သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
ယာကုပ် 3:15 - Common Language Bible ထိုကဲ့သို့သောပညာသည်အထက်မှသက် ရောက်သည့်ပညာမဟုတ်။ လောကီဆန်သော၊ အသွေးအသားနှင့်ဆိုင်သော၊ နတ်မိစ္ဆာတို့နှင့် ပတ်သက်သောပညာသာလျှင်ဖြစ်ပေသည်။- Garrad Bible ထို သို့ သော ဉာဏ် ပ ညာ သည် အ ထက် မှ ဆင်း သက် သည် မ ဟုတ်။ လော က၊ ရုပ် ခ န္ဓာ၊ နတ် ဆိုး များ မှ တည်း။ Judson Bible ထိုသို့သောပညာသည် အထက်မှ သက်ရောက်သောပညာမဟုတ်။ မြေကြီးပညာ၊ ဇာတိပကတိပညာ၊ နတ်ဆိုးပညာဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့သောဉာဏ်ပညာသည် အထက်အရပ်မှလာသည်မဟုတ်ဘဲ လောကနှင့်လည်းကောင်း၊ ဇာတိနှင့်လည်းကောင်း၊ နတ်ဆိုးတို့နှင့်လည်းကောင်း စပ်ဆိုင်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့သော ဉာဏ်ပညာသည် ကောင်းကင်မှ လာသည်မဟုတ်။ လောက၊ လူ့ဗီဇနှင့် နတ်ဆိုးတို့ထံမှ လာ၏။ |
သို့ရာတွင်သူ့မှာယောနဒပ်အမည်တွင်သော မိတ်ဆွေရှိ၏။ ယောနဒပ်သည်ဒါဝိဒ်၏အစ်ကို ရှိမာ၏သားဖြစ်၏။ သူသည်အလွန်ပါးနပ် လိမ္မာသူတည်း။-
အဟိသောဖေလသည်အဗရှလုံ၏ သူပုန်အဖွဲ့သို့ဝင်ရောက်သွားကြောင်း ဒါဝိဒ် ကြားသိသောအခါ``အို ထာဝရဘုရား၊ အဟိသောဖေလပေးသောအကြံအစည် များကိုအချည်းနှီးဖြစ်စေတော်မူပါ'' ဟုဆုတောင်းပတ္ထနာပြု၏။
ထိုစဉ်အခါကလူတို့သည်အဟိသော ဖေလပေးသည့်အကြံကို ဘုရားသခင် ၏ဗျာဒိတ်တော်သဖွယ်မှတ်ယူတတ်ကြ၏။ ဒါဝိဒ်နှင့်အဗရှလုံတို့လည်းမှတ်ယူ ကြသတည်း။
ထာဝရဘုရားက``ငါ၏လူမျိုးတော်သည် မိုက်မဲထုံထိုင်းကြ၏။ သူတို့သည်ငါ့ကိုမသိ ကြ။ သူတို့သည်ကလေးမိုက်များနှင့်တူ၏။ သူတို့တွင်အသိပညာမရှိ။ သူတို့သည်ဒုစရိုက်ပြုရာတွင် ကျွမ်းကျင်ကြသော်လည်းသုစရိုက်ကိုမူ မပြုတတ်ကြ'' ဟုမိန့်တော်မူ၏။
ဤသို့ပါးနပ်လိမ္မာစွာပြုသည့်အတွက်မရိုး ဖြောင့်သည့်မန်နေဂျာကိုသူဌေးသည်ချီးမွမ်း လေ၏။ အဘယ်ကြောင့်ဆိုသော်လောကီသား တို့သည်လောကီကိစ္စဆောင်ရွက်ရာတွင် အလင်း နှင့်ဆိုင်သောသားများထက်ပါးနပ်လိမ္မာ ကြသောကြောင့်တည်း။
သားတော်ကိုလောကသို့စေလွှတ်တော်မူသည် မှာ လောကသားတို့အားအပြစ်စီရင်ရန် မဟုတ်။ လောကသားတို့ကိုကယ်တင်ရန် ဖြစ်၏။
သင်တို့၏အဖသည်မာရ်နတ်ဖြစ်၏။ သို့ဖြစ်၍ သင်တို့အဖ၏အလိုသို့လိုက်၍သင်တို့ပြု ကြ၏။ မာရ်နတ်သည်အစကပင်လျှင်လူ သတ်သမားဖြစ်၏။ သူသည်သမ္မာတရား ကင်းမဲ့သူဖြစ်၍သမ္မာတရားတွင်မကျင် လည်၊ လိမ်လည်ပြောဆိုတတ်သူဖြစ်၏။ သူ သည်ကားမုသား၏အဖဖြစ်၍ မိမိပင်ကို ဇာတိသဘောအရမုသားကိုပြောတတ်၏။-
``မာရ်နတ်၏သား၊ လှည့်စားလိမ်လည်တတ်သူ၊ အမှန်တရား၏ရန်သူ၊ သင်သည်ထာဝရ ဘုရား၏ဖြောင့်မှန်သောတရားလမ်းကို ကောက်လိမ်အောင်ပြုပါသည်တကား။-
သူတို့သည်မိမိတို့ကိုယ်ကိုပညာရှိဟုဆို သော်လည်းအမှန်မှာပညာမဲ့သူများဖြစ် ကြ၏။-
သို့ရာတွင်ဘုရားသခင်သည်ပညာရှိတို့ အရှက်ရစေရန် လောကတွင်မိုက်မဲမှုဟု ယူဆရသည့်အရာများကိုရွေးချယ်တော် မူ၏။-
ဝိညာဉ်တော်ကိုမခံမယူသူသည်ဝိညာဉ် တော်ချပေးသည့်ဆုကျေးဇူးများကိုမခံ စားနိုင်။ ဝိညာဉ်ရေးကိုအခြေခံမှသာလျှင် ထိုအရာများ၏တန်ဖိုးကိုအကဲဖြတ်နိုင် သဖြင့် ဝိညာဉ်တော်မခံမယူသူသည်ဝိညာဉ် ဆုကျေးဇူးများအကြောင်းကိုအကယ်ပင် နားမလည်နိုင်။ သူ၏အတွက်ထိုအရာတို့ သည်အနက်အဋ္ဌိပ္ပါယ်ကင်းမဲ့သောအရာ များသာလျှင်ဖြစ်ပေသည်။-
ဉာဏ်ပညာဟူ၍ဤလောကသားတို့ထင်မှတ် ကြသည့်အရာသည်ဘုရားသခင်၏ရှေ့တော် ၌မိုက်မဲမှုသာလျှင်ဖြစ်၏။ ကျမ်းစာတော်တွင် ``ဘုရားသခင်သည်ပညာရှိများအားမိမိ တို့ကိုယ်တိုင်အသုံးပြုသည့်ပရိယာယ်အား ဖြင့်ပင်လျှင်ထောင်ချောက်တွင်မိစေတော်မူ၏'' ဟုဖော်ပြသည့်အတိုင်းပင်။-
သင်တို့သည်လောကီသားများအဆင့်အတန်း ၌သာနေကြသေး၏။ အချင်းချင်းမနာလို လျက်၊ ရန်ဖြစ်လျက်နေကြသည်မှာလောကီ သားအဆင့်အတန်း၌ပင်သင်တို့ရှိနေကြ သေး၍မဟုတ်ပါလော။ လောကီထုံးစံအတိုင်း ကျင့်ကြံနေကြခြင်းပင်မဟုတ်ပါလော။-
ငါတို့သြတ္တပ္ပစိတ်ထောက်ခံ၍ဂုဏ်ယူဝါ ကြွားစရာတစ်ခုကား ဤလောက၌အသက် ရှင်စဉ်ကာလအထူးသဖြင့် သင်တို့နှင့် ဆက်ဆံရာတွင်လူ၏အသိဉာဏ်ကိုအမှီ မပြုဘဲ ဘုရားသခင်၏ကျေးဇူးတော် တန်ခိုးကိုသာလျှင်အမှီပြု၍ ငါတို့သည် ဘုရားသခင်ပေးသနားတော်မူသော စိတ်ရိုးသဘောရိုးဖြင့် ပွင့်လင်းစွာပြုမူ ကျင့်ကြံခြင်းပင်ဖြစ်၏။-
ဧဝသည်မြွေ၏ကောက်ကျစ်စဉ်းလဲမှုဖြင့် အလှည့်စားခံရသကဲ့သို့သင်တို့သည်လည်း စိတ်ဖောက်ပြန်ကာ ခရစ်တော်အားအကြွင်းမဲ့ ချစ်ခင်စွဲလမ်းမှုကိုစွန့်လွှတ်လိုက်ကြမည် လောဟုငါစိုးရိမ်မိ၏။-
ထိုသူတို့သည်ငရဲတွင်လမ်းဆုံးကြလိမ့်မည်။ သူ တို့၏ဘုရားကား မိမိတို့ဝမ်းပေတည်း။ သူတို့သည် ရှက်ကြောက်သင့်သောအရာတို့တွင် ဂုဏ်ယူဝါကြွား ကြ၏။ လောကအရာတို့ကိုသာစိတ်စွဲလမ်းကြ၏။-
သူယုတ်မာကြီးသည်စာတန်၏တန်ခိုးကိုခံယူ ၍ရောက်ရှိလာသောအခါ အံ့သြဖွယ်ရာထူးဆန်း သောနိမိတ်လက္ခဏာအတုအယောင်အမျိုးမျိုး ကိုပြလိမ့်မည်။-
နောင်ကာလ၌လူအချို့တို့သည်မုသားပြော ဆိုသည့်ဝိညာဉ်များ၏စကားကိုနာခံလျက် နတ်မိစ္ဆာတို့၏သြဝါဒကိုလိုက်နာကာ မိမိ တို့၏ယုံကြည်ခြင်းကိုစွန့်လွှတ်ကြလိမ့်မည် ဟုဝိညာဉ်တော်က အတိအလင်းဖော်ပြ တော်မူ၏။-
ကောင်းမြတ်စုံလင်သောဆုကျေးဇူးမှန်သမျှ သည်ကောင်းကင်မှလည်းကောင်း၊ ကောင်းကင် အလင်းတန်ဆာများကိုဖန်ဆင်းတော်မူ သောဘုရားသခင်၏ထံတော်မှလည်းကောင်း သက်ဆင်း၍လာပေသည်။ ကိုယ်တော်သည် ပြောင်းလဲတော်မမူ။ လှည့်ခြင်းအားဖြင့် အမှောင်ကိုကျစေတော်မမူ။-
သင်တို့အနက်တစ်စုံတစ်ယောက်သည်ဉာဏ် ပညာချို့တဲ့ပါလျှင် ဘုရားသခင်ထံတောင်း လျှောက်စေ။ ဘုရားသခင်သည်သူ့အားဉာဏ် ပညာကိုပေးသနားတော်မူလိမ့်မည်။ အဘယ် ကြောင့်ဆိုသော်ကိုယ်တော်သည်လူခပ်သိမ်းတို့ အားရက်ရောစွာကျေးဇူးပြုတော်မူတတ် သောကြောင့်ဖြစ်၏။-
သို့သော်အထက်မှသက်ရောက်သည့်ပညာ သည်ကားပထမအနေဖြင့်စင်ကြယ်၏။ ထို နောက်ငြိမ်းချမ်းသာယာမှု၊ နူးညံ့သိမ်မွေ့မှု၊ ခင်မင်မှုတို့ကိုပြုစုတတ်၏။ ယင်းသည်ကရု ဏာနှင့်ပြည့်စုံကြွယ်ဝ၍ကောင်းမြတ်သည့် အကျင့်များတည်းဟူသောအသီးအပွင့်တို့ ကိုဖြစ်ပွားစေတတ်၏။ ထို့အပြင်မျက်နှာ မလိုက်တတ်။ ဟန်ဆောင်မှုနှင့်ကင်း၏။-
ထိုသူတို့သည်အသင်းတော်တွင်စိတ်ဝမ်း ကွဲပြားစေသူများ မိမိတို့နဂိုဇာတိစိတ် အလိုသို့လိုက်သူများ၊ ဝိညာဉ်တော်ကို မရသူများဖြစ်ကြ၏။-
ကမ္ဘာသူကမ္ဘာသားတို့အားလှည့်ဖြားသူနတ် မိစ္ဆာဘုရင်ဟူ၍လည်းကောင်း၊ စာတန်ဟူ၍ လည်းကောင်းခေါ်ဝေါ်ခြင်းခံရသူရှေးမြွေ နဂါးကြီးသည် မိမိ၏ဘက်သားကောင်းကင် တမန်များနှင့်အတူကမ္ဘာမြေပေါ်သို့ပစ်ချ ခြင်းကိုခံရလေသည်။
ထိုသူတို့မှလွဲ၍ အခြားသွာတိရမြို့အသင်း တော်ဝင်တို့သည်ဤဆိုးညစ်သည့်အယူဝါဒ ကိုမလိုက်နာကြ။ စာတန်၏နက်နဲသည့်လျှို့ဝှက် ချက်များဟုသူတစ်ပါးတို့ခေါ်ဝေါ်ကြသည့် အရာများကိုလည်းမခံမယူကြ။ သင်တို့ အပေါ်သို့အခြားဝန်ထုပ်ကိုငါမတင်။-
သူတို့၏ဘုရင်ကားတွင်းနက်ကြီး၏ကောင်းကင် တမန်ဖြစ်၏။ သူ၏နာမည်မှာဟေဗြဲဘာသာ စကားအားဖြင့် အဗန္ဒုန်ဟူ၍လည်းကောင်း၊ ဂရိဘာသာအားဖြင့်အပေါလျုန်ဟူ၍လည်း ကောင်းဖြစ်၏။ (အပေါလျုန်၏အနက်မှာ``ဖျက် ဆီးသူ'' ဟူ၍ဖြစ်သတည်း။)