ၍အလွန်ပင်ကြီး မား၏။ စစ်သူရဲမှန်သမျှသည်လည်းဒိုင်း လွှားကြီးငယ်နှင့်ဋ္ဌားကိုကိုင်ဆောင်ထား ကြ၏။-
အထွတ်ဘုရင်အရှင်ထာဝရဘုရားသည် သန့်ရှင်းမြင့်မြတ်တော်မူသောကြောင့် ဤသို့ လျှင်ကတိသစ္စာပြုလေပြီ။ ထာဝရဘုရား က``သူတို့သည်သင်တို့ကိုငါးမျှားချိတ် ဖြင့်ဒရွတ်တိုက်ဆွဲသွားသောနေ့များရောက် လိမ့်မည်။ သင်တို့ရှိသမျှသည်ငါးမျှား ထိပ်၌ အချိတ်ခံနေရသောငါးကဲ့သို့ဖြစ် ကြလိမ့်မည်။-